Temporary Basic Income to protect the worlds poorest people slow COVID19

2020- July 23

ကမ္ဘာ့အနွမ်းပါးဆုံးသူများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အခြေခံဝင်ငွေ ယာယီရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ဒီရေလှိုင်းကို နှေးကွေးသွားစေနိုင်ဟု UNDP ဆို

နယူးယောက်၊ ၂၀၂၀ ဇူလိုင် ၂၃ ရက် – ကမ္ဘာ့ပေါ်ရှိ အဆင်းရဲအနွမ်းပါးဆုံးသူများအတွက် အခြေခံ ဝင်ငွေ ယာယီရရှိနိုင်ရေး ချက်ချင်းဆောင်ရွက်ပေးခြင်းဖြင့် လူဉီး‌ရေ သုံးဘီလျှံနီးပါးကို နေအိမ်တွင် နေနိုင်စေ မည် ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် လျှင်မြန်စွာ မြင့်တက်နေမှုကို နှေးကွေးသွားစေနိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  

ယာယီအခြေခံဝင်ငွေ - ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများကို ကာကွယ် စောင့်ရှောက်ပေးခြင်း ဟူသည့် အစီရင်ခံစာတွင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၂ နိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုမျဉ်း အောက် သို့မဟုတ် အထက်သို့ရောက်ရှိရုံမျှ အခြေအနေတွင် ရှိသော လူဉီးရေ ၂.၇ ဘီလျှံအတွက် အာမ ခံချက်ရှိသော အခြေခံဝင်ငွေတစ်ရပ်ကို အချိန်ကာလသတ်မှတ်ချက်ဖြင့် ပေးအပ်မည်ဆိုလျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၉၉ ဘီလျှံ ကုန်ကျမည်ဟု ခန့်မှန်းထားပါသည်။

ယခုအခါ ကမ္ဘာ့ကပ်ရောဂါသည် တစ်ပတ်လျှင် ရောဂါကူးစက်ခံရသူအသစ် ၁.၅ သန်းကျော် နှုန်းဖြင့် လျှင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပါသည်။ ထိုနိုင်ငံများ တွင် လုပ်သားဆယ်ဦးလျှင် ခုနှစ်ဦးသည် ကျပန်းဈေးကွက်များမှတစ်ဆင့်အသက်မွေးဝမ်းကျောင်းပြု ကြရ ခြင်း ဖြစ်ရာ ၎င်းတို့သည် အိမ်တွင်သာ နေရမည်ဆိုလျှင် ဝင်ငွေ ရရှိနိုင်မည်မဟုတ်ပါ။ အခြေခံ ဝင်ငွေ ယာယီရရှိ နိုင်ရေး ဆောင်ရွက်ရန် ဘဏ္ဍာရေးဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ဖြစ်နိုင်ခြေရှိပြီး အရေးတကြီး လုပ်ဆောင် ရန်လည်း လိုအပ်နေ ကြောင်း ထိုအစီရင်ခံစာက သုံးသပ်တင်ပြထားပါသည်။

ကမ္ဘာပေါ်တွင်လူမှုဖူလုံရေးအစီအစဉ်များတွင်ပါဝင်နိုင်ခြင်း မရှိသည့်သူအရေအတွက်မှာ အလွန်ပင် များပြားလှပြီး ထိုသူများထဲတွင် အများအပြားသည် ကျပန်းလုပ်သားများ၊ ဝင်ငွေနည်းသူများ၊ အမျိုး သမီးများ၊ လူငယ်များ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများ၊ မသန်စွမ်းသူများ ဖြစ်ကြ ပါသည်။ ၎င်းတို့သည် ဤအကျပ်အတည်းကြောင့် အပြင်းထန်ဆုံး ထိခိုက်ခံစားကြရသူများ ဖြစ်သည်။ UNDP သည် လွန်ခဲ့သော လအနည်းငယ်အတွင်း နိုင်ငံပေါင်း ၆၀ ကျော်တွင် ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွား ထိခိုက်မှုများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး လူမှုရေးကာကွယ်စောင့်ရှောက်မှု မရရှိသော လုပ်သားများသည် ဝင်ငွေတစ်ခုခုမရှိဘဲ အိမ်ထဲတွင်သာ နေနိုင်ကြမည်မဟုတ်ကြောင်း သက်သေအထောက်အထားများ တွေ့ရှိရပါသည်။

အခြေခံဝင်ငွေတစ်ခု ယာယီရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ထိုသူများသည် အစားအစာ ဝယ်ယူ ရန်နှင့် ကျန်းမာရေး၊ ပညာရေး စရိတ်စကများကို ပေးချေနိုင်ရန် နည်းလမ်းတစ်ခု ရရှိစေမည် ဖြစ်သည်။ ထို့ပြင် ယင်းသို့ ဆောင်ရွက်ပေးရန်မှာလည်း ဖြစ်နိုင်သည့် အနေအထားတွင် ရှိပါသည်။ ဥပမာ ယာယီ အခြေခံလစာ ခြောက်လစာအတွက် လိုအပ်သော ငွေကြေးသည် ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင် ရွက်မှုအတွက် ကုန်ကျမည်ဟု ခန့်မှန်းထားသည့် ငွေကြေးကုန်ကျမှု စုစုပေါင်း ၏ ၁၂ ရာခိုင်နှုန်း သို့မဟုတ် ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပေးဆပ်ရန် ရှိသည့် ပြင်ပကြွေးမြီ များ၏ သုံးပုံတစ်ပုံနှင့် ညီမျှသော ပမာဏသာ ရှိပါသည်။

“ယခင်က မကြုံဖူးသည့် အခြေအနေများ ကြုံတွေ့လာရချိန်တွင် ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်း မရှိ သည့် လူမှုရေးနှင့် စီးပွားရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ အဆင်းရဲ အနွမ်းပါးဆုံးသူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ဝင်ငွေတစ်ခု ယာယီရရှိနိုင် ရေး ဆောင်ရွက်ပေးခြင်းသည် နည်းလမ်းတစ်ခုအဖြစ် တွေ့ရှိရပါကြောင်း၊ ဤသည်မှာ လွန်ခဲ့သည့် လ အနည်းငယ်ကဆိုလျှင် ဖြစ်နိုင်စရာမရှိဟု ယူဆနိုင်ပါကြောင်း” UNDP အုပ်ချုပ်ရေးမှူး အာ့ဟင်စတိန်နာက ဆိုပါသည်။

“ငွေကြေးအကျပ်အတည်းမှ ကယ်တင်မှုများနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များသည် ကြီးမား သောဈေးကွက်များနှင့် စီးပွားရေးလုပ်ငန်းကြီးများကိုသာ ဦးတည်ဆောင်ရွက်၍ မရကြောင်း၊ အခြေခံ ဝင်ငွေ ယာယီရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် အစိုးရများသည် လော့ဒေါင်းကာလအတွင်း ပြည်သူ များအတွက် အသက်ရှင်သန်ရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပြီး ဒေသန္တရ စီးပွားရေး ဈေးကွက်များအတွင်း ငွေသားလည်ပတ်မှုရှိစေခြင်းဖြင့် အသေးစားစီးပွားရေး လုပ်ငန်း လေးများ ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးနိုင်မည်ဖြစ်ရာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို နှေး ကွေးသွားစေမည်ဖြစ်ကြောင်း” ၎င်းက ဆိုပါသည်။

သို့သော် ယာယီအခြေခံဝင်ငွေသည် ဤကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျပ် အတည်းကို အလုံးစုံဖြေရှင်းပေးနိုင်သည့် အဖြေတစ်ခုတော့ မဟုတ်ပါ။ နိုင်ငံများအနေဖြင့် ဆောင်ရွက်နိုင် မည့် နည်းလမ်းများမှာ အလုပ်အကိုင်များ မဆုံးရှုံးရလေအောင် ကာကွယ်စောင့် ရှောက်ပေးခြင်း၊ တစ်နိုင် တစ်ပိုင်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုး ကူညီမှုများကို တိုးချဲ့ဆောင်ရွက် ပေးခြင်းနှင့် ပစ်ပယ်ခံထားရသူများကို ဖော်ထုတ်သိရှိရန်နှင့် ကမ်း လင့်ကူညီနိုင်စေရန် ဒစ်ဂျစ်တယ် နည်းလမ်းများ အသုံးပြုခြင်းတို့ပင် ဖြစ်ပါသည်။

နိုင်ငံများအနေဖြင့် အခြေခံဝင်ငွေ ယာယီရရှိစေရေး ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းတစ်ခုမှာ ယခုနှစ် တွင် ၎င်းတို့၏ ကြွေးမြီများကို ပြန်လည်ပေးဆပ်ရန် အသုံးပြုမည့် ရန်ပုံငွေများအား လွှဲပြောင်း သုံးစွဲရန် ဖြစ်ပါသည်။ တရားဝင်ကိန်းဂဏန်းအချက်အလက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေး စတင် ဖွံ့ဖြိုး လာသော နိုင်ငံများသည် ကြွေးမြီများ ပြန်လည်ပေးဆပ်ရန်အတွက် ၃.၁ ထရီလျှံဒေါ်လာ အသုံးပြုရန် ရှိပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်တွန်းထားသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အားလုံး၏ ကြွေးမြီများအားလုံး ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ပေးခြင်းဖြင့် နိုင်ငံများအနေ ဖြင့် ကိုဗစ်-၁၉ အကျပ် အတည်း၏ သက်ရောက်မှုများကို တန်ပြန်ဆောင်ရွက်နိုင်မည့် အရေးပေါ်နည်းလမ်းများအတွက် အဆိုပါ ရန်ပုံငွေများကို ယာယီအသုံးပြုနိုင်ကြမည်ဖြစ်သည်။

နိုင်ငံအချို့သည် အခြေခံဝင်ငွေ ယာယီရရှိရေး ဆောင်ရွက်ပေးရန် လုပ်ဆောင်နေကြပြီဖြစ်သည်။ တိုဂို      အစိုးရသည် ၎င်း၏ ငွေကြေးထောက်ပံ့မှုအစီအစဉ်မှတစ်ဆင့် လူဦးရေ၏ ၁၂ ရာခိုင်နှုန်းကျော် အတွက် ဒေါ်လာ ၁၉.၅ သန်းကို လစဉ်ငွေကြေးကူညီထောက်ပံ့မှုအဖြစ် ပေးအပ်ပြီးဖြစ်ကာ အများစု သည် ကျပန်း စီးပွားရေးကဏ္ဍတွင် အလုပ်လုပ်နေသော အမျိုးသမီးများကို ပေးအပ်ခြင်း ဖြစ်သည်။  စပိန် နိုင်ငံ သည် ထိခိုက်လွယ်သော မိသားစုပေါင်း ၈၅၀,၀၀၀ နှင့် လူပေါင်း ၂.၃ သန်း၏ ဝင်ငွေများကို ၎င်းတို့ ရှင်သန် ရပ်တည်ရေးအတွက် လိုအပ်သည့် အနိမ့်ဆုံးပမာဏသို့ ရောက်ရှိအောင် ဖြည့်စွက်ပံ့ပိုး ပေးရေးအတွက် လစဉ်ဘတ်ဂျက် ယူရို သန်း ၂၅၀ ကို ခွဲဝေချထားပေးရန် မကြာမီက အတည်ပြုလိုက် ပြီ ဖြစ်သည်။  

ကိုဗစ်-၁၉ သည် ကမ္ဘာတွင်၊ နိုင်ငံများတွင် ရှိနေပြီးဖြစ်သည့် တန်းတူညီမျှ မရှိမှုများကို ပိုမို ဆိုးရွား စေပြီး ထိခိုက်လွယ်မှုအရှိဆုံးသူများ အပြင်းထန်ဆုံး ခံစားကြရသည့် ကွာဟမှုအသစ်များကိုလည်း ဖြစ်ပေါ်စေ ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် နောက်ထပ် လူပေါင်း သန်း ၁၀၀ အထိအား အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ရောက်ရှိစေခြင်း၊ ကျောင်းများ ပိတ်ထားရခြင်းကြောင့် ကလေးသူငယ် ပေါင်း ၁.၄ ဘီလျှံအား ထိခိုက်နစ်နာစေခြင်း၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် သက်မွေးမှုလုပ်ငန်းများ ဆုံးရှုံး ခြင်းများ စံချိန်တင် မြင့်တက် ခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသားဖွံ့ဖြိုးမှုသည် ထိုသဘောတရား ကို စတင်မိတ်ဆက် တိုင်းတာခဲ့ ချိန်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းဖွယ်ရှိကြောင်း UNDP မှ ခန့်မှန်းထားပါသည်။

UNDP သည် ကုလသမဂ္ဂစနစ်အတွင်းရှိ ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးတွင် လူမှုစီးပွားဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် လူမှုရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်မှု မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

                                                                ###  ###  ###

UNDP သည် ဆင်းရဲနွမ်းပါးမှု၏ တရားမျှတခြင်းကင်းမဲ့မှု၊ တန်းတူညီမျှမရှိမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ အဆုံး သတ်ရေး ဦးဆောင်တိုက်ဖျက်ပေးနေသည့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံပေါင်း ၁၇၀ မှ ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်များ ပါဝင်ဖွဲ့စည်းထားသည့် ကြီးမားကျယ်ပြန့်လှသော ကွန်ရက်နှင့် လက်တွဲ၍ နိုင်ငံများအား ပြည်သူများနှင့် ကမ္ဘာမြေအတွက် ဘက်စုံပေါင်းစပ် ဆောင်ရွက်သည့် ရေရှည်တည်တံ့ စေမည့် နည်းလမ်းများဖြင့် ဖြေရှင်းနိုင်အောင် ကူညီပေးပါသည်။

www.undp.org တွင် ကျွန်ုပ်တို့၏ အဖွဲ့အစည်းအကြောင်း လေ့လာနိုင်ပါသည်။ သို့မဟုတ် @UNDP ကို follow လုပ်ပါ။