မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ခေါင်းဆောင်မှု၊ ထိရောက်မှု၊ လိုက်လျောညီထွေဖြစ်စေမှုနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှု စီမံချက် 

Slide
Slide
Slide
Slide
Slide
Slide
Slide
Slide
Slide
အခြေအနေ- လက်ရှိ လုပ်ဆောင်ဆဲ
ကြာချိန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၂ ဒီဇင်ဘာလအထိ
ဘက်ဂျတ်- ၉,၇၅၉,၅၉၅ အမေရိကန်ဒေါ်လာ
လွှမ်းခြုံရာဒေသ- မြန်မာနိုင်ငံ
အကျိုးခံစားခွင့်ရသူများ- အစိုးရ အမှုထမ်းများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မသန်စွမ်းများနှင့် လူနည်းစုများ( အဓိက အကျိုးခံစားခွင့်ရသူများ)၊ မြန်မာပြည်သူပြည်သားများ( သွယ်ဝိုက်သောနည်းဖြင့် အကျိုးခံစားခွင့်ရသူများ)
အလှုရှင်များ- ဩစတြေးလျ၊ ဆွီဒင်
အလေးထားဆောင်ရွက်ရာ- အစိုးရအုပ်ချုပ်ရေးစနစ် ပြန်လည်ပြုပြင်ပြောင်းလဲရေး
မိတ်ဖက်များ- ပြည်ထောင်စု ရာထူးဝန်အဖွဲ့(UCSB)၊ ဗဟိုစာရင်းအင်းရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထောင်စုလွှတ်တော်၊ ရွေးချယ်ထားသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များ-

၁၆။ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဖွဲ့စည်းပုံများ ခိုင်မာရေး

မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်- ရည်မှန်းချက် ၁- ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေး နှင့် ကောင်းမွန်သော အုပ်ချုပ်‌ရေး ပေါ်ပေါက်လာရေး၊ မဟာဗျူဟာ ၁.၄

စီမံကိန်းအကြောင်း

အမှုထမ်းပေါင်း တစ်သန်းခန့်ရှိသော မြန်မာအစိုးရဝန်ထမ်းအဖွဲ့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူပြောင်းမှုနှင် နိုင်ငံအတွင်း ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသော ကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိသည် တည်ကြည်မှုရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ တာဝန်ခံမှုရှိခြင်းတို့အပေါ် အခြေပြုထားသည့် စွမ်းဆောင်ရည်မြင့်ပြီး လေးစားလိုက်နာသော အစိုးရဝန်ထမ်းတစ်ရပ်သည် ဒီမိုကရေစီ အုပ်ချုပ်ရေး၏ အခြေခံကျောရိုးဖြစ်သည်”(မြန်မာ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာမြောက် လုပ်ငန်းအစီအစဉ် ၂၀၁၇ မှ ၂၀၂၀။)

LEAP သည် နိုင်ငံတော်အစိုးရ၏ ပြည်သူဗဟိုပြု၊ ကျင့်ဝတ်ညီသော၊ တုံ့ပြန်ဆောင်ရွက်မှု မြန်ဆန်သော အရည်အချင်းအခြေပြု အစိုးရဝန်ထမ်းစနစ်တစ်ခု ပေါ်ပေါက်လာရေး ရည်မှန်းချက်ကို ရရှိနိုင်‌အောင် ထောက်ပံပေးနေသည့် ၅ နှစ်တာ စီမံကိန်းတစ်ခု ဖြစ်သည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (UCSB) သည် LEAP နှင့် ပူးပေါင်း၍

စီမံချက် အကျဉ်းချုပ်

  • အစိုးရဝန်ထမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များကို ပြန်လည်သုံးသပ်ခြင်း နှင့် ခေတ်နှင့်အညီ ပြုပြင်ခြင်း၊

  • အရည်အချင်း ပဓာနစနစ်၊ ကျင့်ဝတ်များ၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်းနှင့် အားလုံးအကျုံးဝင်မှုတို့ကို အဆင့်မြှင်တင်ပေးနိုင်မည့် ရလဒ်အခြေပြု စီမံခန့်ခွဲမှု အလေ့အထများကို မိတ်ဆက်ခြင်း

  •  အဆင့်မြှင့်ထားသော ဦးဆောင်မှုနှင့် စိတ်ပါဝင်စားမှုတို့မှတဆင့် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို အဆင့်မြှင့်တင်ပေးရန်၊

  • အမျိုးသားအဆင့်၊ တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာအဆင့် ပြည်သူ့ ဝန်ဆောင်မှုများ ဖြန့်ဝေပေးမှုနှင့် တာဝန်သိမှု အားပေးမြှင့်တင်ပေးရေး တို့ကိုလုပ်ဆောင်သွားမည်။

ရည်မှန်းချက်များ

LEAP သည် မြန်မာနိုင်ငံ၏ အစိုးရဝန်ထမ်းအတွင်း အခြေခံကျသော ပြောင်းလဲမှုကို အထောက်အကူပေးလျက်ရှိသည်။ မူဝါဒစာတမ်းငါးရပ်ကို အောက်ပါ လက်တွေ့အသုံးကျသော နယ်ပယ်များ- ဝန်ထမ်းခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်း၊ နေရာချခန့်ထားခြင်းနှင့် လွဲပြောင်းပေးခြင်း၊ ကျွမ်းကျင်မှုအခြေပြု အညွှန်းဘောင်တစ်ခုနှင့် နည်းစနစ်စုစည်းမှု(toolkit) နှင့်အတူ ခေတ်သစ်လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စနစ် (HRMS) တစ်ခုကို ပြဋ္ဌန်းထားသည်။ ထိုမူဝါဒစာတမ်းငါးရပ်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (UCSB) အတွင်းတွင် ရှေ့ပြေးစမ်းသပ်အ သုံးပြုလျက်ရှိသည်။ အဂတိကာကွယ်တားဆီးရေးအဖွဲ့သည် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အစိုးရဝန်ထမ်းများ၏ ဖြောင့်မတ် တည်ကြည်မှုများကိုလည်း အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ အုပ်ချုပ်ရေးစနစ်တွင် ကျား/မ တန်းတူညီမျှမှုရှိရေး (GEPA၊ ၂၀၁၉) လေ့လာမှုသည် ဦးဆောင်မှု နယ်ပယ်များတွင် အမျိုးသမီးများ ညီမျှစွာပါဝင်နိုင်‌မှုအား အဟန့်အတားဖြစ်စေသည်များကို အရေအတွက်အရနှင့် အရည်အသွေးအရ စီစစ်မှုများဖြင့် ထောက်ပံပေးနိုင်သည်။ ပထမဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်စစ်တမ်း (PPSoGS၊ ၂၀၁၉) သည် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အမျိုးသားအဆင့် အညွှန်မူဘောင်အတွက် အထောက်အထား အခြေပြု စီမံကိန်းရေးဆွဲရာတွင် အချက်အလက်အသုံးပြုရန်နှင့် အကြံဉာဏ်ရယူနိုင်ရန် အထောက်အကူ ပေးမည်ဖြစ်သည်။

အစိုးရအဖွဲ့မှ ဖော်ထုတ်ခဲ့သည့် လိုအပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်မှ လေ့ကျင့်ရေး အစီအစဉ်များနှင့် နည်းစနစ်များအားလုံးကို အရွယ်ရောက်ပြီးသူများ သင်ယူနိုင်မည့် နည်းလမ်း ချဉ်းကပ်ဟန်များများ၊ အဝေးရောက် သင်ကြားရေးစနစ်များ၊ မဟာဌာနတွင်းမှ ဆရာ/ဆရာမများနှင့် လေ့ကျင်ရေးဆရာများတို့၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သည့် ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်လျက် ရှိသည်။

ပြောင်းလဲမှုစီမံခန့်ခွဲခြင်း၏ အဓိက အထောက်အကူပြုသူများမှာ အကြီးတန်းအစိုးရ ဝန်ထမ်းများဖြစ်သည်။ ဦးဆောင်နိုင်မှု နှင့် စီမံခန့်ခွဲမှုတို့အတွက် ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့် စိတ်ပါဝင်စားမှုများကို အကြီးတန်း အမှုဆောင်အဆင့် ဦးဆောင်နိုင်မှုစနစ် (SELS) တစ်ခုဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ယခုအစီအစဉ်တွင် အထူးလေ့ကျင့်ပေးခြင်း၊ ကြီးကြပ်သင်ကြား ပေးခြင်းနှင့် စောင့်ကြည့်သင်ကြားပေးခြင်း၊ ပိုမိုတင်းကြပ်သော အရည်အချင်းအရ ရွေးချယ်ခြင်းနှင့် အကဲဖြတ်ခြင်းများ ပါဝင်သည်။ ပင်ကိုစိတ်အားထက်သန်မှုဖြင့် အာဆီယံတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကတိဝန်ခံမှုအပေါ် အခြေခံ၍ LEAP သည် စိတ်အားထက်သန်မှု၊ စွမ်းဆောင်မှုနှင့် တည်ကြည်မှုတို့ကို အားပေးမြှင့်တင်ပေးမည့် နည်းလမ်းများ၊ ကမ္ဘာ့အဆင့် အသိပညာဝေမျှခြင်းများကို ပေးစွမ်းမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ လူထုအား ပိုမိုဗဟိုပြု၍ ရလဒ်အား ပိုမိုဦးတည်သည့် အစိုးရဝန်ထမ်းကဏ္ဍတစ်ရပ်ပေါ်ပေါက်လာရေး ရည်မှန်းချက်ကို ရရှိနိုင်စေရန် အကူအညီပေးနိုင်မည်ဖြစ်သည်။

မျှော်မှန်းရလဒ်များ

  • ကျင့်ဝတ်များ၊ အရည်အချင်းပဓာနစနစ်၊ အားလုံး အကျုံးဝင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု မြန်ဆန်ခြင်းတို့ကို မြန်မာ့ အစိုးရဝန်ထမ်းများ စွဲမြဲ‌၊ အသုံးချ‌ခြင်း၊

  • ပိုမိုထိရောက်ပြီး ပညာရှင်ပိုမိုပီသသည့် အစိုးရဝန်းထမ်းများကြောင့် ပြည်သူ့ဝန်ဆောင်မှုများသည် ် လူထုဗဟိုပြုဖြစ်လာပြီး ပိုမိုအဆင့်မြင့်လာခြင်း၊

  • အမျိုးသားအဆင့်၊  တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာအဆင့်များတွင် အစိုးရဝန်ထမ်းများအား ကြီးကြပ်ရေးတာဝန်၊ တာဝန်ခံမှု၊ အဆင့်အတန်းများနှင့် စွမ်းဆောင်ရည်များကို တိုးမြှင့်ပေးနိုင်ခြင်းတို့ဖြစ်သည်။

ကျွန်ုပ်တို့၏ ဇာတ်ကြောင်းများ

မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအား ခေတ်မီစေအောင် ကြံဆောင်ခြင်း - မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပေါင်း ၁ သန်းကို မည်သို့ ပြုပြင်ပြောင်းလဲပေးနေပုံ

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းလျက်ရှိရာ ပြည်သူအားဗဟိုပြု၍ ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော အရေးတယူပြု ဆောင်ရွက်ပေးတတ်ပြီး အရည်အချင်းဦးစားပေး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတရပ် ဖြစ်ထွန်း လာစေရေးအတွက် မြင့်တက်လာသောတောင်းဆိုမှုကို မျက်မြင်တွေ့ကြုံနေရပြီဖြစ်သည်။ မြန်မာပြည်သူများ အတွက် အကျိုးသက်ရောက်မှုရှိရှိ အမှုထမ်းနိုင်ရေး ဖိအားများက ရှိနှင့်ပြီးသော နိုင်ငံ့ဝန်ထမ်း ၁ သန်း အပေါ် တရစ်ထက်တရစ်တိုးလာလျက်ရှိသည်။

ဆောင်းပါးများ

ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု (GEPA) - ဆိုင်ရာ အကြံဉာဏ်ကောင်းများအတွက် ဆုရရှိသူများ
ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု (GEPA) မြန်မာနိုင်ငံအကြောင်း လေ့လာမှုအား မိတ်ဆက်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် UNDP သည် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ကျား၊မတန်းတူညီမျှမှုကို မြှင့်တင်ရန် အကြံဉာဏ်ကောင်းများကို ဖိတ်ခေါ်တောင်းခံခဲ့ပါသည်။ Covid-19 ကြောင့် သွားလာမှုအကန့်အသတ်များကြောင့် စာတမ်းမိတ်ဆက်ခြင်းအခမ်းအနားကို online မှသာ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အားလုံး၏ အကြံဉာဏ်များထဲမှ UNDP က ရွေးထုတ်လိုက်သော အကြံဉာဏ် ၁၀ခု (top 10) ကို လူကြိုက်အများဆုံး အကြံဉာဏ်များအဖြစ် ရွေးချယ်ရန် Zoom Poll တစ်ခုကို ပြုလုပ်ခဲ့ပါသည်။

ထိုသို့ရွေးချယ်ခဲ့ရာတွင် အကောင်းဆုံး အကြံဉာဏ်နှစ်ခု ရရှိခဲ့ရာ နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အလုပ်နှင့် မိသားစုဘ၀ မျှတခြင်းအတွက် မဟာဗျူဟာသည် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ နောက်တစ်ခုမှာ ကျား၊မ သတ်မှတ်ချက် သို့မဟုတ် လိင်စိတ်တိမ်းညွှတ်မှုတို့ မည်သို့ပင်ဖြစ်စေကာမူ အမျိုးသမီးများနှင့် အမျိုးသားများအတွက် နိုင်ငံ့ဝန်ထမ်းကဏ္ဍသည် အားလုံးပါဝင်သော လုပ်ငန်းခွင်တစ်ခုဖြစ်ရေး မဟာဗျူဟာဖြစ်သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB) နှင့် ဦးသန်းထိုက်တို့သည်  Winner ရရှိသူများဖြစ်ပြီး ဒုတိယရရှိသူမှာ ခွန်းကေဗြယ် ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ ဆုရရှိသူများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။

နိုင်ငံ့ဝန်ထမ်းကဏ္ဍအတွင်း ကျား၊မ ရေးရာနှင့် မတူကွဲပြားမှုဆိုင်ရာ မဟာဗျူဟာတွင် ၎င်းအကြံဉာဏ်များ အားလုံးကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအားလုံးကို ချီးကျူးဂုဏ်ပြုအပ်ပါသည်။

ဆက်စပ်နေသည့် ထုတ်ပြန်ကြေညာချက်များ

ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံ
အမျိုးသမီးတွေဘယ်ရောက်နေကြပါသလည်း။ UNDP  ၏    Gender Equality in Public Administration (GEPA) - Myanmar Case Study ခေါ်  ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံအကြောင်း လေ့လာမှုအားထုတ်ပြန်လိုက်ပါသည်။ လေ့လာမှုသည် မြန်မာအမျိုးသမီးများ၏ နိုင်ငံ့ ဝန်ထမ်း ကဏ္ဏတွင် အတိုင်းအတာမည်မျှအထိ ပါဝင်နေကြသည်ကိုဆန်းစစ်လေ့လာထားပါသည်။ စစ်မှန်သည့် အားလုံး ပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်မှုလုပ်ငန်းစဉ် ရရှိရေး တွင် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း များအတွင်းရှိ အမျိုးသမီးများ၏ခေါင်းဆောင်မှုနှင့်ပါဝင်ဆောင်ရွက်မှုတို့သည် အလွန်အရေးကြီးပါသည်။

ယခုလေ့လာမှုသည် အဖွဲ့အစည်းအားလုံး၏ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ပါသည်။ UNDP  သည် မြန်မာ နိုင်ငံ အစိုးရ၊ လုပ်ဖော်ကိုင်ဖက်များအားလုံး၊ မေးခွန်းများကိုဖြေဆိုပေးခဲ့ကြသူများ၊ တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများနှင့် နိုင်င့တကာမိတ်ဖက်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါသည်။

 

ရုပ်သံများ

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မ တန်းတူ ညီမျှမှု (GEPA) လေ့လာမှုသည် လာမည့်စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန် သွားရန် ရှိနေပါသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မ တန်းတူ ညီမျှမှု (GEPA) လေ့လာမှုသည် လာမည့်စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန် သွားရန် ရှိနေပါသည်။ အခမ်းအနားကို UNDP Facebook page တွင် တိုက်ရိုက်ထုတ်လွှင့် သွားမည် ဖြစ်ကြောင်းတင်ကြိုအသိပေးပါသည်။

အမျိုးသားများနှင့်သာ သင့်လျော်သည်ဆိုသော အလုပ်ဆိုတာ ဘာကိုပြောတာလဲ။ 
အမျိုးသမီးတွေရဲ့ နေရာက ဘယ်မှာလဲ။ ဤမေးခွန်းကို ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်းဖြစ်သော UNDP ၏ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မတန်းတူညီမျှမှု (GEPA) လေ့လာမှုက မေးမြန်း ထားပါသည်။ စက်တင်ဘာလတွင် ပြုလုပ်မည့် GEPA မြန်မာနိုင်ငံအကြောင်းလေ့လာမှု မိတ်ဆက်ခြင်း အခမ်းအနားမပြုလုပ်ခင် လေ့လာမှု (Report) ၏ တွေ့ရှိချက်များနှင့် မေးခွန်းများကို မြည်းစမ်းနိုင်အောင် ဗီဒီယိုလေးဖြင့် တင်ပြလိုက်ပါသည်။ ဤဗီဒီယိုတွင် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍမှာ အချို့သော အလုပ် များကို အမျိုးသမီးများကသာ အဘယ့်ကြောင့်လုပ်ကိုင်ရသည်နှင့် အချို့သော အလုပ်များကို အမျိုးသားများ ကသာလျှင် အဘယ့်ကြောင့် လုပ်ကိုင်ရသည်ကို မေးမြန်းထားပါသည်။ 

နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ရသောရာထူးနေရာများနှင့် မြန်မာ အမျိုးသမီးများ
Glass Ceiling ဆိုတာဟာ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေအနေနဲ့ ရာထူးမြင့်တဲ့နေရာတွေကို ရောက်နိုင်ဖို့ ကန့်သတ်ထားတဲ့ မမြင်ရတဲ့ အတားအဆီးတွေကို တင်စားပြောတဲ့ စကားရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍရဲ့ ခေါင်းဆောင်မှုနဲ့ဆုံးဖြတ်ချက်ရတဲ့ ရာထူးနေရာတွေမှာ အမျိုးသမီး တွေဟာ ဘယ်နေရာမှာ ရှိနေပါလဲ။ ဤမေးခွန်းကို ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်းဖြစ်သော UNDP ၏ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မတန်းတူညီမျှမှု (GEPA) လေ့လာမှုမှ မေးမြန်းထား ပါသည်။ စက်တင်ဘာလတွင် ပြုလုပ်မည့် GEPA မြန်မာနိုင်ငံအကြောင်းလေ့လာမှု မိတ်ဆက်ခြင်း အခမ်းအနားမပြုလုပ်ခင် လေ့လာမှု (Report) ၏ တွေ့ရှိချက်များနှင့် မေးခွန်းများကို မြည်းစမ်းနိုင်အောင် ဗီဒီယိုလေးဖြင့် တင်ပြလိုက်ပါသည်။

UNDP ၏ ပြည်သူ့၀န်ဆောင်မှုကဏ္ဍ တွင် အမျိုးသမီးများ နှင့်အမျိုးသားများပါဝင်မှုကို သုံးသပ်လေ့လာချက်
မြန်မာနိုင်ငံဝန်ထမ်းကဏ္ဍတွင် အများအားဖြင့် အမျိုးသမီး၀န်ထမ်းပို၍များသော ၀န်ကြီး ဌာနအချို့ရှိ သလို အမျိုးသားများပို၍များသော ၀န်ကြီး ဌာနအချို့ရှိသည်ကို သိကြပါသလား။
UNDP ၏ ကျား၊ မ ရေးရာတန်းတူညီမျှမှု ပြည်သူ့ရေးရာစီမံ အုပ်ချုပ် ချုပ်မှုဆိုင်ရာ စီမံချက် (GEPA) သည် ပြည်သူ့၀န်ဆောင်မှုကဏ္ဍ တွင် အမျိုးသမီးများ နှင့်အမျိုးသားများပါဝင်မှုကို သုံးသပ်လေ့လာထားပါသည်။ လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် GEPA Myanmar ဖြစ်ရပ်လေ့လာမှုမိတ်ဆက်အခမ်းအနား မပြုလုပ်မှီ လေ့လာမှု (report) ၏ တွေ့ရှိချက်များနှင့်မေးခွန်းများကို မြည်းစမ်းနိုင်အောင် ဗီဒီယိုလေးဖြင့် ဖော်ပြလိုက် ပါသည်။ 

အမျိုးသမီးတွေ ရဲ့နေရာက ဘယ်မှာလဲ။ သင်၏ ထင်မြင်ချက်ကို ကျွန်ုပ်တို့သိပါရစေ ။
အမျိုးသမီးတွေ ရဲ့နေရာက ဘယ်မှာလဲ။ ဤ မေးခွန်း သည် UNDP ၏ ကျား၊ မ ရေးရာတန်းတူညီမျှမှု ပြည်သူ့ ရေးရာစီမံ အုပ်ချုပ်မှုဆိုင်ရာ စီမံချက် (GEPA) မှ မေးလိုသော မေးခွန်းဖြစ် ပါသည်။ စက်တင်ဘာလတွင် ပြုလုပ် မည့် GEPA Myanmar ဖြစ်ရပ်လေ့လာမှု မိတ်ဆက်အခမ်းအနား မပြုလုပ်ခင် လေ့လာမှု (report) ၏ တွေ့ရှိချက် များကို မျှဝေပေး မည်ဖြစ်သည် ။ ထိပ်ပိုင်းခေါင်းဆောင်မှု နေရာတွင် အမျိုးသမီးများ၏ နေရာ/ အခန်းကဏ္ဍအား တိုင်းတာခြင်း ကို ပထမဦးဆုံး တစ်ခုအဖြစ် မျှဝေလိုပါသည် ။ အထူးသဖြင့် ခေါင်းဆောင်မှုအပိုင်းတွင် အမျိုးသမီး များ နှင့်အမျိုးသားများ ပါဝင် မှု ကို သုံးသပ်လေ့လာခြင်း သည် ကွဲပြားခြားနား မှုရှိသော ကျား၊ မ တန်း တူညီမျှမှု နှင့်အားလုံးပါ ၀င်သော ပြည်သူ့ ၀န်ဆောင်မှုကို ဖန်တီးပေးနိုင်ရန်အတွက် ပထမခြေလှမ်းဖြစ်ပါသည် ။ သင်၏ ထင်မြင်ချက်ကို ကျွန်ုပ်တို့သိပါရစေ ။

 

ဆက်စပ်နေသည့် အကြောင်းအရာများ-

နှစ်အလိုက် ဘက်ဂျတ်

ခုနှစ် ပမာဏ
၂၀၁၈ အမေရိကန်ဒေါ်လာ ၁,၂၄၈,၈၅၉
၂၀၁၉ အမေရိကန်ဒေါ်လာ ၂,၅၄၇,၁၁၆
၂၀၂၀ အမေရိကန်ဒေါ်လာ ၁,၉၆၈,၃၅၀
၂၀၂၁ အမေရိကန်ဒေါ်လာ ၁,၇၄၉,၃၈၁
၂၀၂၂ အမေရိကန်ဒေါ်လာ ၁,၈၆၅,၁၀၆

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး