ထိရောက်မှုရှိပြီး တုံ့ပြန်ဖြည့်ဆည်းပေးမှုရှိသော အဖွဲ့အစည်းများဖြစ်ပေါ်ရေး အထောက်အကူပြု စီမံချက်

Slide
Slide
Slide
Slide
Slide
Slide
Slide
Slide
Slide
အခြေအနေ လက်ရှိ လုပ်ဆောင်ဆဲ
ကြာချိန်
၂၀၁၈ ဇန်နဝါရီ မှ ၂၀၂၂ ဒီဇင်ဘာထိ
ဘက်ဂျတ် အမေရိကန်ဒေါ်လာ ၃၆,၀၄၃,၇၂၈
လွှမ်းခြုံရာဒေသ မြန်မာနိုင်ငံ ( ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း) ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြို့နယ်အဆင့်များ
အကျိုးခံစားခွင့်ရသူများ အမျိုးသမီးများ၊ လူနည်းစုများနှင့် ထိခိုက်လွယ်သောလူ့အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူ/သားများ
အလှုရှင်များ ကနေဒါ၊ ဂျပန်၊ ဆွီဒင်၊ ဩစတြေးလျ
အလေးထားဆောင်ရွက်ရာနယ်ပယ အစိုးရ ပင်မလုပ်ငန်းတာဝန်များနှင့် လွှတ်တော်လုပ်ငန်းစဉ်များ
မိတ်ဖက်များ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့နှင့် ဥပဒေပြု အဖွဲ့အစည်းများ၊ ထို့အတူ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် လွှတ်တော်ရေးရာကျွမ်းကျင်သူများနှင့် လွှတ်တော်အုပ်ချုပ်ရေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များ ၁၆။ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာရေး

မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း -

ရည်မှန်းချက်အားလုံး၊ အထူးသဖြင့် ရည်မှန်းချက် (၁) - ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ရပ်‌ ပေါ်ပေါက်လာရေး မဟာဗျူဟာ ၁.၄၊ ၁.၅

စီမံချက်အကြောင်း

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဒီမိုကရက်တစ်အဖွဲ့အစည်းများ၏ အရည်အသွေးသည် အဓိကအဆုံးအဖြတ်ပေးသည့်အရာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတစ်ခုသို့ ကူးပြောင်းရာ ပထမဆယ်စုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးလာခြင်း၊ အားလုံးပိုမိုအကျုံးဝင်သော အုပ်ချုပ်ရေးစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းများ ဆောင်ကြဉ်းနိုင်ခဲ့ပြီဖြစ်သည်။ အားလုံးပိုမိုအကျုံးဝင်ပြီး တုံ့ပြန်ဆောင်ရွက်မှု ပိုမိုမြန်ဆန်သော အုပ်ချုပ်ရေးပုံစံတစ်ခုသို့ ကူးပြောင်းခြင်းကြောင့် အဖွဲ့အစည်းများအနေဖြင့် ပိုမိုညှိနှိုင်းဆောင်ရွက်ရန်၊ ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ဖန်တီးရန်၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပြည်သူလူထုထံ ပိုမိုပေးဆောင်နိုင်ရန် ၊ ပြည်သူလူထုနှင့် တိုက်ရိုက် ပိုမိုထိတွေ့ဆက်ဆံရန် တိုး၍ လိုအပ်လာမည်ဖြစ်သည်။

စီမံချက် အကျဉ်းချုပ်

SERIP သည် မြန်မာပြည်သူအားလုံး၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများအပေါ် တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံ အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်ထိရောက်မှုများ အားကောင်းလာစေရန် ရည်ရွယ်၍ရေးဆွဲထားသော ၅ နှစ်တာ စွန့်ဦးတီထွင် လုပ်ဆောင်မှု ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများအတွင်း ပြည်သူ့ရေးရာ မူဝါဒများ၊ ဥပဒေပြုရေးနှင့် ဘဏ္ဍာရေးခွဲတမ်းများကို တွက်ချက်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြှင့်ရန်လိုအပ်သည်။

မျှော်မှန်းရလဒ်များ

  • အစိုးရအနေဖြင့် မူဝါဒရေးရာ၊ ဥပဒေပြုရေးနှင့် ဘက်ဂျတ်ခွဲဝေခြင်းများအတွက် အခြေခံဖြစ်သည့် တိကျသော၊ ပြီးပြည့်စုံပြီး လိုက်လျောညီထွေဖြစ်သည့် အချက်အလက် များကို ရယူနိုင်ခြင်း၊

  • ပြည်သူလူထုဘဝများ တိုးတက်ကောင်းမွန်လာစေရန် ခိုင်လုံသောရလဒ်များကို ဖြန့်ဝေပေးနိုင်မည့် ထိရောက်သော ပြည်သူ့ရေးရာ မူဝါဒရေးဆွဲခြင်းများကို အထောက်အကူပြုရန် အသေအချာရေးဆွဲထားသည် အစိုးရ ပင်မလုပ်ငန်း တာဝန်များရှိလာခြင်း၊

  • မူဝါဒရေးရာများ၊ ဥပဒေမူကြမ်းပြုခြင်း၊ ဘက်ဂျတ်ဆိုင်ရာ နှင့် လုပ်ငန်းစဉ်အတွင်း မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးကို ကာကွယ်ပေးခြင်းများကို ထိရောက်စွာသုံးသပ်နိုင်မည့် လွှတ်တော်များပေါ်ပေါက်လာခြင်း၊

  • နှစ်စဉ် စီမံကိန်းရေးဆွဲခြင်းနှင့် ဘက်ဂျတ်လျာထားခြင်း လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရှိသော တာဝန်ခံမှုရှိသော အားလုံးအကျုံးဝင်နိုင်သော နည်းလမ်းတစ်ရပ်ဖြင့် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာ အဆင့် အဖွဲ့အစည်းများ ဦးဆောင်မှုပြုခြင်း နှင့် အရေးပါသည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရာတွင် ပိုမိုထိရောက်လာခြင်းတို့ ဖြစ်သည်။

အဓိက ကြားဝင်ကူညီဆောင်ရွက်မှု နယ်ပယ်များ

  • ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အလက်

  • မူဝါဒရေးရာ စီမံခန့်ခွဲမှုများ

  • လွှတ်တော် လုပ်ငန်းစဉ်များ

  • တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာအဆင့် အုပ်ချုပ်ရေး

ဤစီမံကိန်းမှ မူဝါဒရေးဆွဲရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဖြန့်ဝေရာတွင်  ပြည်ထောင်စု၊တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာအဆင့် အဖွဲ့အစည်းများအကြား ခိုင်မာသည့် ဆက်နွယ်မှုများ ရှိစေရန် ပြည်ထောင်စုအဆင့် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် နှစ်ရပ်လုံးတွင် နည်းပညာဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ဤစီမံကိန်းသည်  အားလုံးအကျုံးဝင် နှစ်စဉ်စီမံကိန်းရေးဆွဲခြင်းကို မိတ်ဆက်ခြင်း၊  ကျား/မ တန်းတူညီမျှမှုရှိရေးနှင့် ကြားဝင်ဆောင်ရွက်မှုများတွင် အားလုံး အကျုံးဝင်မှုတို့ကို လူအများကျင့်သုံးလက်ခံအောင် ပုံစံပြောင်းလဲထားခြင်းတို့ကို သေချာစေပြီး ၂၀၃၀ လုပ်ငန်းစဉ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် မည်သူတစ်ဦးမျှ နောက်ကောက်ကျကျန်မနေရေး၏ အရေးကြီး လုပ်ငန်းစဉ်တစ်လျှောက်အား သေချာမှုရှိစေမည်ဖြစ်သည်။ SERIP စီမံကိန်းနှင့်အတူ ယူအန်ဒီပီသည် အစိုးရအဖွဲ့ ပြည်သူ့ရေးရာ ကဏ္ဍစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှု ဖြန့်ဝေရေးများအား အားလုံး ပိုမိုအကျုံးဝင်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချမည့် စနစ်တစ်ခုအဖြစ်သို့  တဖြည်းဖြည်းကူးပြောင်းရန် ထောက်ပံ့ပေးလျက်ရှိသည်။

လုပ်ငန်းစဉ်ဆိုင်ရာ စိတ်ဝင်စားဖွယ်များ(Activities Highlights)-

  • မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) သည် စီးပွားရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေး ရှုထောင့်များတစ်လျှောက်တွင် မြန်မာနိုင်ငံအစိုး၏ မူဝါဒများအတွက် အခြေခံအဖြစ်ရှိနေမည်ဖြစ်သည်။ MSDP အား အသက်ဝင်လည်ပတ်စေရန် SERIP သည် ၎င်းအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်၏ ဖွံဖြိုးတိုးတက်မှုကို အထောက်အပံပေးနိုင်သည့်အပြင် မူဘောင်များကို စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်။

  • ထိရောက်သော မူဝါဒရေးဆွဲခြင်းများတွင် အစိုးရအဖွဲ့အသီးသီး၌ ခိုင်မာသော ပူးပေါင်းမှုများရှိရန် လိုအပ်သည်။ SERIP သည် မြန်မာနိုင်ငံအစိုးရအား မူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို တိုးတက်စေရာ၌ လုပ်ဆောင်နိုင်မည့်နည်းလမ်းများ ရှာဖွေချမှတ်ရာတွင် အထောက်အပံပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

  • လွှတ်တော်များသည် မူဝါဒဆိုင်ရာ၊ ဥပဒေပြုရေး၊ ဘက်ဂျက်ဆိုင်ရာ  စိစစ်စူးစမ်းရာနှင့် ပြည်သူလူထု၏ အကျိုးကို ကာကွယ်ပေးရာတို့တွင်အရေးပါသည့် ကိုယ်စားပြုအဖွဲ့အစည်းများ ဖြစ်ကြသည်။ SERIP သည် မြန်မာနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ မဲဆန္ဒရှင်များ၏ အကျိုးကို ပိုမိုကာကွယ်ပေးနိုင်ရန်ခွင့်ပြုပြီး မြန်မာနိုင်ငံ၏ လွှတ်တော်များအား ပိုမို၍ ဒီမိုကရေစီနည်းတကျဖြစ်လာစေရေးတို့တွင် အထောက်အပံ့ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ SERIP ၏  ကော်မတီဆိုင်ရာ လုပ်ငန်းများ တိုးတက်လာအောင် အထောက်အပံ့ပေးခြင်းမှတစ်ဆင့် လွှတ်တော်များသည် မူဝါဒရေးရာ၊ ဥပဒေပြုရေး၊ ပြည်သူများထံမှ အရေးတကြီးထည့်ဝင်မှုများပါဝင်သည့် ဘက်ဂျတ်ဆိုင်ရာများကို အနီးကပ်ကြည့်ရှုစစ်ဆေးခြင်းများတွင် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

  • အစိုးရဝန်ဆောင်မှုလုပ်ငန်း အများစုသည် မြို့နယ်အဆင့်တွင် လုပ်ဆောင်ကြပြီး ယင်းသည် ပြည်သူလူထုနှင့် ပြည်သူဝန်ထမ်းများအကြား အများဆုံးထိတွေ့ရာ အဆင့်လည်း ဖြစ်သည်။ ယခုထိတိုင် မြန်မာနိုင်ငံ၏ မြို့နယ်အုပ်ချုပ်ရေးများသည် ဘက်ဂျတ်ချထားမှုများနှင့်အတူ ဝန်ဆောင်မှု ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း များအပေါ်တွင် လွှမ်းမိုးမှုနည်းလွန်းသည်။ SERIP မှ မြို့နယ်များတွင် မြို့နယ်လူထုအား အားလုံးအကျုံးဝင်၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သားမှုရှိသော နည်းလမ်းဖြင့် အခြေခံ ဝန်ဆောင်မှုများကို  ထိရောက်ပြီး ကောင်းမွန်စွာ ထောက်ပံပေးနိုင်ရန် လိုလိုလားလားရှိသော မြို့နယ်အုပ်ချုပ်ရေးများကို အားပေးနိုင်ရန် လိုသလို အသုံးချနိုင်မည့်ထောက်ပံ့ငွေများကို ထောက်ပံ့လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း SDGs အောင်မြင်ရရှိနိုင်ရန် SERIP က ပါဝင်ဖြည့်ဆည်းလျက်ရှိပုံမှာ-

  • ယူအန်ဒီပီ၏ နိုင်ငံလုံးဆိုင်ရာ အစီအစဉ်သည် SDGs အကောင်အထည်ဖော်ရေး၊ မည်သူတစ်ဦးမျှ နောက်ကောက်ကျမကျန်ရေးတို့ကို အထောက်အပံပေးရန်၊ အမျိုးသမီးများနှင့် ထိခိုက်လွယ်သော လူ့အဖွဲ့များ၏လိုအပ်ချက်များကို အထူးအလေးပေးရန်တို့ တွင် ခိုင်မာသော သန္ဒိဌာန်ချပြီးဖြစ်သည်။

  • မြန်မာနိုင်ငံအစိုးရသည် SDGS ကို ၎င်း၏မူဝါဒများနှင့်အညီ လူအများ ကျင့်သုံးလက်ခံအောင် ပုံစံပြောင်းလဲရန် MSDP မှတစ်ဆင့် ခိုင်မာသော သန္ဒိဌာန်ချပြီးဖြစ်သည်။ SERIP သည် MSDP အကောင်အထည်ဖော်ရေး မူဘောင်တွင် SDGအညွှန်းပြကိန်းများပါဝင်စေရန် သေချာစေသည်။ ထို့ကြောင့် အစိုးရအဖွဲ့အနေဖြင့် ၎င်း၏မူဝါဒများသည် SDGs အောင်မြင်ရရှိရန် မည်သို့ပါဝင်ဖြည့်ဆည်းပေးနိုင်မည်ကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

  • မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမို အားကောင်းစေရန်အတွက် SERIP သည် အစိုးရအနေဖြင့်ပကတိအခြေအနေနှင့် ကိုက်ညီသောမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်စေရန်၊လွှတ်တော်အနေဖြင့်လည်း ထိရောက်သော ထိန်းကျောင်းမှုများ ပြုလုပ် နိုင် ရန် အကူအညီများပေးရာတွင် ပါဝင်ခဲ့ပါသည်။ SERIP သည် အစိုးရ အဖွဲ့၏ဗဟိုချက်တွင် ပူးပေါင်း ဆောင် ရွက်မှု အားကောင်းရန် ဖွဲ့စည်းလုပ်ဆောင်ခြင်းများကို ဖွင့်ဆိုသတ်မှတ်ပေးကာ ထိုမှတဆင့် မြန်မာ နိုင်ငံအတွက် စံပြမူဝါဒပုံစံတစ်ခုဖော်ဆောင်ပေးသွားရန် ရည်ရွယ်ပါသည်။ အားလုံးအကျုံးဝင် ပါဝင်သော လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မီတီဖွဲ့စည်းရေးလုပ်ငန်းစဉ်ကို မိတ်ဆက်ရာတွင် SERIP သည် အဓိကအခန်းကဏ္ဏက ပါဝင်ခဲ့ပါသည်။ အဆိုပါ လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မီတီသည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် ကျား-မရေးရာအမြင်ရှုထောင့်နှင့် အကျုံးဝင်သူများ အားလုံး ပါဝင် ခွင့်ရရှိရေးဟူသည့်အချက်များဖြင့်တိုင်းတာဆောင်ရွက်မည်ဖြစ်ပြီး လူထုပူးပေါင်း ပါဝင်မှုအား ကောင်းစေ ခြင်းဖြင့် ပိုပိုကောင်းမွန်သောဉပဒေများပြဌာန်းနိုင်ခြင်းနှင့် ကောင်းမွန်ခိုင်မာ သည့်မူဝါဒများအား အစိုးရထံအကြံပြုတင်ပြခြင်းများကိုလုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။

  • SERIP သည် ပြည်သူများ ဝန်ဆောင်မှုရရှိရာ ဒေသန္တရအဆင့်တွင် SDG အကောင်အထည်ဖော်ရေးမှာ အရေးအကြီးဆုံးဖြစ်သည်ကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် SERIP သည် မြို့နယ်အာဏာပိုင်များအား ဒေသန္တရအဆင့် စီမံကိန်းရေးဆွဲရာ လုပ်ငန်းစဉ်များတွင် SDGs ကို လူအများကျင့်သုံးလက်ခံအောင် မည်သို့ပုံစံ ပြောင်းလဲနိုင်မည့်အကြောင်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ရပ်ကွက်နှင့် ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမှူးများ(VTAs)မှာ ဒေသန္တရအဆင့်၌ အဓိကရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်သည့်အလျောက် SERIP သည် အမျိုးသမီး ရပ်ကွက်နှင့်ကျေးရွာ အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် ထိတွေ့လုပ်ဆောင်ပြီး ၎င်းတို့၏အသိုက်အဝန်းများအတွက် ဦးဆောင်သူများ၊ ပြည်သူ့ရေးရာ လှုပ်ရှားသူများ ဖြစ်လာစေရန် စွမ်းဆောင်ရည် မြှင်တင်ပေးခြင်းများ ပြုလုပ်ပေးနေသည်။

ထိရောက်မှု

ထုတ်ဝေထားသော စာရွက်စာတမ်းများ

ဆက်စပ်နေသည့် အကြောင်းအရာများ

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး