အင်းလေးကန်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်းလေးကန်ဒေသ အုပ်ချုပ်ရေးအဖွဲ့ အားကောင်းလာစေရန် ပံ့ပိုးပေးခြင်း

အခြေအနေ- | လက်ရှိ လုပ်ဆောင်ဆဲ |
ကြာချိန်- | ဇွန်လ ၂၀၁၈ - ဇူလိုင်လ ၂၀၂၀ |
ဘတ်ဂျတ်- | အမေရိကန်ဒေါ်လာ ၁,၄၁၉,၀၀၀ |
လွှမ်းခြုံဖြန့်ကျက်ရာဒသေ- | အင်းလေးကန်နှင့် ရေဝေရေလဲဒေသ |
အကျိုးခံစားခွင့်ရှိသူများ- |
အင်းလေးကန် ရေဝေရေလဲဒေသအတွင်း နေထိုင်သူများ |
အလှူရှင်များ- |
အမေရိကန် ဒေါ်လာ ၁,၂၀၀,၀၀၀ (နော်ဝေနိုင်ငံ) အမေရိကန် ဒေါ်လာ ၂၁၉,၀၀၀ (ယူအန်ဒီပီ) |
အလေးထားဆောင်ရွက်ရာ နယ်ပယ်- | ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း |
မိတ်ဖက်များ- | ရှမ်းပြည်နယ်အစိုးရ |
စီမံချက်အကြောင်း
အင်းလေးကန်သည် သယံဇာတများအား ရေရှည်တည်တံ့ခြင်း မရှိသည့် အသုံးပြုမှုများ၊ လူဦးရေတိုးပွားလာမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် လျင်မြန်စွာ ဖွံ့ဖြိုးလာသည့် ခရီးသွားကဏ္ဍတို့၏ စုပေါင်းသက်ရောက်မှုများကြောင့် ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးခြင်းကို ကြုံတွေ့နေရသည်။ ဒေသတွင်းရှိ သစ်ပင်များနှင့် တိရစ္ဆာန်များသည် ပြင်ပမှဝင်ရောက်လာသော မျိုးစိတ်များကြောင့် မျိုးတုန်းပျောက်ကွယ် နိုင်ခြေများလည်းရှိနေပါသည်။ယခင်က အသုံးပြုရန် လုံခြုံစိတ်ချရသည့် ရေအရည်အသွေးမှာလည်း ယခုတွင်ညစ်ညမ်းလျက်ရှိပြီး ဒေသခံလူထုအတွက် ဆိုးရွားသော ကျန်းမာရေး ပြဿနာများ၏ ရင်းမြစ်လည်း ဖြစ်နေသည်။ ရေဝေရေလဲဒေသအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ထိရောက်သည့် စီမံခန့်ခွဲမှုမျိုးမရှိလျှင် အင်းလေးကန်နှင့် အင်းလေးကန် ပတ်ဝန်းကျင်ဒေသများအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးနှင့် စီပွားရေးဆိုင်ရာ ဆိုးကျိုးများ ဆက်လက်သက်ရောက်လိမ့်မည်။
ရည်မှန်းချက်များ
ယူအန်ဒီပီသည် နော်ဝေအစိုးရနှင့်တွဲဖက်၍ အင်းလေးကန် ရေဝေရေလဲဒေသစီမံခန့်ခွဲမှုအား မြှင့်တင်ရန် နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များ ထောက်ပံ့ပေးခြင်းအားဖြင့် ထိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများအား ကိုင်တွယ်မည့် အင်းလေးကန်ဒေသ အုပ်ချုပ်ရေးအဖွဲ့ (ILMA) ၏ လုပ်ဆောင်မှုများကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
မျှော်မှန်းရလဒ်များ
- အင်းလေးကန်နှင့် ဆက်စပ်သူများ၏ ပူးပေါင်းပါဝင်ပံ့ပိုးများကြောင့် အင်းလေးကန်ဒေသ အုပ်ချုပ်ရေးအဖွဲ့ သည် လုပ်ငန်းများကို ပိုမိုထိရောက်စွာနှင့် စွမ်းဆောင်ရည်ရှိစွာ ဆောင်ရွက်အကောင်အထည်နိုင်မည်။
- ရေရှည် သေချာသည့် ငွေကြေးအထောက်အပံ့အရင်းအမြစ်များကို အင်းလေးကန်ဒေသတွင်းနှင့် အနီးအနားရှိ ဒေသခံများ၏ ဖွံ့ဖြိုးမှုအား ထောက်ပံ့ရန်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန် အလေ့အလွင့် မရှိစေဘဲ ထိရောက်စွာ အသုံးပြုသွားနိုင်မည် ဖြစ်သည်။