မြန်မာ ၊ ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေး

အသက်မွေးဝမ်းကြောင်းနှင့် သစ်တောထိန်းသိမ်းမှုအား ပေါင်းစပ်အဆင့်မြှင့်တင်ခြင်း


 

နယူးယော့ခ်မြို့တွင် ကျင်းပသော ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ၌ မြန်မာနိုင်ငံမှ ကမ္ဘာကြီးထံသို့ ပေးပို့လိုက်သော သတင်းစကားများအနက် တရပ်မှာ မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကြောင်း နှင့် သစ်တော ထိန်းသိမ်းရေးကို ဂဟေဆက်နိုင်ရေးသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေး ရည်မှန်းချက် ရရှိရန် ပဓာန ကျသည်ဟူ၍ ဖြစ်သည်။ ထိပ်သီးညီလာခံ၏ ဘေးပန်းကိစ္စရပ်များဆွေးနွေးပွဲ (sidelines) ၌ မြန်မာနိုင်ငံ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေး ရည်မှန်းချက် ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံအစိုးရအား ပံ့ပိုးအားပေးကြရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအား တောင်းဆိုလိုက်သည်။

လာမည့်ဆယ်စုနှစ်အတွင်း ဓမ္မတာမျိုးဆက်ခြင်းနည်း နှင့် သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်းနည်းဖြင့် ပြုန်းတီးသွား သော သစ်တောမြေ အကျယ်အဝန်း ဟက်တာ ၆ သိန်း အပြင် အခြား လွင်တီးခေါင်မြေ ဟက်တာ ၆ သိန်းအားလည်း သစ်တောပြန်လည်တည်ထောင်ရန် မြန်မာနိုင်ငံက ရည်မှန်းထားသည်။ ပြုပြင်မွမ်းမံပြီး ဖြစ်သည့် “ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှင့်မှု နိုင်ငံအလိုက် ဆုံးဖြတ်လျော့ချရေး မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှု” (Nationally Determined Contribution) ၏ အမြုတေဖြစ်လာမည့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း ၊ သစ်တောတွင်း သိုလှောင်ကာဗွန်များကို ထိန်းသိမ်းကာကွယ်ခြင်း ၊ သစ်တောများအား ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောတွင်း သိုလှောင်ကာဗွန်များကို တိုးတက်စေခြင်း (REDD+) မဟာဗျူဟာ နှင့် အဆက်အဟပ်မိစေမည့်အပြင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေး ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက်ပါ ဤအစပျိုးလုပ်ဆောင်မှုက အထောက်အကူဖြစ်စေမည်။

REDD+ ဆိုတာ ဘာလဲ?

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း (UNFCCC) ကို ၁၉၉၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးဖြစ်ခြင်း ၊ ၁၉၉၄ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကွန်ဗင်းရှင်းကိုလည်းကောင်း ၂၀၀၃ ခုနှစ်တွင် ကျိုတို သဘောတူညီချက်ကို  ဝင်ငွေနည်းနိုင်ငံ (non-Annex 1) အဖွဲ့ဝင်အနေဖြင့်လည်းကောင်း အတည်ပြုပြီးဖြစ်ခြင်းကြောင့်  ရာသီဥတု ပြောင်းလဲမှု၏ အကြောင်းရင်းများနှင့် ဖြစ်နိုင်ဖွယ်ဆိုးကျိုးများကို မြန်မာနိုင်ငံက အလုံးစုံ သိမြင်နားလည်ပြီး ဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖော်ဆောင်စဉ်နှင့် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် မျှော်မှန်းလျက်ကပင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုလျော့ချရေးအတွက် မြန်မာနိုင်ငံက ကြိုးပမ်းလျက်ရှိသည်။ ကမ္ဘာ့သယံဇာတများအား ထိန်းသိမ်းခြင်းဖြင့် သဘာဝနှင့်သဟဇာတဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှု (Green Development) အား အထောက်အပံ့ဖြစ်စေခြင်း ၊ မြေအရည်အသွေးလျော့ကျခြင်းအား ပြောင်းပြန်လှန်ပစ်နိုင်ရန် အကူအညီဖြစ်စေခြင်း ၊ ကျေးလက်နေ နွမ်းပါးချို့တဲ့သူများ၏ သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ နှင့် ၎င်းတို့၏ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေနိုင်စွမ်း တိုးတက်ကောင်းမွန်စေခြင်းများ ဖြစ်ပေါ်စေနိုင်သည့်  REDD+ အစပျိုးလုပ်ဆောင်မှု ၏ အလားအလာကို မြန်မာနိုင်ငံအစိုးရက အသိအမှတ်ပြုထားသည်။

 

 

ဘေးအန္တရာယ်အလားအလာများ နှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များမှ ကာကွယ်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း ၊ သဘာဝသယံဇာတများအား ရေရှည်တည်တံ့အောင်စီမံခန့်ခွဲခြင်း နှင့် အားလုံးတန်းတူ အကျုံးဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အားပေးမြှင့်တင်ခြင်းဆိုင်ရာ မြန်မာနိုင်ငံ၏ စွမ်းဆောင်နိုင်ရည် အားကောင်းလာစေရေး ဆောင်ရွက်ရာ၌ သိသာထင်ရှားသော မှတ်ကျောက်များ တင်နိုင်ခဲ့သည်။ UNDP ၏ နည်းပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ အသစ်တရပ်ကို ၂၀၁၉ ခုနှစ်၌ စတင်နိုင်ခဲ့သည့်အပြင် မြန်မာ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအမံတွင် သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပေါင်းစပ်အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ထိပ်သီးညီလာခံ၌ မြန်မာနိုင်ငံ၏ သတင်းစကားမှာ ပီသကြည်မြလှပါ၏ - သားငှက်တိရစ္တာန်နှင့်  အရေးကြီး ရေဝေရေလဲ ဒေသများအား ကာကွယ်ခြင်း ၊ ဌာနေတိုင်းရင်းရိုးရာအမွေအနှစ်များအား ထိန်းသိမ်းခြင်းများ ပြုလုပ်နေလျက်မှပင် တဘက်မှ သစ်တောများအား စောင့်ရှောက်ခြင်းက ကမ္ဘာတဝှမ်း ကျရောက်သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှု ဖြေရှင်းရေးအတွက် စွမ်းအားအမြင့်ဆုံးဖြစ်ပြီး တွက်ခြေကိုက်သော သဘာဝတရားအခြေပြု နည်းနာများ အနက်မှ တခုကို နိုင်ငံ့အတွက် အကျိုးကျေးဇူးပြုပါသည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းကျော်ရှိရာ ဟက်တာ ၂၉ သန်း နှင့် ညီမျှသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ပြီး စားဝတ်နေရေး နှင့် သက်မွေးဝမ်းကျောင်းအတွက် သစ်တောများအပေါ် အမှီပြုနေရသည်။ ကမ္ဘာပေါ်၌ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်မရှိဆုံး ၃ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်သည်။


မြေငလျင် ၊ ရေဘေးနှင့် မုန်တိုင်းဒီရေတက်ခြင်းနှင့် ပတ်သက်၍ ထိခိုက်လွယ်နေရခြင်းမှ မြန်မာနိုင်ငံအား အကာအကွယ် ပေးရာတွင် မရှိမဖြစ်လိုအပ်သည့်အတွက် ရေရှည်တည်တံ့မည့် သစ်တောစီမံခန့်ခွဲမှုကို မြန်မာနိုင်ငံက ဆက်လက်ဦးစား ပေးသွားမည် ဖြစ်ကြောင်း ဦးအုန်းဝင်းက ထိပ်သီးညီလာခံတွင် အဓိကအသားပေးပြောကြားသွားသည်။

သစ်တောကဏ္ဍနှင့်စပ်လျဉ်း၍ လူထုအခြေပြု သစ်တောပြန်လည်ပျိုးထောင်ခြင်းအားဖြင့်လည်းကောင်း ၊ အရည်အသွေး လျော့ကျသွားသော ရေဝေရေလဲဒေသများ ၊ ကမ်းရိုးတန်းဒေသများ နှင့် မြောက်ပိုင်းတောင်တန်းဒေသများရှိ ကျေးလက် ဒေသ သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များအား မြှင့်တင်ပေးခြင်းအားဖြင့်လည်းကောင်း အရည်အသွေး လျော့ကျ သွားပြီး အထိအခိုက်မခံနိုင်သော သစ်တောဧရိယာများအား မြန်မာနိုင်ငံက သစ်တော ပြန်လည်ဖြည့်တင်းလျက် ရှိသည်။ UNDP က သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society) နှင့်မိတ်ဖက်ပြုလျက် GEF ထံမှ ရန်ပုံငွေဖြင့် “မြန်မာနိုင်ငံတွင်း ထိန်းသိမ်းစောင့်ရှောက်ခံနယ်မြေများ စီမံခန့်ခွဲမှု ရေရှည်တည်တံ့ရေး” စီမံချက်ကို အကောင်အထည်ဖော်လျက်ရှိပြီး ၎င်း၏ ရည်မှန်းချက်မှာ တိုးမြှင့်ကိုယ်စားပြုမှု ၊ ထိရောက်သော စီမံခန့်ခွဲမှု ၊ စောင့်ကြည့်လေ့လာခြင်း ၊ လိုက်နာစေခြင်း နှင့် ဘဏ္ဍာငွေဖြည့်တင်းခြင်းတို့မှတဆင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံ့ထိန်းသိမ်းစောင့်ရှောက်ခံနယ်မြေများ ကုန်းတွင်းစနစ်အားကောင်းလာစေရေးဖြစ်သည်။

သစ်တောများနှင့် စောင့်ရှောက်ခံနယ်မြေများအား ပြန်လည်ဖြည့်တင်းခြင်း ၊ ထိန်းသိမ်းခြင်းနှင့် ချဲ့ထွင်ခြင်းပြုနိုင်ရေး ဤအစပျိုးမှုများအပေါ် မျှော်လင့်ချက်ထားပါသည်။ သို့မှသာ စိုးရိမ်ရလောက်သော မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် မျိုးစိတ်များ အပါအဝင် ပေါကြွယ်ဝသော သစ်ပင်ပန်းမန်နှင့် ကျေးငှက်တိရစ္ဆာန် မျိုးစုံမျိုးကွဲများအား ကာကွယ်နိုင်မည် ဖြစ်သည်။

သားငှက် ထိန်းသိမ်းရေး အဖွဲ့ပါဝင်သည့် လတ်တလော လေ့လာမှုတရပ်က မြန်မာနိုင်ငံတွင်း မျိုးသုဉ်းပျောက်ကွယ်လု နီးပါး မျိုးစိတ်ပေါင်း ၃၃၁ ခုကို ဖော်ထုတ်ခဲ့သည့်အပြင် တရားမဝင်ကုန်သွယ်မှု ၊ သားငှက်တိရစ္ဆာန် အခွင့်မဲ့ အမဲလိုက် သတ်ဖြတ်ခြင်း နှင့် အသိုက်အမြုံပျောက်ကွယ်ခြင်းများမှာ ဖြေရှင်းရန်လိုအပ်သည့် အရေးပါသောပြဿနာများအဖြစ် တွေ့ရှိရသည်။

လိုက်လျောညီထွေနေနိုင်ရေးကြိုးပမ်းမှုများအား ဟန်ချက်ညီညီမြှင့်တင်ရန်ဆောင်ရွက်နေသည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ကြံ့ကြံ့ခံနိုင်စွမ်းထူထောင်ရေး နယ်ပါယ်များတွင် လွန်စွာသိသာထင်ရှားသော တိုးတက် ဖြစ်ပေါ်မှုအချို့ ဖြစ်ထွန်းခဲ့သကဲ့သို့ပင် မြန်မာနိုင်ငံအနေဖြင့် “ရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် အနာဂတ် မျှော်မှန်းချက်” ရရှိရေးအတွက် နိုင်ငံတကာ၏ ပံ့ပိုးမှုလိုအပ်ပါလိမ့်မည်ဟု ရာသီဥတုထိန်းသိမ်းမှုလုပ်ငန်းစဉ် ထိပ်သီးညီလာခံ၏ ဘေးပန်းကိစ္စရပ်များဆွေးနွေးပွဲ မိန့်ခွန်းတွင် ဝန်ကြီးဦးအုန်းဝင်းက ထည့်သွင်းပြောကြားသည်။


Photo: Martin Cosier

ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ရင်းနှီးသော မိတ်ဖက်တဦးဖြစ်သည့် UNDP က နယူးယော့ခ်မြို့ရှိ ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံ တက်ရောက်ရာ တွင် ပံ့ပိုးပေးခဲ့သည် [ကြံ့ကြံ့ခံနိုင်စွမ်းနှင့်ရေရှည်တည်တံ့မှုနယ်ပါယ်တွင် မြန်မာနိုင်ငံအစိုးရအား UNDP ၏ ဖြည့်ဆည်း ပေးနေဆဲ ပံ့ပိုးမှု အကြောင်း ဖတ်ရှုရန်]။ ဤပံ့ပိုးမှုမှာ UNDP နှင့် ‘ကုလသမဂ္ဂဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဆင်းရဲနွမ်းပါးမှု - စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များအတွက် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှား ဆောင်ရွက်မှု’တို့၏ မြန်မာနိုင်ငံတွင်းရှိ ပူးတွဲအစပျိုးလုပ်ဆောင်မှု၏ တစိတ်တပိုင်းဖြစ်သည်။

Icon of SDG 13

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး