မွန်ပြည်နယ်တွင် PPE ဝတ်စုံများ မရှိမဖြစ်အရေးပါလာနေ

2020- December 21

ဓာတ်ပုံ - ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင် မော်လမြိုင်မှ စေတနာလုပ်အားရှင်တစ်ဦးဖြစ်သူ ကိုဌေးဝင်း၏ အလောင်းအား သယ်ယူနေသည့် PPE ဝတ်စုံများ ဝတ်ဆင်ထားသော စေတနာလုပ်အားရှင်များ


ထိုင်းနိုင်ငံ၏ အရှေ့ဘက်နယ်စပ်ရှိ မွန်ပြည်နယ်သည် ထိုင်းနိုင်ငံသို့ အဝင်အထွက် ပြုလုပ်နေသည့် ထောင်သောင်းချီသော မြန်မာရွှေ့ပြောင်းလုပ်သားများ ပုံမှန်ဝင်ထွက်ရာ ကြားခံတစ်ခု ဖြစ်ပါသည်။ သို့သော် ယခုနှစ်မေလမှစ၍ ဤနယ်စပ်အဝင်အထွက်များသည် အန္တရာယ်ကြီးမားသည့် အခြေ အနေ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားလာမှုနှင့်အတူ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့်  ရောဂါကူးစက်ခံထားရသော ရွှေ့ပြောင်းလုပ်သားအရေအတွက် သည် တရိပ်ရိပ် တက်လာကာ ဗိုင်းရပ်စ်ရောဂါကို ထပ်မံကူးစက်ပြန့်ပွားစေလျက် ရှိပါသည်။  

ဗိုင်းရပ်စ်ရောဂါ၏ သက်ရောက်မှုသည် ပြည်နယ်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကဲစမ်းလျက်ရှိပါသည်။ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုသော နေရာများတွင် လူများ ပြည့်လျှံ၍ ကျန်းမာရေးဝန်ထမ်းများမှာ မနိုင်မနင်းဖြစ်ကာ မြို့နယ်အများအပြား၊ နေရာ အများ အပြား တွင်လည်း ‘အိမ်တွင်နေရန်’ စည်းကမ်းချက်များ ထုတ်ပြန်ထားရပါသည်။ အစိုးရမှ နောက်ဆုံး ထုတ် ပြန်ထားသော ကိန်းဂဏန်းအချက်အလက်များအရ ယခုအချိန်အထိ အတည်ပြု လူနာ ၁,၈၀၀ နီးပါးနှင့် သေဆုံးသူ ၁၂ ဦး ရှိနေပါသည်။     

ပြည်နယ်အာဏာပိုင်များသည် ရောဂါကူးစက်ခံရသူအရေအတွက် မြင့်တက်လာမှုကို ကိုင်တွယ် ဖြေရှင်း နိုင်ခြင်း မရှိသဖြင့် စေတနာလုပ်အားရှင် အဖွဲ့အစည်းများထံမှ အကူအညီများ ရယူခဲ့ ပါသည်။ အများစု မှာ လူငယ်များ ဖြစ်ကြသော စေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ သံသယ လူနာများအား အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုရာ နေရာများကို ပို့ဆောင်ပေးခြင်းနှင့် အထောက်အကူပြု ဝန် ဆောင်မှုများ ပံ့ပိုးခြင်းတို့တွင် ပါဝင်ကူညီပေးနေကြပါသည်။

ဤသည်မှာ အချိန်ရှည်ကြာ လုပ်ကိုင်ရသည့် ခက်ခဲပင်ပန်းသော အလုပ်တစ်ခုဖြစ်ရာ စေတနာ လုပ်အား ရှင်များမှာ အလွန်ပင်ပန်းကြပါသည်။ ပိုဆိုးသည်မှာ ထိုအလုပ်များကို လုပ်ကိုင်ရာတွင် မရှိမဖြစ် လိုအပ် သည့် တစ်ကိုယ်ရေရောဂါကာကွယ်ရေး ဝတ်စုံများ (PPE) မှာလည်း ပြည့်စုံမှု မရှိပါ။ စေတနာလုပ် အားရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် နယ်စပ်ဂိတ်များနှင့် ကျန်းမာ ရေးဌာနများရှိ ရောဂါကူး စက် ခံထားရသူများနှင့် ထိတွေ့နေရသည့်အတွက် အန္တရာယ်ကြီးမားလှ ပြီး  အချို့ဆိုလျှင် ရောဂါ ကူးစက်ခံရကာ ၎င်းတို့ကိုယ်တိုင် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုမှုကို ခံယူကြရပါသည်။

လအနည်းငယ်ကြာ လုပ်အားပေးခဲ့သည့် စေတနာလုပ်အားရှင်တစ်ဦးသည် ဒီဇင်ဘာလဆန်းတွင် နာမကျန်းဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့ပါသည်။ သူငယ်ချင်းများနှင့် အခြားစေတနာလုပ်အားရှင် များက ၎င်းတို့၏ ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲမှုများကို ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြခဲ့ကြရာ ၎င်းတို့ထဲမှ တစ်ဦးက “ကိုဗစ်-၁၉ ကြောင့် စေတနာလုပ်အားရှင်တစ်ဦး သေဆုံးခဲ့ရတာဟာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျွန်တော်တို့ရဲ့ စေတနာလုပ်အားရှင်တွေကို ကျွန်တော်တို့ ကူညီပေးဖို့ လိုပါ တယ်။ အဲဒါမှ သူတို့တွေအနေနဲ့ ကိုယ်တိုင်အန္တရာယ်မကြုံတွေ့ရဘဲ လူတွေကို ပိုပြီး ထိထိရောက် ရောက် ကူညီပေးနိုင်ကြမှာပါ” ဟု ရေးသားထားပါသည်။ အခြားသူများကလည်း ထိုပို့စ်ကို ဝိုင်းဝန်း ထောက်ခံခဲ့ကြပါသည်။

ထိုစေတနာလုပ်အားရှင် မကွယ်လွန်မီ ရက်သတ္တပတ်အနည်းငယ်ကပင် PPE ဝတ်စုံများ အလွန်ပင် လိုအပ်နေခဲ့ပါသည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် စေတနာလုပ်အားရှင်အဖွဲ့များသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သို့ ဆက်သွယ်၍ အကူအညီများ တောင်းခံခဲ့ကြပါသည်။  

“တချို့စေတနာလုပ်အားရှင်အဖွဲ့တွေက ကျွန်မဆီ ဆက်သွယ်ပြီး PPE ဝတ်စုံတွေ တောင်းခံခဲ့ကြပါ တယ်။ အခြေအနေက အတော်လေး ဆိုးရွားနေပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ် လို့ သူတို့က ကျွန်မကို ပြောပါတယ်” ဟု မော်လမြိုင် UNDP ရုံးမှ ဝန်ထမ်းတစ်ဉီးကပြောပြပါ သည်။ “ပြည် နယ်တစ်ခုလုံးမှာရှိတဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ စေတနာလုပ်အားရှင် အဖွဲ့တွေက အဓိက ပါဝင်ကူညီနေကြတာပါ။ ဒါကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့အတွက် PPE ဝတ်စုံတွေ အရေး တကြီးလိုအပ်နေပါတယ်” ဟု အဆိုပါဝန်ထမ်းက ဖြည့်စွက်ပြောကြားပါသည်။

အသိပညာပေးအစီအစဉ်များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လှုံ့ဆော် စည်းရုံးသည့် အစီအစဉ်များမှတစ်ဆင့် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် မွန်ပြည်နယ် အစိုးရသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုအစီအစဉ်များကို ပြည်နယ်တွင်းရှိ မော်လမြိုင်၊ သထုံ၊ ကျိုက်ထိုတို့မှ ထိခိုက်လွယ်သော ဒေသခံပြည်သူအစုအဖွဲ့များအတွက် ဆောင်ရွက်ပေးခဲ့ပါ သည်။ ထို့အပြင် ပါးစပ်နှင့်နှာခေါင်းစည်းများ၊ မျက်နှာကာများ၊ ခွဲစိတ်ခန်းသုံး လက်အိပ်များ၊ လက် သန့်စင်ဆေးရည်များ၊ စသည့် PPE ပစ္စည်းအမျိုးအမည်ပေါင်း ၁၇,၀၀၀ နီးပါးနှင့် အောက်စီဂျင်ဘူး များ၊ အပူချိန်တိုင်းကိရိယာများ (walk through temperature scanners) နှင့် အသက်ရှုအကူပေးစက်များ အပါအဝင် ဆေးပစ္စည်းကိရိယာ ၁၃၆ ခုတို့ကိုလည်း ထောက်ပံ့ ပေးခဲ့ ပါသည်။     

ဓာတ်ပုံ - ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင် မော်လမြိုင်မှ စေတနာလုပ်အားရှင်တစ်ဦးဖြစ်သူ ကိုဌေးဝင်း၏ အလောင်းအား သယ်ယူနေသည့် PPE ဝတ်စုံများ ဝတ်ဆင်ထားသော စေတနာလုပ်အားရှင်များ


UNDP သည် အစိုးရအဆင့်များအားလုံးသို့ ပံ့ပိုးကူညီမှုများကို တိုးချဲ့ပေးအပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် လည်း ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှု လျော့ပါးစေရန် အုပ်ချုပ်ရေးအဖွဲ့များအား ဆက်လက် ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။