တာဝန်ခံတာဝန်ယူ မှုနှင့် တရားဥပဒေစိုးမိုးမှု ခိုင်မာအားကောင်းစေရေးစီမံချက်

 

ဓာတ်ပုံ- ယူအန်ဒီပီ မြန်မာ

 

အခြေအနေ- လက်ရှိလုပ်ဆောင်ဆဲ
ကြာချိန်- ၂၀၁၈ ဇန်နဝါရီ မှ ၂၀၂၂ ဒီဇင်ဘာထိ
ဘက်ဂျတ်- အမေရိကန်ဒေါ်လာ ၂၇,၀၃၇,၃၀၅
လွှမ်းခြုံရာဒေသ- မြန်မာနိုင်ငံ
အကျိုးခံစားခွင့်ရသူများ- အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ
အလှုရှင်များ- အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုက်တက်ရေးဌာန၊ ဂျပန်နိုင်ငံ၊ ဩစတေးလျနိုင်ငံ
အလေးထားဆောင်ရွက်ရာနယ်ပယ်- အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တာဝန်ခံမှု၊ လွှတ်တော်နှင့် ကိုယ်စားလှယ်များအား လေ့လာစောင့်ကြည်ရေး နှင့် ကိုယ်စားပြုရေး၊ တရားဥပဒေစိုးမိုးရေး
မိတ်ဖက်များ- မြန်မာနိုင်ငံ အစိုးရ၊ နိုင်ငံတကာ နှင့် ပြည်တွင်း NGOများ၊ CSOများ

စီမံကိန်းအကြောင်း

SARL စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရအား နိုင်ငံအတွက် အလွန်အရေးပါသော အကူးအပြောင်းကာလ၌ အစိုးရအဖွဲ့အစည်းများအပေါ် လူထုယုံကြည်မှုကို မြှင့်တင်ရာတွင် အထောက်အပံ့ပေးလျက်ရှိသည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံတာဝန်ယူမှုကို မြှင့်တင်နိုင်ရန် နိုင်ငံ၏ မဏ္ဍိုင်ကြီးသုံးရပ်၌ ရှင်းလင်းပြတ်သားသော ပဏာမခြေလှမ်းအပေါ် အခြေခံ၍ စီမံကိန်းသည် ကောင်းမွန်အုပ်ချုပ်မှုဖော်ဆောင်ရာတွင် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များနှင့် စွမ်းရည်များ အားကောင်းလာစေရန် ကူညီလျက်ရှိသည်။ ဤစီမံကိန်းသည် အခွင့်အရေးခံစားပိုင်ခွင့်ရှိသူ နိုင်ငံသားများအတွက် အခွင့်အရေးခံစားပိုင်ခွင့် မြှင့်တင်ပေးလျက်ရှိပြီး ၎င်းတို့ကို တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ ယန္တရားများနှင့် ချိတ်ဆက်ပေးသွားမည်။

SARL စီမံကိန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား အစိုးရအဖွဲ့အဆင့်ဆင့်၌ အဂတိလိုက်စားမှုကို ကိုင်တွယ်ရေးနှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ မြှင့်တင်ရေး အမျိုးသားအဆင့် ကြိုးပမ်းမှုတွင် ဦးဆောင်ရန် အထောက်အပံ့ပေးလျက်ရှိသည်။

စီမံချက် အကျဉ်းချုပ်

ပြည်ထောင်စုလွှတ်တော်နှင့် တိုင်း/ပြည်နယ် လွှတ်တော်များအား စောင့်ကြည့်ထိန်းညှိရေး ယန္တရားများ အားကောင်းလာစေရန် နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့ မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို ရရှိရန်အတွက် စွမ်းရည်မြှင့်တင်ရန် ကူညီပေးသွားမည်။ SARL သည် တရားမျှတမှုနှင့် လူ့အခွင့်အရေးကဏ္ဍ အားကောင်းလာစေရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့နှင့်အတူ လုပ်ကိုင်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းမှ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတရားမျှတမှု မူများ ကျင့်သုံးခြင်းကို ထောက်ပံ့ရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အသိရှိမှုနှင့် အကာအကွယ်ပေးမှုတို့ မြှင့်တင်ပေးရေးတို့ကို ထောက်ပံ့သွားမည် ဖြစ်သည်။

SARLသည် လူထုအား တာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရားများကို နားလည်ခြင်းနှင့် လက်လှမ်းမီမှုရှိခြင်းတို့နှင့် ချိတ်ဆက်ပေးမည်ဖြစ်ပြီး တရားမျှတခြင်းမရှိသော၊ စိတ်ထင်တိုင်းပြုမူသော၊ မမှန်ကန်သော သို့မဟုတ် ခွဲခြားဆက်ဆံသော လုပ်ရပ်များနှင့် ပြည်သူ့အာဏာကို အလွဲသုံးစားပြုမှုများတို့ကို ကုစားရန် ကြိုးပမ်းပေးသွားမည်။

ရည်မှန်းချက်များ

မြန်မာနိုင်ငံ အစိုးရမှ လူ့အခွင့်အရေးများနှင့် တရားမျှတမှုအပေါ် အခြေပြုသည့် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးတရားမျှတမှု အခွင့်အရေးများ နှင့် အမှုအခင်းဆိုင်ရာ တရားမျှတမှုအခွင့်အရေးများအား လူထုလက်လှမ်းမီမှုရှိစေသည့် အဖွဲ့အစည်းများ၊ စနစ်များနှင့် စွမ်းအားများ အားကောင်းလာစေရန် လုပ်ဆောင်ရာတွင် အထောက်အပံ့ပေးရန်။

မျှော်မှန်းရလဒ်များ

  • အုပ်ချုပ်ရေးစနစ်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းလမ်းများ မြှင့်တင်ခြင်းမှတစ်ဆင့် အစိုးရဝန်ဆောင်မှုများ ရရှိခံစားရာတွင် ပိုမိုတရားမျှတလာမည်၊ ပိုမိုပွင့်လင်းမြင်သာလာမည်၊ ပိုမိုတာဝန်ခံမှုရှိလာမည်။

  • လွှတ်တော်များသည် ပြည်သူလူထု၏ အခွင့်အရေးများနှင့် အကျိုးကျေးဇူးများကို ချဉ်းကပ်ခြင်းနှင့် ကိုယ်စားပြုခြင်းများကို ပိုမိုစွမ်းဆောင်နိုင်မည်။

  • တရားရေးကဏ္ဍကို လျှော်ကန်သော လုပ်ငန်းစဉ်၊ တရားဥပဒေစိုးမိုးခြင်းနှင့် လူ့အခွင့်အရေးများနှင့်အညီ တရားမျှတစွာ စီမံခန့်ခွဲခြင်းဖြင့် ခိုင်မာအောင်အားဖြည့်ထားသည်။
     

ထုတ်ဝေထားသော စာရွက်စာတမ်းများ

ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်အတူပြုစုခဲ့သော ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို မျှဝေရသည့် အတွက် ကျွန်ုပ်တို့အနေဖြင့် ဝမ်းမြောက်မိပါသည်။ နိုင်ငံတွင်းရှိ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများသည် အကောင်းဆုံးအလေ့အကျင့်များနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ ယင်းတို့ကို ရှင်းလင်းစွာရေးသားရန်နှင့် အခြားသောဥပဒေများ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမဖြစ်စေရန် မြန်မာနိုင်ငံရှိဌာန အသီးသီးမှ အရာရှိများက ကြိုးပမ်းအားထုတ်ရာတွင် အဆိုပါလမ်းညွှန်စာအုပ်က အထောက်အကူဖြစ်စေရန် မျှော်မှန်းပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြန်လည်စိစစ်ရမည်ဖြစ်သော ဥပဒေမူကြမ်းနှင့် အခြားအရေး ကြီးသော စာချုပ်စာတမ်းများ ပြုစုရာတွင် တာဝန်ရှိသည့် ဥပဒေအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဝန်ကြီးဌာနများမှ အရာရှိများအား သင်တန်းပို့ချရာတွင် အသုံးပြုသည့် အသိအမှတ်ပြုထားသော လမ်းညွှန်လည်းဖြစ်ပါသည်။ အဆိုပါလမ်းညွှန်စာအုပ်သည် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဝန်ကြီးဌာနအသီးသီးမှ အရာရှိများက ရည်ညွှန်းကိုးကားမည့် အရေးပါသည့် လက်စွဲစာအုပ်တစ်အုပ်ဖြစ်လာမည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်အတူ ကျွန်ုပ်တို့က ယုံကြည်ပါသည်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်စစ်တမ်း - ဒုတိယအကြိမ် လွှတ်တော်မှ ကိုယ်စားလှယ်များ၏ ထင်ဟပ်သုံးသပ်ချက်များ
လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCC)၊ ပြည်ထောင်စုအဆင့်ရှိ လွှတ်တော်သုံးရပ်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် နိုင်ငံတကာပါလီမန်များအစည်းအရုံး (IPU) တို့သည် ‘မြန်မာလွှတ်တော်ကိုယ်စားလှယ်စစ်တမ်း - ဒုတိယအကြိမ် လွှတ်တော်မှ ကိုယ်စားလှယ်များ၏ ထင်ဟပ်သုံးသပ်ချက်များ’ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ဤအစီရင်ခံစာသည် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အစောပိုင်းတွင် သက်တမ်း ကုန်ဆုံးမည့် လက်ရှိ ပြည်ထောင်စု လွှတ်တော်သက်တမ်းအတွင်း မြန်မာနိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များကို အချိန်ယူ၍ သုတေသနပြု လေ့လာခဲ့မှု၏ ရလဒ်ပင် ဖြစ်ပါသည်။ စစ်တမ်းအစီရင်ခံစာတွင် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများ၊ လုပ်ငန်းတာဝန်များနှင့် ကျင့်သုံးမှု အလေ့အထများအကြောင်း သက်သေအထောက်အထားများကို အခြေခံ၍ တင်ပြထားရာ လွှတ်တော်များ၏ ဗျူဟာကျဦးတည်ချက်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။ ဤအစီရင်ခံစာသည် လွှတ်တော် ကိုယ်စားလှယ် ၆၃ ဦးနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ဦးတည်အုပ်စုဆွေးနွေးမှုများ၊ လွှတ်တော် ကိုယ်စားလှယ် ၃၉၄ ဦးမှ ဖြေကြားပေးခဲ့သည့် မေးခွန်းလွှာမှ တွေ့ရှိချက်များကို အခြေခံကာ ပြုစုထားပါသည်။ ဤအစီရင်ခံစာသည် ၂၀၁၅ ခုနှစ်က UNDP/IPU မှ ဆောင်ရွက်ခဲ့သည့် ပထမ အကြိမ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်စစ်တမ်းကို ဖြည့်စွက်ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ပထမအကြိမ် လွှတ်တော်နှင့် ဒုတိယအကြိမ် လွှတ်တော်ကြား ဖွံ့ဖြိုးတိုးတက်လာမှုများကို လေ့လာမှတ်တမ်းတင်ထားပါသည်။ စစ်တမ်းတွေ့ရှိချက်များသည် ဒီမိုကရေစီစနစ်သစ်အတွင်း ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များ ကျင့်သုံးသော ထိရောက်သည့် အလေ့အထများကို ပျိုးထောင်ရန်နှင့် မျှဝေရန် အထောက်အကူပြုနိုင်ပါသည်။ လွှတ်တော်များ၏ ဗျူဟာကျဦးတည်ချက် နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရန် ဤအစီရင်ခံစာကို အသုံးပြုနိုင်ပါသည်။
 

ဗွီဒီယိုများ

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီစဉ်(UNDP) ၊ UNODC နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တို့မှ ပူးပေါင်းကာ အလွှာစုံမှပြည်သူများကို မေးမြန်းခန်းပြုလုပ်ခဲ့သည်။
အဂတိလိုက်စားမှု ဝိုင်းဝန်းတိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခု အနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီစဉ်(UNDP) ၊ UNODC နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တို့မှ ပူးပေါင်းကာ အလွှာစုံမှပြည်သူများကို မေးမြန်းခန်းပြုလုပ်ခဲ့သည်။ အဂတိလိုက်စားမှု အပေါ် ပြည်သူလူထု၏အမြင်နှင့် အဂတိလိုက်စားမှု နည်းပါလာလျှင် အနာဂတ်မြန်မာနိုင်ငံကို မည့်သိုပြောင်းလဲနိုင်မည်ကို ပြည်သူများအား မေးမြန်းခဲ့သည်။ သူတို့၏ မည့်သို့ပြန်လည် ဖြေကြားခဲ့သည်ကို ဤဗီဒီယိုတွင် ကြည့်ရှုပါ။


ဆက်စပ်နေသည့် အကြောင်းအရာများ


ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး