မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ ရေရှည်တည်တံ့စေမှု စီမံအုပ်ချုပ်မှုမြင့်တင်ခြင်း

အခြေအနေ- | ဆက်လက်ဆောင်ရွက်လျက်ရှိ |
ကြာချိန်- | ဇူလိုင် ၂၀၁၅ - ဇွန် ၂၀၂၀ |
ဘတ်ဂျတ်- | ၆,၀၂၇,၃၉၇ အမေရိကန်ဒေါ်လာ |
လွှမ်းခြုံရာဒေသ- | ဟူးကောင်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်၊ ဖုန်ကာရာဇီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော (ကချင်ပြည်နယ်)၊ ထမံသီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော (စစ်ကိုင်းတိုင်းဒေသကြီး) |
အကျိုးခံစားခွင့်ရှိသူများ- | သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံခန့်ခွဲမှုတွင် ပါဝင်လျက်ရှိသည့် အစိုးရအဖွဲ့အစည်းများ၊ သဘာဝထိန်းသိမ်းရေး အနီးပတ်ဝန်းကျင်ရှိ နေထိုင်သူများ နှင့် ဇီဝမျိုးစုံမျိုးကွဲများအား စောင့်ကြည့်ထိန်းသိမ်းခြင်းမှ အကျိုးကျေးဇူးများ သွယ်ဝိုက်ရရှိနိုင်မည့် မြန်မာနိုင်ငံသားများ |
အလှူရှင်များ- | ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF) |
အလေးထားဆောင်ရွက်ရာ နယ်ပယ်- | သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံခန့်ခွဲခြင်း |
မိတ်ဖက်များ- | သားရဲတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ |
စီမံကိန်းနှင့် ပတ်သတ်သည့် အကြောင်းအရင်းများ
မြန်မာနိုင်ငံသည် နှစ်၅၀ကျော် အကြာ တံခါးပိတ်ဝါဒပြီးနောက် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုကို တွေကြုံနေရသည်။ သမိုင်းတစ်လျှောက် ဤ ထူးခြားလှသော ကာလသည် ဒေသတွင်း၊ နိုင်ငံတော်နှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နိုင်ငံတကာ ပတ်ဝန်းကျင်အတွက် အကျိုးရှိစေမည့်အပြင် ကြီးမားသော အခွင့်အလမ်းကို ယူဆောင်ပေးရုံမျှမက မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့နိုင်သော အသက်မွေးမှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများအား စောင့်ကြည့််ထိန်းသိမ်းခြင်းတို့ကို မြှင့်တင်ရာတွင် ကြီးမားသော အခွင့်အလမ်း တစ်ခုကိုလည်း ဆောင်ကျဉ်းပေးသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမကြီးတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ထင်ရှားသည့် သစ်တော၊ ရေချို၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါ ဂေဟစနစ်များလည်း ကြွယ်ဝလျက်ရှိသည်။ အဓိက သစ်မျိုးစုံကြွယ်ဝသော ဒေသကြီး လေးခုဆုံရာတွင် တည်ရှိသည့်အပြင် လတ္တီကျူ့၊ အမြင့်ပေနှင့် ဥတုရာသီ၊ တည်နေရာတို့ ကွဲပြားမှု ကျယ်ပြောလှသောကြောင့် မြန်မာနိုင်ငံသည် ပေါက်ပွားကျက်စားရာဒေသ စုံလင်ကွဲပြားမှုများကို ထောက်ပံ့ပေးလျက်ရှိပြီး အပင်မျိုးစိတ် များစွာလည်း အလွန်အမင်းကြွယ်ဝ ပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ရှားပါးသော အပင်မျိုးစိတ်များနှင့် ကျောရိုးရှိသတ္တဝါမျိုးကွဲများအား အကူအညီ အထောက်အပံ့ပေးနေကြောင်းကိုမျိုးစိတ်များ စုံလင်ကွဲပြားမှုနှင့် သီးသန့်တည်ရှိမှုဆိုင်ရာ အချက်အလက်များအရ ညွှန်ပြလျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF)၏ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာဒေသ ဆယ့်လေးခုတွင် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံး ပါဝင်သည်။ သို့သော် ဒေသအလိုက် မျိုးစိတ်ကွဲအုပ်စုများအတွက် တိကျသော အခြေခံအချက်အလက်များ ကင်းမဲ့နေဆဲဖြစ်သည်။ ထို့ပြင် မျိုးစိတ်အသစ်များကို ပုံမှန်ဆက်လက် ရှာဖွေတွေ့ရှိဆဲဖြစ်သည်။ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှစ၍ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြင်ပလောကနှင့် အထူးဆက်သွယ်လာရသောကြောင့် သစ်ထုတ်လုပ်မှုများနှင့် စိုက်ပျိုးရေးပြောင်းလဲမှုများနှင့် အညီ သဘာဝ ပေါက်ပွားကျက်စားရာဒေသများ ပျက်စီးခြင်းနှင့် ယိုယွင်းလာခြင်းတို့ မြင့်မားလာခဲ့သည်။ လတ်တလော နိုင်ငံရေးပြောင်းလဲမှုများက နိုင်ငံခြားရင်းနှီးမြုပ်မှုနှင့် ကုန်သွယ်မှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး ထိုအပြောင်းအလဲများကြောင့် ထိုဖိအားများ သိသိသာသာ မြင့်တက်လာခဲ့သည်။
စီမံကိန်း၏ ရေရှည်မျှော်မှန်းချက်မှာ ပိုမိုကျယ်ပြန့်သော landscape-level မြေယာအသုံးချရေး စီမံချက်ရေးဆွဲခြင်းဆီသို့ ရောက်သွားမည့် နိုင်ငံကိုယ်စားပြုသည့် ထိရောက်စွာ စီမံအုပ်ချုပ်ထားသော သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ စနစ်များ အားကောင်းလာစေရန် ထောက်ပံ့သွားမည် ဖြစ်သည်။ ဤစီမံကိန်းသည် အရေးပါသော ဇီဝမျိုးကွဲဒေသများအား လုံခြုံစေရန်၊ တိုးချဲ့ထားသော သဘာဝထိန်းသိမ်းရေး နယ်မြေများ (PA) တွင် ပါဝင်နိုင်ရန်နှင့် နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့် ဖွံ့ဖြိုးမှု စီမံချက်ရေးဆွဲခြင်း ဖြစ်စဉ်အတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ကာကွယ်စောင့်ရှောက်နေသည့် တစ်ချိန်တည်းမှာပင် စနစ်အားလုံး အားကောင်းလာစေရန် ရည်ရွယ်ပါသည်။
သို့သော်လည်း နိုင်ငံတော်အနေဖြင့် ထိုရည်ရွယ်ချက်များအောင်မြင်ရေးတွက် အခက်အခဲများစွာ ရင်ဆိုင်ရလျက်ရှိသည်။ အတိအကျပြောရသော် တိုးချဲ့ထားသည့် နိုင်ငံတော်အဆင့် PA စနစ်အား စီစဉ်ရေးဆွဲရန်နှင့် စီမံခန့်ခွဲရန် စနစ်ပိုင်းဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များ အားနည်းခြင်း၊ PA အဆင့်တွင် ဒေသခံများ၏ ခြိမ်းခြောက်မှုများနှင့် စောင့်ကြည့်ထိန်းသိမ်းမှု ရလဒ်များ အောင်မြင်အောင် ဆောင်ရွက်ရန် စီမံခန့်ခွဲသည့် စွမ်းရည်နှင့် စိတ်အားတက်ကြွမှု အားနည်းခြင်းတို့ပင် ဖြစ်သည်။
ရည်မှန်းချက်များ
တိုးမြှင့်ထားသော ကိုယ်စားပြုမှု၊ စီမံခန့်ခွဲမှု ထိရောက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဉပဒေသက်ရောက်မှုနှင့် ဘဏ္ဍာရေးထောက်ပံ့ခြင်းများမှတဆင့် ဇီဝမျိုးစုံမျိုးကွဲများအား စောင့်ကြည့်ထိန်းသိမ်းခြင်းအတွက် နိုင်ငံတော်အဆင့် ကာကွယ်ထိန်းသိမ်ခံနယ်မြေများ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများ ခန့်ခွဲမှုစနစ် အားကောင်းလာစေရန်။
ဤစီမံကိန်းသည် အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ မဟာဗျူဟာများနှင့် လုပ်ငန်းအစီအစဉ်များ (NBSAP)တွင် သတ်မှတ်ထားသော ဦးစားပေး ကာကွယ်ထိန်းသိမ်းထားသည့် စင်္ကံနှစ်ခုကာကွယ်ထိန်းသိမ်းခံ ဒေသများ စီမံခန့်ခွဲမှု အားကောင်းလာစေရန် ရည်ရွယ်သည်။ ခွဲခြားသတ်မှတ်ရလျှင် ထိုစင်္ကံများအတွင်းရှိ အဓိက သဘာဝထိန်းသိမ်းရေး နယ်မြေလေးခုအတွက် စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့နိုင်သည့် အခွင့်အလမ်းများအား သတ်မှတ်ခြင်းနှင့် ပြည်နယ်နှင့် နိုင်ငံတော်အဆင့် ဖွံဖြိုးရေး စီမံချက်ရေးဆွဲခြင်းတွင် ပိုမိုကျယ်ပြန့်စွာထည့်သွင်းနိုင်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း တို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်းများ ပါဝင်သည်။
အဓိက PA များမှ ရရှိလာသော သင်ခန်းစာများသည် နိုင်ငံတော်အဆင့် PA စနစ်တွင် အလုံးစုံ ထိရောက်မှုရှိနိုင်စွမ်းအား တိုးတက်လာစေမည်။
မျှော်မှန်းရလဒ်များ
- သဘာဝထိန်းသိမ်းရေး နယ်မြေများ (PA) တိုးချဲ့ခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် စနစ်တကျ၊ အဖွဲ့အစည်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များ တိုးမြှင့်နိုင်မည်
- သတ်မှတ် သဘာဝထိန်းသိမ်းရေး နယ်မြေများ (PA) နှင့် ကြားခံနယ်များတွင် ခြိမ်းခြောက်မှု လျှော့ချခြင်းနှင့် စီမံခန့်ခွဲမှုတို့ အားကောင်းလာစေမည်
နှစ်အလိုက် ရသုံးငွေစာရင်းများ
နှစ် | ပမာဏ |
ပထမနှစ် | ၁,၂၈၉,၇၅၉.၂၀ အမေရိကန်ဒေါ်လာ |
ဒုတိယနှစ် | ၁,၂၉၀,၂၂၈.၅၁ အမေရိကန်ဒေါ်လာ |
တတိယနှစ် | ၁,၂၉၂,၄၂၈,၅၆ အမေရိကန်ဒေါ်လာ |
စတုတ္ထနှစ် | ၁,၀၆၆,၃၆၄.၇၈ အမေရိကန်ဒေါ်လာ |
ပဥ္စမနှစ် | ၁,၀၈၈,၆၁၅.၉၅ အမေရိကန်ဒေါ်လာ |
စုစုပေါင်း | ၆,၀၂၇,၃၉၇ အမေရိကန်ဒေါ်လာ |