ပစ္စည်းဖြည့်တင်းဝယ်ယူမှု
UNDP ဘယ်လိုလုပ်ငန်းဆောင်ရွက်သလဲ
၂၀၁၃-၂၀၁၅ လုပ်ငန်းအစီအစဉ်သစ်အောက်မှ စီမံချက်များအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်အားလုံးနှင့် ရုံးချုပ်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှဝယ်ယူမှုများအား UNDP မြန်မာ ဝယ်ယူရေးဌာနက တာဝန်ယူလုပ်ဆောင်သည်။
ပစ္စည်းဝယ်ယူရေးနည်းလမ်းများ
UNDP ၏ ပစ္စည်းဝယ်ယူရေးသည် ဈေးအပြိုင်ကမ်းလှမ်းခြင်းပေါ် အခြေပြုပါသည်။ စီမံချက် အမျိုးအစား ၊ ခက်ခဲနက်နဲမှု ၊ အရွယ်အစား နှင့် တန်ဖိုးအပြင် ဝယ်ယူရေးအင်္ဂါရပ်များပေါ် မူတည်၍ အသုံးပြုလေ့ရှိသော တင်သွင်းသူခေါ်ယူသည့်နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည် -
ဈေးနှုန်းအကိုးအကား တောင်းခံလွှာ (RFQ)
RFQ ဆိုသည်မှာ ဈေးနှုန်းအကိုးအကား ပေးပို့ရန် ဖိတ်ကြားလွှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၀၀ နှင့် ၁၀၀၀၀၀ အကြား တန်ဖိုးရှိ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအား ဝယ်ယူရာတွင် သုံးလေ့ရှိသည်။
ဈေးနှုန်း ၊ အခြားကုန်သွယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်သဘောတူညီချက်များကို တောင်းခံပြီး သတ်မှတ်ချက်ဘောင်ဝင်သည့် သင့်တင့်လျောက်ပတ်သော အဆိုပြုချက်များ အနက်မှ ဈေးအသက်သာဆုံးကမ်းလှမ်းသူထံ လုပ်ငန်းအပ်နှံသည်။
ဈေးနှုန်းအဆိုပြုချက် ဖိတ်ကြားလွှာ (ITB)
ITB ဆိုသည်မှာ ရှင်းရှင်းလင်းလင်း သို့မဟုတ် တိတိကျကျ ဖော်ပြရန် မဖြစ်နိုင်သည့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်အထက် တန်ဖိုးရှိ ဝန်ဆောင်မှုအား ဝယ်ယူရေး လိုအပ်ချက် အတွက် ဈေးနှုန်းအဆိုပြုချက်ပေးရန် လုပ်ထုံးလုပ်နည်းနှင့်အညီ တောင်းခံသည့် ဖိတ်ကြားလွှာ ဖြစ်သည်။ ပုံမှန်အားဖြင့် လုပ်ငန်းအပ်နှံမှုကို ဈေးနှုန်းတခုတည်းသာကြည့်၍ အဆုံးအဖြတ်ပြု သည်။ လုပ်ငန်း စံသတ်မှတ်ချက်အားလုံးပြည့်မီသူများအနက် ဈေးအနည်းဆုံး အဆိုပြုသူထံ လုပ်ငန်းအပ်နှံသည်။
အဆိုပြုကမ်းလှမ်းချက် တောင်းခံလွှာ (RFP)
RFP ဆိုသည်မှာ ရှင်းရှင်းလင်းလင်း သို့မဟုတ် တိတိကျကျ ဖော်ပြရန် မဖြစ်နိုင်သည့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်အထက် တန်ဖိုးရှိ ဝန်ဆောင်မှုအား ဝယ်ယူရေး လိုအပ်ချက် အတွက် အဆိုပြုကမ်းလှမ်းချက်ပေးရန် လုပ်ထုံးလုပ်နည်းနှင့်အညီ တောင်းခံလွှာ ဖြစ်သည်။ ဈေးနှုန်းမှာ အကဲဖြတ်သုံးသပ်ရေးဆိုင်ရာ စံသတ်မှတ်ချက် အမျိုးမျိုးအနက်မှ တရပ်သာ ဖြစ်သည်။ တင်သွင်းသူခေါ်ယူသည့်စာရွက်စာတမ်းများတွင် ဖော်ပြသတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် များစွာကိုက်ညီပြီး UNDP အတွက် စရိတ် အသက်သာဆုံးဖြစ်သည့် အဆိုပြုချက်ပေးသော အရည်အချင်းပြည့်မီသည့် ဈေးပြိုင်ကမ်းလှမ်းသူထံ လုပ်ငန်းအပ်နှံသည်။
တခါတရံ၌ ကမ်းလှမ်းချက်အပြိုင်ပေးရန်မလိုသည့် ခြွင်းချက်အနေဖြင့် စာချုပ် တိုက်ရိုက် ချုပ်ဆိုခြင်းကိုလည်း အသုံးပြုသည်။ နိုင်ငံတကာ (IAPSO သို့မဟုတ် ဌာနချုပ်) ဖြစ်စေ နိုင်ငံအလိုက် (ဌာနေရုံးအဆင့်တွင်) ဖြစ်စေ နှစ်ရှည်သဘောတူညီချက် (LTA) ရှိနှင့်ပြီးသော အခါမျိုးတွင် ဖြစ်သည်။
အီလက်ထရောနစ် တင်ဒါစနစ်စတင်ခြင်း
ကုန်ပစ္စည်း ၊ ဝန်ဆောင်မှု နှင့် တည်ဆောက်ရေးလုပ်ငန်းများ မှာယူအပ်နှံရေးအတွက် အီလက်ထရောနစ်တင်ဒါစနစ်ကို UNDP မြန်မာက စတင်မိတ်ဆက်လိုက်ရာ ၂၀၁၆ ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ အသက်ဝင်လာပြီးဖြစ်သည်။
ဈေးပြိုင်ကမ်းလှမ်းသူများ လက်စွဲ နှင့် မေးလေ့မေးထရှိသော မေးခွန်းများကို အင်္ဂလိပ်/မြန်မာ ၂ ဘာသာဖြင့် ဤနေရာတွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။
လစဉ် ဒုတိယနှင့် စတုတ္ထမြောက် သောကြာနေ့တိုင်း နေ့လည်(၂) နာရီမှ ညနေ (၅:၃၀) နာရီ အကြားတွင် လက်တွေ့ပို့ချမှုဆက်ရှင်များကို ပြုလုပ်လေ့ရှိပါသည်။
ထိုပို့ချမှုဆက်ရှင်များ တက်ရောက်ရန် စိတ်ပါဝင်စားသည့် ဈေးပြိုင်ကမ်းလှမ်းသူများအနေဖြင့် ၎င်းတို့၏ ပန်ကြားလွှာများကို ပစ္စည်းဝယ်ယူရေးလက်ထောက် ကေခိုင် (အီးမေးလ်- kay.khine@undp.org) ထံသို့လိပ်မူပြီး အလုပ်ဖွင့်ရက် (၁၀) ရက် ကြိုတင်၍ ပေးပို့ရပါမည်။
နေရာအရေအတွက်အကန့်အသတ်ဖြင့်သာ ရှိသဖြင့် အမည်စာရင်းသွင်းခြင်းကို ဦးရာလူစနစ်ဖြင့် ဆောင်ရွက်ပါသည်။
တင်သွင်းသူ မှတ်ပုံတင်စာရင်းသွင်းခြင်း
နိုင်ငံ့လုပ်ငန်းအစီအစဉ်များ၏ လိုအပ်ချက်အလိုက် ဖြည့်ဆည်းရန်အတွက် အရည်အချင်း ပြည့်မီသည့် ပစ္စည်းတင်သွင်းသူများ/ဝန်ဆောင်သူများ၏ အမည်စာရင်းကို UNDP မြန်မာ က ထိန်းသိမ်းထားသည်။ ပစ္စည်းတင်သွင်း/ဝန်ဆောင်မှုပေးရန် ဆန္ဒရှိသူများအနေဖြင့် UNDP မြန်မာထံတွင် မှတ်ပုံတင်စာရင်းသွင်းနိုင်ကြရန်အတွက် စိတ်ပါဝင်စားကြောင်း ဆန္ဒ ထုတ်ဖော်လွှာ (Expressions of Interests) ကို ပြည်တွင်းသတင်းစာများတွင် မကြာခဏ ထည့်သွင်းကြေငြာလေ့ရှိသည်။
UNDP မြန်မာနိုင်ငံ ရုံးချုပ်၏ ပစ္စည်းတင်သွင်းသူ/ဝန်ဆောင်သူဆိုင်ရာ ဒေတာဘေ့စ်တွင် ပစ္စည်းတင်သွင်း/ဝန်ဆောင်မှုပေးရန်ဆန္ဒရှိသူအဖြစ် စာရင်းသွင်းနိုင်ရန်အတွက် တင်သွင်းသူ မှတ်ပုံတင်စာရင်းသွင်းပုံစံ (provide link) နှင့် စိတ်ပါဝင်စားကြောင်းဆန္ဒထုတ်ဖော်လွှာ (Expression of Interest) (provide link) ကို ဖြည့်စွက်ပြီး အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရန်သတင်းအချက်အလက်ပါ တာဝန်ခံပုဂ္ဂိုလ်များထံသို့ ကျေးဇူးပြု၍ ပေးပို့ပါ။
ဆက်သွယ်ရန်သတင်းအချက်အလက်များ
အထွေအထွေအချက်အလက်များသိရှိလိုပါက အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ရန် -
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်
အမှတ် (၆) ၊ နတ်မောက်လမ်း ၊ တာမွေမြို့နယ် ၊ ရန်ကုန် ၁၁၂၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တယ်လီ - +၉၅ ၁ ၅၄ ၂၉၁၀-၉
အီးမေးလ် - registry.mm@undp.org
ဆက်သွယ်ရန် တာဝန်ခံပုဂ္ဂိုလ်
ပစ္စည်းဝယ်ယူရေးအကဲဖြတ်
မောင်ကီးအောင်
အီးမေးလ်- moung.kee.aung@undp.org
ထောက်ပံ့ပစ္စည်းဝယ်ယူရေး အကဲဖြတ်အရာရှိ
မင်းမင်းသိန်း
အီးမေးလ် - min.min.thein@undp.org
ပစ္စည်းဝယ်ယူရေး အသိပေးလွှာများ