အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့သည် ဒစ်ဂျစ်တယ် စွန့်ဦးတီထွင်မှုကို မြှင့်တင်ပေးရန် ရန်ကုန်မြို့တွင် ဆန်းသစ်တီထွင်မှုဌာနကို စတင်ဖွင့်လှစ်

အူရီဒူး-ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် တို့မှ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ နှင့် လူငယ်များအား လုပ်ဆောင်နိုင်စွမ်းပေးအပ်ရန်အတွက် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ရန် နှင့် “ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ပံ့ပိုးရန် ဆန်းသစ်တီထွင်မှုဌာန” ကို ဖွင့်လှစ်ပေး

2020- February 6


ရန်ကုန်မြို့၊ မြန်မာ။ - အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (မြန်မာ) တို့သည် “ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ပံ့ပိုးရန် ဆန်းသစ်တီထွင်မှုဌာန” ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့တွင် ကျင်းပခဲ့ကြပါသည်။ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများမှတဆင့် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား အကောင်အထည် ဖော်ဆောင်ရေးကို တိုးမြှင့်လုပ်ဆောင်ပေးသွားရန်၊ မဟာဗျူဟာအရ ရန်ကုန်မြို့၏ အချက်အခြာကျသောနေရာတွင် တည်ရှိသည့် အူရီဒူးမြန်မာ၏ ရုံးချုပ်တွင်ဖွင့်လှစ်မည့် ဆန်းသစ်တီထွင်မှုဌာနသည်၊ ရည်ရွယ်ချက်ကြီးမားသော စွန့်ဦးတီထွင်သူ လူငယ်များအား သတ်မှတ်ထားသော လိုအပ်သည့်အထောက်အပံ့များ၊ နည်းပညာဆိုင်ရာ အထောက်အပံ့နှင့် အချင်းချင်းပေါင်းစည်း ချိတ်ဆက်ပေးခြင်းကို ကူညီဆောင်ရွက်ပေးခြင်းဖြင့်၊ ၎င်းတို့အား ဖွံ့ဖြိုးတိုးတက်အေင်လုပ်ဆောင်ပေးမှာဖြစ်ပြီး ၎င်းတို့တီထွင်ထားသော ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကိုလည်း ဈေးကွက်အတွင်းတွင် ထိုးဖောက်နိုင်ရန် ပံ့ပိုးကူညီပေးမည် ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ အစိုးရာဌာနများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ပုဂ္ဂိုလ်များ၊ နည်းပညာဖော်ဆောင်သူမိတ်ဖက်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းအများအပါအဝင် လုပ်ငန်းစတင်လုပ်ကိုင်သော လူငယ်များ နှင့် ကျောင်းသားများအစရှိသည့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် နှင့် အူရီဒူး၏ ကိုယ်စားလှယ်များက စမ်းသစ်တီထွင်မှုဆိုင်ရာ စိတ်ကူးစိတ်သန်း၊ ပူးပေါင်းပါဝင်သော တိုးတက်မှု နှင့် အိုင်စီတီနည်းပညာ၏ အဓိကကျသော အခန်းကဏ္ဍ တို့အား မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများထဲမှ တချို့ကို အဓိကထားပြီး ပြောကြားခဲ့ပါသည်။

ဆန်းသစ်တီထွင်မှုဌာန ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုရရှိရန် အရှိန်အဟုန်ဖြင့်ဆောက်ရွက်နိုင်ရန်အတွက် အစိုးရပိုင်း၊ ပုဂ္ဂလိကကဏ္ဍ၊ အများနှင့်ဆိုင်သော ပတ်ဝန်းကျင် နှင့် နည်းပညာဖော်ဆောင်သူ မိတ်ဖက်များ၏ ကြိုးစားအားထုတ်မှုအတွက် ပံ့ပိုးကူညီရန်အတွက် အူရီဒူး- ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုကြီးမားလာမှုကို ဖော်ပြသည့် အဓိပ္ပါယ်ပြည့်ဝသော အောင်မြင်မှုမှတ်တိုင်တစ်ခုလဲ ဖြစ်လာခဲ့ပါသည်။ အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (မြန်မာ) တို့သည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုအတွက် အိုင်စီတီနည်းပညာကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်ရန်အတွက် နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၁၈ ခုနှစ်မှတစတင်ပြီး Hackathon ပြိုင်ပွဲကို ၂ ကြိမ် ကျင်းပခဲ့ပြီး၊ အောင်မြင်လိုစိတ် ပြင်းပြသော လူငယ်များ နှင့် အမျိုးသမီးများကို အဓိကထားပြီး ထူးထူးခြားခြား နှင့် အကျိုးရှိသည့် လုပ်နိုင်စွမ်းအားရှိသော လုပ်ဆောင်ချက်များကို အောင်မြင်စွာဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ Hackathon ပြိုင်ပွဲသည် မြန်မာနိုင်ငံမှလူငယ်များအတွက် ၎င်းတို့၏ မိုဘိုင်းအက်ပလီကေးရှင်းများ၏ ရှေ့ပြေးပုံစံနှင့် စီးပွားရေးဆိုင်ရာစိတ်ကူးများကို တင်ပြနိုင်ရန် ပလက်ဖောင်းတစ်ခု ဖန်တီးပေးရန်အတွက် ပူးပေါင်းကျင်းပပေးခဲ့သည့်အပြင် လူငယ်စွန့်ဦးတီထွင်သူ များကိုလည်း ငွေကြေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အထောက်ပံ့အဖြစ် ဆုရာရှိသူများအား ဆုချီးမြှင်ပြီး အထောက်အပံ့ပေးအပ်ခဲ့ပါသည်။

ဆန်းသစ်တီထွင်မှုဌာနသည် အူရီဒူး- ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်းကျင်းပခဲ့သည့် Hackathon ပြိုင်ပွဲကြီးတွင် ပါဝင်ခဲ့ကြသော လုပ်ငန်းစတင်လုပ်ကိုင်သော လူငယ်များ နှင့် လုပ်ငန်းစတင်လိုသောလူငယ်များအား အခမဲ့ နှင့် အစဉ်အမြဲအသုံးပြုခွင့်ရအောင် ခွင့်ပြုပေးထားပါသည်။ ဆန်းသစ်တီထွင်မှုဌာနမှ လုပ်ဆောင်ပေးမည့် အစီအစဉ်များထဲတွင် လမ်းညွှန်ပြသပေးမှုများ၊ နိုင်ငံတကာမှ အလေ့အကျင့်ကောင်းများကို အခြေခံထားသော စခန်းသွင်းလေ့ကျင့်မှုများပါဝင်မည် ဖြစ်သည့်အတွက် ဖွံ့ဖြိုးစနှင့်လုပ်ငန်း စတင်ခါစဖြစ်သည့် စွန့်ဦးတီထွင်သူများအတွက် ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးမြှင့်တင်ပေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ပတ်ဝန်းကျင်တွင် အောင်မြင်သောလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်လာစေရန် ကူညီလေ့ကျင့်ပျိုးထောင်ပေးမည် ဖြစ်ပါသည်။ အဆင့်မြင့် အိုင်စီတီနည်းပညာကို လေ့လာခြင်း နှင့် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စံပြပုံစံများကို တည်ဆောက်ပေးခြင်းတို့ကို အထူးလေ့ကျင့်ပေးမည့် သင်တန်းအစီအစဉ်များ နှင့် မိတ်ဆွေဖွဲ့ခြင်းအခမ်းအနားများမှ အစပြုပြီး အခွင့်အလမ်းကောင်းများကို ရရှိနိုင်ခြင်းအပြင်၊ ရာသီဥတုပြောင်းလဲခြင်း၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်အခန်းကဏ္ဍမြှင့်တင်ပေးရေး စသည်တို့ပါဝင်သည့် အခန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအတွက် အဆိုပါဌာန၏အဖွဲ့ဝင်များသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို ကူညီပံ့ပိုးပေးရန် လုပ်ဆောင်ကြမည် ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က “မြန်မာနိုင်ငံက အရည်အသွေးပြည့်ဝတဲ့ စွန့်ဦးတီထွင်ကြတဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံအတွင်းရှိ လူမှုပတ်ဝန်းကျင် နှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမိအရ ကိုင်တွယ်လုပ်ဆောင်နိုင်ရန် သူတို့တွေရဲ့ အရည်အသွေးကို အသုံးချနေကြပြီ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကို ပေးအပ်နိုင်ရန် ပြည်သူလူထုအတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဒီနေ့မှာ စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုးတက်မှုအမြောက်အများနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာမယ့် ရလဒ်ကောင်းတွေကို တွေ့မြင်နေရပါပြီ။ ကျွန်တော်တို့တတွေပူးပေါင်းပြီး ကျင်းပခဲ့ကြတဲ့ Hackathon ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သူတွေဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ဆန်းသစ်တီထွင်တဲ့ ရလဒ်တွေကို ရှာဖွေဖော်ဆောင်ပေးနိုင်ဖို့အတွက် တစ်နှစ်ထက်တစ်နှစ် ပိုပြီး ကြီးမားလာသလို ပိုမိုကောင်းမွန်လာတာကို တွေ့မြင်နေရပါတယ်။ ဆန်းသစ်တီထွင်မှုဌာန ကနေတဆင့် ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ လူမှုပတ်ဝန်းကျင်မှာ စွန့်ဦးတီထွင်လိုသူတွေအပြင် မြန်မာနိုင်ငံက နည်းပညာဖော်ဆောင်သူတွေကို သူတို့တွေရဲ့ ဆန်းသစ်တဲ့စိတ်ကူးတွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ဒစ်ဂျစ်တယ် ဆန်းသစ်မှုတွေကို ရှေ့ဆက်ပြီးအကောင်အထည် ဖော်ဆောင်ရန်ဖို့အတွက် ကူညီဖို့ နေရာတစ်ခုသတ်မှတ်ပြီး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

“ဆန်းသစ်တီထွင်မှုဆိုတာ ရှုထောင့်ပေါင်းစုံကို အောင်မြင်စွာ ပေါင်းစည်းနိုင်တဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။ ဒီပေါင်းစည်းမှုက ကိုယ့်နည်းလမ်း သူ့နည်းလမ်းနဲ့မဟုတ်ဘဲ တည်ရှိနေပြီးသား ဘောင်တွေကို ခတ်မထားနိုင်တဲ့ ထူးခြားကောင်းမွန်တဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့တတွေအားလုံးကို အကျိုးရှိစေပါတယ်။ Innovation Hub က မြန်မာ့လူငယ်တွေကို နည်းပညာဆိုင်ရာ အထောက်အပံ့နဲ့သာမကဘဲ တကယ်ကိုလှုံ့ဆော်ပေးနိုင်မယ့် သင်ယူမှုဝန်းကျင်ကို ကွဲပြားခြားနားတဲ့ ကဏ္ဍပေါင်းစုံကို ပေါင်းစည်းခြင်းဖြင့်လည်းကောင်း၊ အမျိုးသမီးနဲ့ လူငယ်ခေါင်းဆောင်မှုကို တိုက်တွန်းအားပေးခြင်းဖြင့်လည်းကောင်း မြေတောင်မြှောက်ပံ့ပိုး ပေးနိုင်မှာမို့ တကယ်ပဲဝမ်းသာမိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာဟာ မြန်မာနိုင်ငံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်အောင် ဆောင်ရွက်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ယုံကြည်ပါတယ် ။ ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေ စတင်မိတ်ဆက်နိုင်ဖို့ကို တွေ့မြင်ရဖို့ စောင့်မျှော်နေပါတယ်” ဟု Mr. Gordon Johnson, UNDP Resident Representative a.i. က ပြောကြားလိုက်သည်။

Hackathon သည် အူရီဒူးမြန်မာ နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (မြန်မာ) တို့၏ အထူးဆောင်ရွက်ချက်ဖြစ်ပြီး ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများနှင့် စွန့်ဦးတီထွင်မှုများကို မြန်မာလူငယ်များကြားတွင် အရည်အသွေးမြှင့်တင်ပေးရန် လုပ်ဆောင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ မြန်မာလူငယ်များအား ဆန်းသစ်တီထွင်သော စိတ်ကူးများကို အကောင်အထည်ဖော် လုပ်ဆောင်ပြသနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများမှတဆင့် စဉ်ဆက်ပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်ကို အောင်မြင်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် ပလက်ဖောင်းတစ်ခုအား ပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များအတွက် အောက်ပါလိပ်စာသို့ ဆက်သွယ်ရန်

အူရီဒူးပြန်ကြားရေးအဖွဲ့
+ ၉၅ ၉၉၇၃၃၃၃၃၂၂
mhan1@ooredoo.com.mm

ယူအင်ဒီပီ ပြန်ကြားရေးအဖွဲ့
+၉၅ ၉၄၂၁၀၉၁၈၈၂
aye.pa.pa.moe@undp.org

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ၏လူမှုဘဝကို ဒစ်ဂျစ်တယ်လူနေမှုဖြင့် တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများ အတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှ တဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အူရီဒူးဝဘ်ဆိုဒ် - www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar

LinkedIn: www.linkedin.com/company/ooredoomyanmar

ယူအင်ဒီပီအကြောင်း

ယူအင်ဒီပီသည် နိုင်ငံပေါင်း (၁၇၀) ကျော်တွင် ရှိနေပြီး၊ ကမ္ဘာလုံးဆိုင်ရာခြုံငုံအမြင်နှင့် ဒေသအလိုက် ထိုးထွင်းအမြင်တို့ကိုလည်းကောင်း၊ နည်းပညာအကူအညီ၊ မူဝါဒအကြံပြုချက်နှင့် ဖွံ့ဖြိုးရေး အထောက်အပံ့ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း ထောက်ပံ့ပေးနေသည်။ ယူအင်ဒီပီ၏ ရည်ရွယ်ချက်မှာ အလွန်အမင်းဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေး၊ မမျှတမှုများကို လျှော့ချရေးနှင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိစေရေး အတွက် နိုင်ငံများအား ကူညီပေးရန်ဖြစ်သည်။

ယူအင်ဒီပီသည် မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်လွန်နှစ်များမှစ၍ မြန်မာနိုင်ငံ ပြည်သူများအတွက် ဖွံဖြိုးရေးအကူအညီများ ထောက်ပံ့နေခဲ့သည်။ ယနေ့မြန်မာနိုင်ငံရှိ ယူအင်ဒီပီသည် ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးလုပ်ထုံးများ၊ နိုင်ငံတကာစံချိန်စံညွှန်းများကို ယူဆောင်လာပြီး၊ မိတ်ဖက်အဖွဲ့များ၊ UN စနစ်၊ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများနှင့် ပူးတွဲလုပ်​ဆောင်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား အောင်မြင်ရရှိစေရေးနှင့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေးပန်းတိုင်များအား အကောင်အထည်ဖော်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာဦးစားပေးလုပ်ငန်းများအားလုံးတွင် ၂၀၃၀ ပြည့်နှစ် အစီအစဉ်ကို ပေါင်းစပ်ထည့်သွင်း၍ စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ကူညီပေးရန် ကတိကဝတ်ပြုထားပါသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org