၁၉၉၀ ပြည့်နှစ်မှစ၍ အစဉ်တစိုက်တိုးတက်လာခဲ့သော <br/>လူသားဖွံ့ဖြိုးမှုသည် ကိုဗစ်-၁၉ ကြောင့် ယခုနှစ်တွင် <br/>ပထမဆုံးအကြိမ် ကျဆင်း

သာတူညီမျှမှုအတွက် စုပေါင်းဆောင်ရွက်မှုများက မကြုံစဖူးဆိုးရွားပြင်းထန်သည့် အကျပ်အတည်း၏ သက်ရောက်မှုများကို ထိန်းချုပ်ကန့်သတ်ပေးနိုင် - ဒစ်ဂျစ်တယ်နည်းပညာကွာဟချက်ကို လျှော့ချခြင်းဖြင့် လက်ရှိအချိန်တွင် ကျောင်းများပိတ်ထားခြင်းကြောင့် ပညာမသင်ယူနိုင်သော ကလေးများ အရေအတွက်ကို သုံးပုံနှစ်ပုံ လျှော့ချပေးနိုင်မည်

2020- May 20

With school closures, 60 per cent of children are not getting an education, leading to global levels not seen since the 1980s. Photo: UNDP Myanmar

နယူးယောက်၊ ၂၀၂၀ ပြည့်နှစ် မေလ ၂၀ ရက် – ကမ္ဘာ့ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှု အဆင့် အတန်းများအား ပေါင်းစပ်တိုင်းတာသည့် ကမ္ဘာလုံးဆိုင်ရာ လူသားဖွံ့ဖြိုးမှုသည် ထိုသဘောတရား ကို စတင် မိတ်ဆက်အသုံးပြုခဲ့သည့် ၁၉၉၀ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် ကျဆင်း နိုင်သည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ယနေ့သတိပေးလိုက်သည်။

UNDP အုပ်ချုပ်ရေးမှူး Achim Steiner က “လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ၂၀၀၇-၀၉ ကမ္ဘာ့ဘဏ္ဍာ ရေးအကျပ်အတည်းအပါအဝင် အကျပ်အတည်းအများအပြားကို ကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်။ အကျပ်အတည်းတိုင်းဟာ လူသားဖွံ့ဖြိုးမှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့တာဖြစ်ကြပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ခြုံငုံသုံးသပ်ရင်တော့ ဖွံ့ဖြိုးမှုဟာ နှစ်စဉ်တိုးတက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာ ရေး၊ ပညာရေးနဲ့ တစ်ဉီးချင်းဝင်ငွေ အပိုင်းကဏ္ဍသုံးခုစလုံးကို သက်ရောက်မှုရှိတဲ့ ကိုဗစ်-၁၉ ကတော့ ဒီတိုးတက်မှုအခြေအနေကို ပြောင်းလဲသွားစေနိုင်တာဖြစ်ပါတယ်။ ” ဟု ပြောကြားလိုက်ပါသည်။

ကမ္ဘာ့ဒေသတိုင်းရှိ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံအများစုသည် လူသားဖွံ့ဖြိုးမှု၏ အခြေခံကျသော နယ်ပယ်များတွင် ထိခိုက်ကျဆင်းလာမှုများကို ကြုံတွေ့နေကြရပြီဖြစ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ ၃၀၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး ယခုနှစ်၏ ကမ္ဘာ ပေါ်ရှိ လူတစ်ဦးချင်းစီ၏ ပျှမ်းမျှဝင်ငွေသည် လေးရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါသည်။

ကျောင်းများ ပိတ်ထားရခြင်းကြောင့် မူလတန်းကျောင်းနေသည့်အရွယ် ကလေးငယ်များထဲမှ အင်တာနက်လက်လှမ်းမီမှုမရှိသူများကိုပါ ထည့်သွင်းချိန်ညှိထားသည့် ကလေးများ၏ “ကျောင်း ပြင်ပသို့ ရောက်ရှိနေမှုနှုန်း” (effective out-of-school rate) ကို UNDP မှ ခန့်မှန်းထားချက်များအရ ကလေးများ၏ ၆၀ ရာခိုင်နှုန်းသည် ပညာသင်ယူနိုင်ခြင်း မရှိကြောင်း ပြသနေပြီး ယင်းသည် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း တစ်ခါမျှ ရောက်ရှိခဲ့ဖူးခြင်း မရှိသော ကမ္ဘာလုံးဆိုင်ရာအဆင့်ဖြစ်ပါသည်။

ထိုဘေးဒုက္ခများ၏ စုပေါင်းအကျိုးသက်ရောက်မှုများသည် အကြီးမားဆုံးသော လူသားဖွံ့ဖြိုးမှုကျဆင်း ခြင်းကို စံချိန်တင်ဖြစ်ပေါ်စေနိုင်ပါသည်။

ဤနေရာတွင် အခြား ကြီးမားသည့် သက်ရောက်မှုများကိုပင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါ။ ဥပမာပြရလျှင် ကျားမတန်းတူညီမျှရေးတိုးတက်ရရှိမှုအခြေအနေ ဖြစ်ပါသည်။ အမျိုးသမီးများ နှင့် မိန်းကလေးများသည် စီးပွားရေးဆိုင်ရာ သက်ရောက်မှု (ဝင်ငွေနှင့် စုဆောင်းငွေများလျော့နည်းသွား ခြင်းနှင့် အလုပ်အကိုင်အာမခံချက်မရှိမှု တိုးလာခြင်း)၊ မျိုးဆက်ပွားကျန်းမာရေး၊ ဝင်ငွေ မရသည့် မိသားစုဆိုင်ရာပြုစုစောင့်ရှောက်မှုတာဝန်များနှင့် ကျားမအခြေပြုအကြမ်းဖက်မှုတို့ကို ထိခိုက်ခံစားကြ ရပါသည်။

COVID-19: a magnifying glass for inequalities

ကိုဗစ်-၁၉  သို့မဟုတ် တန်းတူညီမျှမရှိမှုများကို ကြီးမားနက်ရှိုင်းလာစေသည့် အကြောင်းတရားတစ်ခု

ကမ္ဘာ့ကပ်ရောဂါ၏ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများကို ချမ်းသာသောနိုင်ငံများလောက် ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူသားဖွံ့ဖြိုးမှုကျဆင်းခြင်းသည်  များစွာ ပိုမိုကြီးမားလိမ့်မည်ဟု ခန့်မှန်းရပါသည်။  

ပညာရေးကဏ္ဍတွင် စာသင်ကျောင်းများပိတ်ထားရပြီး (အင်တာနက်) အွန်လိုင်းမှသင်ယူနိုင်မှု အခြေ အနေများကြီးမားစွာ ကွာဟနေမှုကြောင့် ယခုအခါ မူလတန်းပညာရေးတွင် လူသားဖွံ့ဖြိုးမှုနိမ့်ပါးသော နိုင်ငံများရှိ ကလေးများ၏ ၈၆ ရာခိုင်နှုန်းသည် ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး လူသားဖွံ့ဖြိုးမှု အလွန်မြင့်မားသော နိုင်ငံများတွင်မူ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း UNDP ၏ ခန့်မှန်းချက်များအရ သိရှိရ ပါသည်။  

သို့သော် အင်တာနက်ကို ပို၍သာတူညီမျှရှိစွာလက်လှမ်းမီအသုံးပြုနိုင်မည်ဆိုပါက ပညာရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိကွာဟချက်များ ပပျောက်သွားအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများ တွင် ထိုကွာဟချက်ကို ၎င်းတို့၏ ဖွံ့ဖြိုးမှုအုပ်စုအတွင်းရှိ ခေါင်းဆောင်များအတွက် ဖြည့်ဆည်းပေး ထားကြသည်ဖြစ်ရာ ၎င်းသည် ဖြစ်နိုင်ခြေရှိသည့် အရာတစ်ခု ဖြစ်ပါသည်။

ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် သာတူညီမျှရေးကိုဦးတည်သော ဆောင်ရွက်ချက်များသည် စီးပွားရေး ကဏ္ဍများနှင့် လူ့ဘောင်အဖွဲ့အစည်းများကို လှုံ့ဆော်စည်းရုံးပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး၏ လက်တံရှည်ဖြင့် သိမ်းကျုံးရိုက်ခတ်မှုများကို လျော့ပါးသက်သာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

UNDP လူသားဖွံ့ဖြိုးမှုအစီရင်ခံစာရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Pedro Conceição က “မူဝါဒတွေ ချမှတ် ရာမှာ သာတူညီမျှရှိရေးကိုထည့်သွင်းစဉ်းစားခြင်းမပြုဘူးဆိုရင် လူအများအပြားဟာ ဖွံ့ဖြိုးတိုးတက်မှု အနောက်မှာ ဝေးကွာစွာ ကျန်ရစ်ခဲ့လိမ့်မယ်ဆိုတာကို  ဒီအကျပ်အတည်းက ပြသလိုက်တာပဲ ဖြစ်ပါ တယ်။အင်တာနက်ကို လက်လှမ်းမီအသုံးပြုနိုင်ခြင်းကဲ့သို့ ၂၁ ရာစုရဲ့ “မရှိမဖြစ် လိုအပ်ချက် အသစ်များ” အတွက် သာတူညီမျှရှိရေးဟာ အထူးပဲအရေးကြီးပါတယ်။ အင်တာနက်ကို လက်လှမ်းမီအသုံးပြု နိုင်ကြ မှသာ  အဝေးသင်ပညာရေး၊ အွန်လိုင်းကတဆင့် ဆေးကုသပေးခြင်းနဲ့ အိမ်မှာနေရင်း အလုပ်လုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများတွေကို  ခံစားရရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။

သာတူညီမျှရှိရေးကို ဦးတည်လုပ်ဆောင်သောနည်းလမ်းများအား ကျင့်သုံးမှုသည် ငွေကြေးကုန်ကျမှု သက်သာ မည် ဖြစ်ပါသည်။ ဥပမာ ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဝင်ငွေအလယ် အလတ်နိုင်ငံများအတွက် အင်တာနက် လက်လှမ်းမီရရှိမှုကွာဟချက် ပပျောက်အောင်ဆောင်ရွက်ပေးခြင်းသည် တစ်ကမ္ဘာလုံးတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဘဏ္ဍာငွေပံ့ပိုးနေရမှုများ၏ တစ်ရာခိုင်နှုန်းမျှသာ ကုန်ကျမည်ဟု ခန့်မှန်းထားပါသည်။

ကုလသမဂ္ဂ၏ ကိုဗစ်-၁၉ အကျပ်အတည်းအတွက် လူမှုစီးပွားဆိုင်ရာ လက်ငင်းတုံ့ပြန်ဆောင်ရွက်မှု မူဘောင် တွင် သာတူညီမျှရှိရေး၏ အရေးပါမှုကို အလေးထားဖော်ပြထားပါသည်။ ထိုမူဘောင် တွင် “ပုံမှန်အခြေအနေသစ်” တစ်ခုကို တည်ဆောက်ရန် အခြေခံအဖြစ် စတင်ရမည့် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့်၊ ကျားမတန်းတူညီမျှမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ်အခြေအနေများကို ဖော်ထုတ် ပြဋ္ဌာန်းပေး ထားပါသည်။ ထိုမူဘောင်တွင် ဤအကျပ်အတည်း၏ ရှုပ်ထွေးနက်နဲမှုကို ကိုင်တွယ်ဖြေ ရှင်းရန် ဦးစားပေးလုပ် ဆောင်ရမည့် လုပ်ငန်းအဆင့်ငါးဆင့်ကို အကြံပြုထားပါသည်။ ၎င်းတို့မှာ ကျန်းမာရေးစနစ်များနှင့် ဝန်ဆောင် မှု များကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်မှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ အလုပ် အကိုင်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကျပန်းကဏ္ဍတွင်လုပ်ကိုင်သော လုပ်သားများ ကို ကာကွယ်စောင့် ရှောက်ပေးခြင်း၊ အကြီးစားစီးပွားရေးမူဝါဒများအား လူတိုင်းကို အကျိုးပြု နိုင်အောင် ချမှတ် ပေးခြင်း၊ လူမှုသဟဇာတဖြစ်မှုကို တည်ဆောက်နိုင်ရန် ငြိမ်းချမ်းရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ယုံကြည်မှုတို့ကို မြှင့်တင်အားပေးခြင်းတို့ ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အဆိုပါလုပ်ငန်းအဆင့် များကို လုပ်ဆောင်နိုင်စွမ်းရှိရေးတွင် အမြန်ဆုံး ရင်းနှီးမြှုပ်နှံပေးကြရန်  UNDP က နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းနှိုးဆော်ထားပါသည်။

***

“ကိုဗစ်-၁၉ ၏ လူသားဖွံ့ဖြိုးမှုဆိုင်ရာ ရှုထောင့်များ - ပြန်လည်ထူထောင်နိုင်ရေး ရည်မျှော်လျက် သက်ရောက်မှုကို ဆန်းစစ်ခြင်း (Human Development Perspectives COVID-19: Assessing the impact, envisioning the recovery)” အတွက် လင့်ခ် - http://hdr.undp.org/en/hdp-covid

အသေးစိတ်အချက်အလက်များနှင့် မီဒီယာအင်တာဗျူးများအတွက် ဆက်သွယ်ရန် -

Adam Cathro; adam.cathro@undp.org; +1 212 906 5326

Anna Ortubia anna.ortubia@undp.org +1 646 642 4071