• လာမည့်ရှေ့နှစ်နှစ်တွင် မြန်မာ့ဒီရေတောများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ် ကိုင်ခြင်း၊ ပြန်လည်ပျိုးထောင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းများအတွက် အမေရိ ကန်ဒေါ်လာ ၂ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
  • UN-REDD ၏ အစီအစဉ်သစ်သည် မှန်လုံအိမ်ဓာတ်ငွေ ထုတ်လွှတ်မှုများ လျှော့ချနိုင် အောင် ကူညီပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်မည့် အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များ (Nationally Determined Contributions) ပြည့်မီစေရန် အထောက်အပံ့ပြုနိုင်မည်ဖြစ်သည်။
  • ဒီရေတောများသည် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း အတွက် ဦးစားပေးကိစ္စရပ်တစ်ခု ဖြစ်သည်။


၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်၊ ဘန်ကောက်/နေပြည်တော် –  နော်ဝေးနိုင်ငံအစိုးရမှ ပံ့ပိုးသော အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲမည့် စီမံကိန်းသည် ဒီရေတောများ ရေရှည်တည် တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ ပြန်လည်ပျိုးထောင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း များကို   မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်မည့် အမျိုးသား အဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များ (NDCs) တွင် ပါဝင်သည့် မှန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုများ လျှော့ချရေး မြန်မာနိုင်ငံက ကြိုးပမ်းဆောင်ရွက်နေမှုများတွင် အဓိကအစိတ် အပိုင်းတစ်ခုဖြစ်လာစေရန် ကူညီပေးမည်ဖြစ်ကြောင်း UN-REDD အစီအစဉ်မှ ထုတ်ပြန် ကြေညာခဲ့ပါသည်။  

ယနေ့ တတိယအကြိမ်မဲ‌ခေါင်ဒီရေတောဖိုရမ် တွင် ထုတ်ပြန်ကြေညာခဲ့သည့် “မြန်မာနိုင်ငံရှိ REDD+ အကောင်အထည်ဖော်မှုများအတွင်း ဒီရေတောများကို ပေါင်းစပ်ထည့်သွင်းခြင်း” အစီ အစဉ်သည် မြန်မာနိုင်ငံရှိ ဒီရေတောဂေဟစနစ်များ ပျက်စီးခြင်းနှင့် အတန်းအစားကျဆင်း ခြင်းများကို အဓိကထား၍ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံအား ၎င်း၏ NDC တွင် ပါဝင်သော ရာသီဥတုပြောင်းလဲမှု လျော့ပါးရေးရည်မှန်းချက်များ ပြည့်မီစေရန် အထောက် အကူပြု မည်ဖြစ်ပြီး ဒီရေတောများအပေါ် မှီခိုအားထားလျက်ရှိသော လူမှုအသိုင်းအဝိုင်းများ၏ အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းများကို ကူညီပံ့ပိုးပေးမည်ဖြစ်သည်။  

မြန်မာနိုင်ငံရှိ ဒီရေတောများဖုံးလွှမ်းလျက်ရှိသောဧရိယာသည် အာရှတိုက်တွင်တတိယအကြီးဆုံး သော ဒီရေတောဂေဟစနစ်ကြီးပင် ဖြစ်ပါသည်။ ဒီရေတောများသည် လေထုထဲမှ GHG ဓာတ်ငွေ့ အမြောက်အမြားကို စုပ်ယူထားနိုင်စွမ်းရှိသောကြောင့် ၎င်းတို့သည် ရာသီဥတု ပြောင်းလဲမှု လျှော့ချ ရေးအတွက် အလွန်အရေးပါသော သယံဇာတအရင်းအမြစ်များဖြစ်လာပါသည်။ ထို့ပြင် ဒီရေတော များသည် စီးပွားဖြစ်ရောင်းချနိုင်သော ငါးမျိုးစိတ်များအတွက် နေရင်း ဒေသများ ဖန်တီးပေးခြင်းနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်စောင့်ရှောက်ပေးခြင်းကဲ့သို့ အလွန်အရေးပါသော ဂေဟစနစ်ဝန် ဆောင်မှုများကိုလည်း ပံ့ပိုးပေးပါသည်။ သို့သော် မြန်မာ နိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ဒီရေတောများ ပြုန်းတီးမှုနှုန်း အမြင့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ် နေပြီး ဒီရေတောများအား စိုက်ပျိုးရေး၊ မြို့ ရွာများတိုးချဲ့ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များအတွက် ပြောင်းလဲအသုံးပြုလျက် ရှိရာ ၂၀၀၀ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကြားကာလအတွင်း နှစ်စဉ် ခန့်မှန်းခြေ စုစုပေါင်းဒီရေတောဧရိယာ၏ ၂.၂ ရာခိုင်နှုန်း ဆုံးရှုံးလျက် ရှိပါသည်။

“မြန်မာနိုင်ငံရှိ REDD+ အကောင်အထည်ဖော်မှုများအတွင်း ဒီရေတောများကို ပေါင်းစပ်ထည့် သွင်း ခြင်း” အစီအစဉ်သည် မြန်မာနိုင်ငံ REDD+ မဟာဗျူဟာ၏ ပန်းတိုင်များ ပြည့်မီရေးတွင် ဒီရေ တော များ၏ အခန်းကဏ္ဍကို အဓိကအလေးပေးဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံမှ မကြာ မီကာလများ အတွင်းက အသားတင်မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ လျှော့ချရန် ကြိုးပမ်း အားထုတ်ခဲ့မှု များ အပေါ်တွင် အားပြု၍ ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။   

“မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံ REDD+ မဟာဗျူဟာများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး လုပ်ငန်းများတွင် ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြန်လည်ပျိုးထောင်ခြင်းသည် အရေးပါသော လုပ်ငန်းများ ဖြစ်ကြောင်း၊ ဤ UN-REDD စီမံကိန်းအသစ်သည် မြန်မာနိုင်ငံ၏ အဆိုပါကြိုးပမ်းအားထုတ်မှု များ ရေရှည်တည်တံ့စေရေးနှင့် မြန်မာနိုင်ငံ၏ ပဲရစ်သဘောတူညီချက်အရ ပြုထားသော ကတိ ကဝတ်များ (Nationally-Determined Contributions) ပြည့်မီရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း” မြန်မာနိုင်ငံအစိုးရ သစ်တောဦးစီးဌာန၏ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်က ဆိုပါသည်။

နိုင်ငံတွင်းရှိ ဒီရေတောဖုံးလွှမ်းနေသော ဧရိယာ၏ ထက်ဝက်ကျော် တည်ရှိရာ ခရိုင်ခြောက်ခု တွင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤစီမံကိန်းသည် မြန်မာ နိုင်ငံ အစိုးရအား သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုများ တိုးတက်ကောင်းမွန်လာစေရန်၊ အမျိုးသားအဆင့် မှန်လုံအိမ်ဓာတ်ငွေ့စာရင်း ကောက်ယူတိုင်းတာခြင်းအတွက် ဒီရေတောများ ၏ ကာဗွန် သိုလှောင် ပမာဏကို မျက်ခြည်မပြတ် တိုင်းတာသွားနိုင်မည့် ယုံကြည်အားထားနိုင် သော စနစ်အသစ်တစ်ခု တည်ထောင်ရန်၊ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်တွင် ဒေသခံ ပြည်သူများကို ပါဝင် ဆောင်ရွက် စေရန်နှင့် REDD+ ဆောင်ရွက်ချက်များအား ဒေသအခြေအနေ၊ နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီ အောင် လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံအစိုးရအား ပံ့ပိုး ကူညီပေးသွားမည်ဖြစ်သည်။

ဤ ၂ နှစ် စီမံကိန်းကို နော်ဝေးနိုင်ငံ နိုင်ငံတကာ ရာသီဥတုနှင့် သစ်တောအစီအစဉ် (NICFI) ၏ ရန်ပုံ ငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနှင့် UN-REDD အစီအစဉ်တို့မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ UN-REDD အစီအစဉ်သည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီ အစဉ် (UNEP) တို့ပါဝင်သည့် ရာသီဥတုပြောင်းမှုဆိုင်ရာ ကုလသမဂ္ဂပူးပေါင်းအဖွဲ့ ဖြစ်ပါသည်။

“ကုလသမဂ္ဂအဖွဲ့အစည်းသုံးရပ်သည် မြန်မာနိုင်ငံရှိ ဒီရေတောများ ရေရှည်တည်တံ့စေရန် စီမံ အုပ်ချုပ်လုပ်ကိုင်မှု၊ ပြန်လည်ပျိုးထောင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတို့တွင် ခိုင်မာအား ကောင်းသော ရလဒ်များ ရရှိစေခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် အတိုင်းအတာ ကြီးမားစွာ ပါဝင်ကူညီနိုင်ရေးအတွက် မိမိတို့၏ အပြန်အလှန်အားဖြည့်ထောက်ပံ့ပေးနိုင်သော နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များကို အသုံးပြု၍ အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ တစ်ဖွဲ့ ချင်းစီ သီးခြားဆောင်ရွက်ခြင်းမှ ရရှိနိုင်သည့်ရလဒ်များထက် ပိုမိုကြီးမားသော ရလဒ်များ ရရှိ စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” FAO မှ REDD+ ဆိုင်ရာ ဒေသတွင်းအစီအစဉ်အရာရှိ မစ္စတာ ဘန်ဘစ်ကာစ်က ပြောကြားပါသည်။ 

UN-REDD ဆိုသည်မှာ -

UN-REDD အစီအစဉ်ကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး ရလဒ်များပေါ်တွင် အခြေခံသော ရန်ပုံ ငွေများ ရရှိစေရန် ရည်ရွယ်၍ နိုင်ငံအဆင့်မှ ဦးဆောင်သည့် REDD+ လုပ်ငန်းများကို  ကူညီပံ့ပိုး ပေးပါသည်။ ဤအစီအစဉ်သည် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ REDD+ အကောင်အထည်ဖော်မှု များတွင် ဌာနေတိုင်းရင်းသားများနှင့် အခြား သစ်တောကို အမှီပြုသော ဒေသခံပြည်သူများ အပါအဝင် အကျိုးဆက်စပ်သက်ဆိုင်သူများအားလုံး၏ ကောင်းစွာ သိရှိပြီး အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင် ဆောင် ရွက်မှုကို အားပေးမြှင့်တင်ပါသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UNEP) တို့၏ အကျိုး ဆက်စပ်သက်ဆိုင်သူများအား စုစည်းပေးနိုင်မှုနှင့် နည်းပညာကျွမ်းကျင်မှုများ ပေါ်တွင် အားပြု၍ ဆောင်ရွက်သော အစီအစဉ် ဖြစ်ပါသည်။

REDD+ ဆိုသည်မှာ -

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချ ခြင်း (REDD+) ဆိုသည်မှာ ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်း ထိန်းချုပ်ရေးဆိုင်ရာ သဘော တူညီချက် (UNFCCC) အဖွဲ့ဝင်နိုင်ငံများမှ ချမှတ်ခဲ့သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဤလုပ် ငန်းစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအား သစ်တောမြေများမှ ကာဗွန်ထုတ်လွှတ်ခြင်းများကို လျှော့ချ ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော နည်းလမ်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင်အားပေးသည့်အနေဖြင့် ရန်ပုံငွေများ ပေးအပ်ခြင်းဖြင့် သစ်တောများတွင် သိုလှောင်ထားသော ကာဗွန်များအတွက် ငွေကြေးဆိုင်ရာ တန်ဖိုးတစ်ခုကို ဖန်တီးသတ်မှတ်ပေးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၎င်းတို့ ၏ လုပ်ဆောင်မှုများမှ ထွက်ပေါ်လာသည့် ရလဒ်များပေါ်တွင် မူတည်၍သာ ရန်ပုံငွေများကို လက်ခံရရှိမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါရန်ပုံငွေများကို ရလဒ်များပေါ် အခြေခံသော ရန်ပုံ ငွေများဟု ခေါ်ဆိုခြင်း ဖြစ်ပါ သည်။ REDD+ တွင် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်း အစား ကျဆင်းခြင်းမျှသာမက ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံ အုပ်ချုပ် လုပ် ကိုင်ခြင်းနှင့် သစ်တောကာဗွန်ပမာဏ မြှင့်တင်ခြင်းများ အတွက်လည်း ဆောင်ရွက်ပါသည်။

ဒီရေတောများ

ဒီရေတောများသည် များပြားလှစွာသော မျိုးစိတ်များ (ထိုမျိုးစိတ်များထဲမှ အများအပြားသည် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ကို ရင်ဆိုင်နေရပါသည်) အတွက် နေထိုင်ရာနှင့် အစာ ရှာဖွေ စားသောက်ရာ နေရာတို့ကို ပံ့ပိုးပေးနေသည့် အလွန်ဖြစ်ထွန်းပြီး ဇီဝမျိုးစုံမျိုးကွဲများ အလွန် ကြွယ်ဝ သော ဂေဟစနစ်ကြီးအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်ပါသည်။ ဒီရေတောများ သည် ကမ္ဘာ တစ်ဝှမ်းရှိ အပူပိုင်းသစ်တောများအားလုံး၏ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း ၎င်းတို့သည် အလွန် အဖိုးတန်သော ဂေဟစနစ်များဖြစ်ပြီး ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ အသက် မွေးဝမ်း ကျောင်းမှု လုပ်ငန်းများ၊ လူမှုဘဝဖူလုံမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အထောက် အကူပြုနေသည့် အခြေခံကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးမျိုးကို ပံ့ပိုးပေး လျက် ရှိပါသည်။

စီမံကိန်းနှင့်စပ်လျဉ်း၍ မီဒီယာမှ တွေ့ဆုံမေးမြန်းမှုများနှင့် သတင်းထုတ်ပြန်ခြင်းဆိုင်ရာ ကိစ္စ များအတွက် ဆက်သွယ်ရန် -

UN-REDD အစီအစဉ် ဒေသတွင်း ဆက်သွယ်ရေးနှင့် အသိပညာစီမံခန့်ခွဲမှု
Alexandra.popescu@un.org

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး