၂၀၂၀ ခုနှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာသည် လူသားများ၏‌မျှော်မှန်းချက်များအား ကမ္ဘာမြေနှင့် သဟဇာတဖြစ်စွာ ဖြည့်ဆည်းပေးနိုင်ရေးကို အဓိကဦးစားပေးဖော်ပြထား

COVID-19 is a wake-up call – more worrying in the face of climate change and biodiversity loss – on how pressures on nature threaten development and fairer societies

2020- June 11

၂၀၂၀ ခုနှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာသည်  လူသားများ၏‌မျှော်မှန်းချက်များအား 
ကမ္ဘာမြေနှင့် သဟဇာတဖြစ်စွာ ဖြည့်ဆည်းပေးနိုင်ရေးကို အဓိကဦးစားပေးဖော်ပြထား

ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးကွဲမျိုးစိတ်များအကြား ဆုံးရှုံးမှုများ ရင်ဆိုင်နေရချိန်တွင် ပိုမိုပြီး စိုးရိမ်ပူပင် စရာကောင်းသည့် COVID-19 ကပ်ရောဂါကြီးပေါ်ပေါက်လာသည့်အခါ  သဘာဝပတ်ဝန်းကျင်အပေါ် ဖိအား များဖြစ်ပေါ်လာစေမှုသည်  ဖွံ့ဖြိုးတိုးတက်ပြီးတရားမျှတမှုကိုအခြေခံသည့် လူမှုအသိုင်းအဝိုင်းများ ဖွံ့ဖြိုး စည်ပင်လာရေးအပေါ် မည်ကဲ့သို့ဖိအားများဖြစ်စေသည်ဆိုသည်ကိုအသိအမှတ်ပြု အာရုံစိုက်မိလာစေပါသည်။


နယူးယောက်၊ ၂၀၂၀ ခုနှစ် ဇွန်လ (၁၁) ရက်ကျွန်ုပ်တို့လူသားများ၏ လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်း ကျင်နှင့် ကမ္ဘာမြေအပေါ် အဆက်မပြတ်ကျရောက်နေသည့် ဖိအားများသည်  လူသားများအပေါ် မကောင်းသော အကျိုးဆက်များထပ်ဆင့်ကျရောက် လာစေနိုင်ကြောင်း COVID-19 နှင့် ယင်း၏ လူသားဖွံ့ဖြိုးမှုအပေါ်မကြုံစဖူး အကျိုးသက်ရောက်မှုများက တပ်လှန့်နှိုးဆော်နေပါသည်။

ခြိမ်းခြောက်မှုများကို ကျွန်ုပ်တို့ ဖြေရှင်းမပြီးမချင်း  ထိုခြိမ်းချောက်မှုများကို အပြန်အလှန်ဆက်စပ်နေကြသည့် လူမှုအဖွဲ့အစည်းများသည် နေရာတိုင်းတွင် ကြုံတွေ့နေရမည်ဆိုသည်ကို ဤကပ်ေရာဂါက မီးမောင်းထိုးဖော်ပြ နေပါသည်။ အဆိုပါ ထိခိုက်ခံစားရမှုများသည် လူမှုအဖွဲ့အစည်းများအတွင်း ပိုမိုနက်ရှိုင်းသည့် အက်ကြောင်းများ ကို ဖြစ်ပေါ်လာစေပြီး၊ ရာသီဥတုပြောင်းလဲမှုနှင့်  ဇီဝမျိုးကွဲမျိုးစုံဆိုင်ရာ ဆုံးရှုံးမှုများကို  ရင်ဆိုင်နေရချိန်တွင် စိုးရိမ်ပူပန်ရမှုများကိုပိုမိုဖြစ်ပေါ်လာစေပါသည်။

ဤ ၂၀၂၀ ခုနှစ် အတွက် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ သည် အဆိုပါ ပြဿနာရပ်များကို အသေးစိတ် လေ့လာမှု ပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့လူသားများ၏ သဘာဝပတ်ဝန်းကျင်နှင့်ဆက်နွှယ်မှုကို မည်ကဲ့သို့ ပြန်လည် ဆန်း သစ်ရမည်ဆိုသည်နှင့် လူသားများ၏လက်ရှိနှင့်အနာဂတ်နေထိုင်မှုဘဝများကို ကမ္ဘာမြေနှင့် သဟဇာတ ဖြစ်စေ အောင် မည်ကဲ့သို့တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရမည် ဆိုသည်ကိုအလေးထား တင်ပြသွား မည်ဖြစ် ပါသည်။

“လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုစဥ်းစားရာတဲ့အခါ  ကမ္ဘာမြေနဲ့မဆိုင်ဖုးလို့ ခွဲထုတ်စဉ်းစားရင် အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ သဘာဝထဲမှာ  ‌ရောယှက်ပါဝင်နေပါတယ်။ ဒါကိုလျစ်လျူရှု ခြင်းဟာ အနာဂတ် မျိုးဆက်တွေကို ကပ်ဘေးဆိုးတွေကျရောက်နိုင်ဖို့ ခြိမ်းချောက်နေမှာဖြစ်သလို လက်ရှိလူသားတွေရဲ့ အသက်များ စွာက်ုလဲ ဆုံးရှုံးစေခဲ့ပြီးဖြစ်ပါတယ်”  ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်လူသားဖွံ့ဖြိုးမှုအစီရင်ခံစာရုံး၏ ညွှန်ကြား ရေးမှူး Pedro Conceição က ပြောကြားလိုက်ပါသည်။

ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲမျိုးစုံဆိုင်ရာဆုံးရှုံးမှုနှင့် မြေအသုံးချမှုပြောင်းလဲလာမှုတို့ကြောင့် ကျွန်ုပ်တို့        လူသားသက်တမ်းနှစ်ပေါင်း  ၂၀၀,၀၀၀ ကာလ နှင့် ကမ္ဘာမြေ၏သက်တမ်း နှစ်ပေါင်း ၄.၆ ဘီလီယံအတွင်း လူသားများသည် ဘူမိဆိုင်ရာအင်အားစု တစ်ခုဖြစ်လာနေပြီး  ယခင်ကတခါဖူးမျှ မကြုံတွေ့ခဲ့ရဖူးသည့် အချိန် ကာလတစ်ခုကို ကြုံတွေ့နေရပါသည်။ ကျွန်ုပ်တို့သည် ဘူမိဗေဒခေတ်အပိုင်းအခြားတစ်ခုဖြစ်သည့် Anthropocene (လူသားလွှမ်းမိုးသောခေတ်) ၌ နေထိုင်နေကြသည်ဟု ဆိုကြပါသည်။ အဆိုပါလူသားလွှမ်းမိုး သောခေတ်၏အကျိုးသက်ရောက်မှုများသည် အနာဂတ်တွင် လူသားအားလုံးအတွက် အန္တရာယ် ကျရောက်စေမှာ ဖြစ်သလို လူ့အသိုင်းအဝိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ အခွင့်အလမ်းများကို လျော့နည်း ပျက်စီးစေပြီး၊ လက်ရှိ မညီမျှမှုများကိုလည်း ပိုမို နက်ရှိုင်းသွားစေရန် ခြိမ်းခြောက်နေပါသည်။

“ကျွန်တော်တို့အနေနဲ့ ကြုံတွေ့နေရတဲ့ အန္တရာယ်များနဲ့ ခြိမ်းခြောက်မှုများကို နားလည်ဖို့နဲ့၊ ၎င်းတို့ကို တုံ့ပြန်  ဖြေရှင်းဆောင်ရွက်ဖို့အတွက် အရင်ကထက်ပိုပြီး ကောင်းမွန်စွာ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။” ဟု Conceição က ပြောကြားပါသည်။ “အခုအချိန်မှာ တိကျပြတ်သားတဲ့ လုပ်ဆောင်မှု လိုအပ်ပါတယ်၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ အစီအစဉ်မှာ ဖော်ပြထားသကဲ့သို့ ကျွန်တော်တို့ကမ္ဘာကြီး အသွင် ကူးပြောင်းမှု လမ်းကြောင်းမှာ ရှိနေတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ကျွန်တော် တို့ ရင်ဆိုင်ဖြေရှင်းကြရင် ဖြစ်နိုင်ချေ ရှိပါတယ်။” ဟု ဆက်လက်ပြောကြားပါသည်။

အများအားဖြင့် ဖွံ့ဖြိုးမှုအစီရင်ခံစာများ အားလုံးနီးပါးသည် သဘာဝအကြောင်းအရာများအပေါ်တွင် သို့မဟုတ် လူသားများအပေါ်တွင် အဓိက ထားသည်။ ၎င်းသည် Anthropocene ခေတ်တွင် မှားယွင်းစွာ ခွဲခြား၍  ဖော်ပြမှု ဖြစ်သည်။ လူမှုဘာသာရပ်များနှင့်အတူ သဘာဝသိပ္ပံနှင့်လူမှုသိပ္ပံဘာသာရပ်များသည် ပိုမို၍  ပေါင်းစပ်လေ့လာမှု အများအပြား ပြုလုပ်လာကြပြီး၊ ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များအတွက်  သတင်း အချက်အလက်များ ပေးနိုင်သည့် အတွေးအမြင်သစ်များ ပေါ်ထွက်လာစေပါသည်။  ၂၀၂၀ ခုနှစ်အစီရင်ခံစာက အဆိုပါတွေ့ရှိချက်များကို ကမ္ဘာမြေစနစ်များဆိုင်ရာနောက်ဆုံး နားလည်သိရှိ လာမှုများနှင့်လည်းကောင်း၊ လူသားနှင့်ကမ္ဘာမြေတို့၏ ကံကြမ္မာကို ယှဉ်တွဲလေ့လာသည့် လူထုဗဟိုပြု လူသားဖွံ့ဖြိုးမှုအမြင်ရှုထောင့်အတွင်းမှ ကျွန်ုပ်တို့၏ မညီမျှသည့် ကမ္ဘာကြီးအား ခွဲခြမ်းစိတ်ဖြာလေ့လာမှုနှင့် လည်းကောင်း ပေါင်းစပ်ထည့်သွင်း ရေးသား သွားမည်ဖြစ်သည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များက ကျွန်ုပ်တို့အားလုံး လိုလားမျှော်မှန်းထားသည့် အနာဂတ် ကမ္ဘာ ကြီးတစ်ခုကို ဖော်ပြထားပြီးဖြစ်သည်။ ယခုအစီရင်ခံစာက အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ ရောက် ရှိရန် လိုအပ်သည့် အဆင့်များနှင့် မည်သို့ဆောင်ရွက်မည်ဆိုသည်တို့ကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါ သည်။ ထို့ပြင် လူမှုစံနှုန်းများနှင့်တန်ဖိုးများ ပြောင်းလဲမှု စွမ်းအား၊ သိပ္ပံနှင့်နည်းပညာတို့၏ အခန်းကဏ္ဍ၊ သဘာဝ အခြေခံသော ဖြေရှင်းနည်းများ မြှင့်တင်ဆောင်ရွက်ခြင်း နှင့် ငွေကြေးနှင့်အရင်းအမြစ်များ ခွဲဝေသုံးစွဲခြင်း အတွက် ဈေးကွက်စွဲဆောင်မှုများ ပြောင်းလဲခြင်း စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစား ဆွေးနွေးတင်ပြ သွားမည်ဖြစ်ပါ သည်။

ဂေဟစနစ်များ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် ယင်းတို့နှင့် လူသားများ အပြန်အလှန် ဆက်သွယ်တုံ့ပြန်မှု တို့ကို သိမြင်နိုင်စေရန် တင်ပြပေးခြင်းအပါအဝင် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်အတွက် လမ်းညွှန်မှု ပေးနိုင်မည့် အချက်အလက်အသစ်များကိုလည်း ဖော်ပြပေးသွားမည်ဖြစ်သည်။

***

၂၀၂၀ ခုနှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ အား ပုံမှန် update ပြုလုပ် တင်ပြချက်များကို သိရှိနိုင်ရန်အတွက် http://hdr.undp.org/en/towards-hdr-2020  သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မီဒီယာ ဆက်သွယ်မှုများအတွက် -  

Anna Ortubia/ anna.ortubia@undp.org   ( +1 6466424071 )

UNDP အကြောင်း

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP သည် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမှုမရှိခြင်း နှင့် ရာသီဥတု ပြောင်းလဲမှု တို့ဆိုင်ရာ မတရားမမျှတမှု များ ကို အဆုံးသတ်စေရန်အတွက် ရှေ့တန်းမှ တိုက်ဖျက်နေသည့် ကုလသမဂ္ဂ အဖွဲ့ အစည်း တစ်ခုဖြစ်သည်။  ကျွန်ုပ်တို့သည် နိုင်ငံပေါင်း ၁၇၀ တွင်ရှိကြသည့် ပညာရှင်များ၊ မိတ်ဖက်များ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းရင်း လူသားများနှင့် ကမ္ဘာမြေအတွက် စုစည်းခိုင်မာပြီး၊ ရေရှည်တည်တံ့သည့်  ဖြေရှင်းမှုများ ရရှိစေရန် နိုင်ငံများအား အကူအညီပေးနေပါသည်။ အသေးစိတ်ပိုမို သိရှိ နိုင်ရန်အတွက် www.undp.org တွင် လည်းကောင်း၊  @UNDP အား follow လုပ်ထားခြင်းဖြင့်လည်းကောင်း ကြည့်ရှုလေ့လာ နိုင်ပါသည်။