မြန်မာနိုင်ငံ အပူပိုင်းဇုံဒေသအတွင်း ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာနိုင်သည့် အန္ရရာယ်များကို ကိုင်တွယ်ဖြေရှင်းခြင်း

အခြေအနေ- | ပိတ်သိမ်းပြီး |
ကြာချိန်- | ၂၀၁၅ ဖေဖော်ဝါရီလ – ၂၀၁၉ ဇွန်လ |
ဘတ်ဂျတ်- | ၈,၄၆၈,၆၀၄ အမေရိကန်ဒေါ်လာ |
လွှမ်းခြုံရာဒေသ- | မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ (စစ်ကိုင်း၊ မန္တလေး၊ မကွေး) |
အကျိုးခံစားခွင့်ရှိသူများ- | စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို နှင့် မုံရွာ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ နှင့် ညောင်ဦး၊ မကွေးတိုင်းဒေသကြီး ချောက် မြို့နယ်စုစုပေါင်း ငါးခုရှိ အိမ်ထောင်စု ၅၀,၅၄၃ စု (ကျေးရွာပေါင်း ၂၈၀) |
အလှူရှင်များ- | ၇,၂၈၉,၄၂၅ အမေရိကန်ဒေါ်လာ (Adaptation Fund) ၆၂၄,၉၉၈ အမေရိကန်ဒေါ်လာ (ယူအန်ဒီပီ) ၅၅၄,၁၈၁ အမေရိကန်ဒေါ်လာ (မြန်မာနိုင်ငံအစိုးရ၊ အခြားသော ငွေကြေးမဟုတ်သည့် ပစ္စည်းနှင့် ဝန်ဆောင်မှုများ) |
အလေးထားဆောင်ရွက်ရာ- | ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် နှင့် စွမ်းအင |
မိတ်ဖက်များ- | အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန) ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန) ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန) ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန) ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန (နိုင်ငံခြားရေး ဝန်ကြီးဌာန) ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊ ကုလသမဂ္ဂ စီမံကိန်းများဆိုင်ရာ ရုံး၊ ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ် ပြန်လည်ထူထောင်ရေး အစီအစဉ်၊ Farm Business Development Technical Group ၊ Aung Zeyar Social Compassioners' Organization ၊ Hydroconseil ၊ Win Top Engineering and General Services Co. Ltd ၊ Well Done Engineering Co. Ltd ၊ Community Development Action ၊ Network Activities Group ၊ CESVI Fondazione (Onlus) ၊ Community Development Association ၊ Regional Integrated Multi-Hazard Early Warning System ၊ Chalk and Slate Technology ၊ မြန်မာဆာဗေးသုတေသန ကုမ္ပဏီလိမိတက်။ |
စီမံကိန်းအကြောင်း
ဤစီမံကိန်းသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် စိုက်ပျိုရေးနှင့်မွေးမြူရေး ထုတ်လုပ်မှု ဖြစ်စဉ်များအပေါ် တိုး၍သက်ရောက်လာနေသော ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို လျှော့ချရန် ရည်ရွယ်ပြီး ၎င်းတို့မှာ အပူချိန်နှင့် ရေငွေ့ပျံနှုန်းများ မြင့်တက်လာခြင်း၊ ရေရရှိမှု လျော့နည်းလာခြင်း၊ အထူးသဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် မုန်တိုင်းများ ကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုဖြစ်ရပ်များ ပိုမိုပြင်းထန်လာခြင်းတို့၏ အကျိုးသက်ရောက်မှုများ ဖြစ်သည်။
စီမံကိန်းတွင် အဓိကအကျိုးခံစားခွင့်ရှိသူများမှာ မြေဆီလွှာတိုက်စားမှုနှင့် မြေအဆင့်အတန်းကျဆင်းလာမှု ပြဿနာတို့ကြောင့် စိုက်ပျိုးနိုင်သောမြေရရှိမှုကို ခြိမ်းခြောက်ခံနေရသည့် လယ်ယာမဲ့ စိုက်ပျိုးရေးလုပ်သားများနှင့် မိုးရေသောက်လယ်များတွင် လုပ်ကိုင်နေသည့် နွမ်းပါသော လယ်သမားများတို့ ဖြစ်ကြသည်။ အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု များကိုလည်း အထူးအလေးပေးထားသည်။
စီမံကိန်းကာလ လေးနှစ်ပြီးဆုံးသည့်အချိန်တွင် မြို့နယ် ငါးခုရှိ ကျေးရွာပေါင်း ၂၈၀ ၌ ပူပြင်းခြောက်သွေ့သော ရာသီများတွင် ရေချိုမပြတ်လတ်စေရန် စွမ်းဆောင်ပေးခြင်း၊ ရာသီတုဒဏ် ခံနိုင်ရည်ရှိသည့် စိုက်ပျိုရေးနှင့်မွေးမြူရေး အလေ့အထများကို မြှင့်တင်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် ကာလတိုမိုးလေဝသခန့်မှန်းချက်များ၊ ကာလလတ် ရာသီအလိုက် ခန့်မှန်းချက်များ၊ ဖြစ်နိုင်ခြေရှိသော ဥတုရာသီအခြေအနေများအတွက် ကာလရှည်အဆင့် စီမံကိန်းရေးဆွဲခြင်း နည်းတို့ဖြင့် အချိန်ကိုက်ဖြစ်ရေးနှင့် အရည်အသွေးမီရေးကို သေချာစေခြင်းတို့ ဆောင်ရွက်ပေးမည်။
စီမံကိန်းကို ဒေသနေပြည်သူလူထု၏ စွမ်းဆောင်နိုင်အားများကိုမြှင့်တင်ရေး မူများအပေါ် အခြေခံထားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၊ ရေအသုံးပြုသူ ကော်မတီများ၊ လယ်သမားအဖွဲ့များ၊ အများပိုင် သစ်တော အသုံးပြုသူများ အဖွဲ့များ၊ ဒေသန္တရ အန်ဂျီအိုများ (NGOs) များကဲ့သို့သော လူထုအခြေပြု အဖွဲ့အစည်းများက အကောင်အထည်ဖော်ကြသည်။ စီမံကိန်း၏ မျှော်မှန်းထားသောအကျိုးသက်ရောက်မှုမှာ အလွန်ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်ရပ်များကြောင့် ကြုံတွေ့ရနိုင်သော စားနပ်ရိက္ခာ မဖူလုံမှု နှင့် ဆုံးရှုံးပျက်စီးမှုများတို့ကို အိမ်ထောင်စု ၅၀,၅၄၃ ခုတွင် လျှော့ချပေးရန် ဖြစ်သည်။

ရည်မှန်းချက်များ
မိုးခေါင်ရေရှားမှုနှင့် မိုးရေချိန် ပြောင်းလဲလာမှုတို့ ပိုမိုကြုံတွေ့နေရသော မြန်မာနိုင်ငံ အပူပိုင်းဒေသနေ လယ်သမားတို့၏ ထိခိုက်လွယ်မှုကို လျှော့ချရေးအပြင် စားနပ်ရိက္ခာဖူလုံမှုကို သက်ရောက်နေသော ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များအပေါ် လယ်သမားများ အစီအစဉ် ရေးဆွဲ၊ တုံ့ပြန်ဆောင်ရွက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး လည်း ပါဝင်သည်။ စီမံကိန်း၏ရည်ရွယ်ချက်မှာ နိုင်ငံအဆင့်နှင့် ဒေသအဆင့်များတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များအပေါ် တုံ့ပြန်ဆောင်ရွက်ရန် ထိခိုက်လွယ်မှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ပြုပြင်နိုင်သောစွမ်းရည် တိုးပွားစေရေး ကို Adaptation fund ၏ ရည်ရွယ်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်းဖြစ်သည်။

မျှော်မှန်းရလဒ်များ
- အပူပိုင်းဒေသ ကျေးရွာ ၂၈၀ တွင် ခြောက်သွေ့ရာသီများ၌ ရေချို စဉ်ဆက် မပြတ်ရရှိစေရေး၊၊
- မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့်စိုက်ပျိုးရေးနှင့် မွေးမြူရေး အလေ့အထများ ထွန်းကားရေး၊
- အပူပိုင်းဒေသနေ လယ်သမားများထံ မှန်ကန်တိကျသည် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်မီ သတင်းအချက်အလက်များကို ဖြန့်ဝေရာတွင် ကာလတို မိုးလေဝသခန့်မှန်းချက်များ၊ ကာလလတ် ရာသီအလိုက် ခန့်မှန်းချက်များ၊ ဥတုရာသီအခြေအနေများအတွက် ကာလရှည်ကြာစီမံကိန်း ရေးဆွဲခြင်း နည်းတို့ကို အသုံးပြုရေး။
ထိရောက်မှုများ
ဗီဒီယိုများ
ထုတ်ဝေထားသော စာအုပ်စာတမ်းများ
သတင်းများ

ရာသီဥတု အန္တရာယ် စီမံခန့်ခွဲမှုတွင် မီဒီယာ၏ အခန်းကဏ္ဍကို အားကောင်းလာအောင် ဆောင်ရွက်ခြင်း
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်

အပူပိုင်းဒေသနေ လယ်သမားများအတွက် ရေသွင်းစိုက်ပျိုးရေးကို ပိုမိုကောင်းမွန်စေမည့် ရေစုပ်စက်များ
၂၀၁၈ ခုနှစ် ဧပြီလ ၃ ရက်

မြန်မာနိုင်ငံအပူပိုင်းဒေသနေ လူ့အသိုက်အဝန်းများ ရာသီဥတုဖောက်ပြန်မှု နှင့်လိုက်လျောညီထွေ ပြုမူနေထိုင်ခြင်း
၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက

မြန်မာနိုင်ငံအတွင်း ဘေးအန္တရာယ်ဆိုင်ရာ အစဉ်သတိရှိမှု တိုးပွားစေမည့် ဘေးအန္တရာယ်သတိပေးချက် အပ်ပလီကေးရှင်းများ
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်/p>
နှစ်အလိုက် ဘတ်ဂျတ်
ခုနှစ် | ပမာဏ |
၂၀၁၅ | ၄၉၇,၀၁၆ အမေရိကန်ဒေါ်လာ |
၂၀၁၆ | ၁,၈၅၄,၆၅၃ အမေရိကန်ဒေါ်လာ |
၂၀၁၇ | ၃,၂၂၃,၀၉၆ အမေရိကန်ဒေါ်လာ |
၂၀၁၈ | ၁,၉၃၀,၆၄၇ အမေရိကန်ဒေါ်လာ |
၂၀၁၉ | ၄၀၉,၀၁၁ အမေရိကန်ဒေါ်လာ |