စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များဆိုသည်မှာ အဘယ်နည်း။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) များကို ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များဟုလည်း လူသိများပြီး ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးက ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှုပပျောက်ရန်၊ ကမ္ဘာမြေအား ကာကွယ်စောင့်ရှောက်ရန်နှင့် လူအများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုရရှိစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြသည်။
SDG ပန်းတိုင် (၁၇) ခုသည် ပေါင်းစည်းလျက် ရှိပါသည်။ ဆိုလိုသည်မှာ SDG ပန်းတိုင် တစ်ခုအတွက် ဆောင်ရွက်လိုက်ခြင်းသည် အခြားသော ရလဒ်များအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိပြီး ဖွံ့ဖြိုးတိုးတက်မှုများသည် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုများနှင့် ဟန်ချက်ညီနေရန် လိုအပ်ပါသည်။
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နောက်ချန်မထားဟူသော ကတိကဝတ်နှင့်အညီ နောက်ခပ်ဝေးဝေးတွင် ကျန်ရစ်နေသောနိုင်ငံများအတွက် တိုးတက်မှုများ အရှိန်မြှင်ရန် နိုင်ငံများသည် ကတိကဝတ်ပြုခဲ့ကြပါသည်။ ထို့ကြောင့် SDG များသည် ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှု၊ အေအိုင်ဒီအက်စ်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်ခွဲခြားဆက်ဆံမှုများအပါအဝင် ဘဝများကို ပြောင်းလဲစေသည့် 'သုည' များကို ဆောင်ကြဉ်းပေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
ဤ ရည်မှန်းချက်ကြီးမားသော ပန်းတိုင်သို့ လူတိုင်းရောက်ရှိရန် လိုအပ်ပါသည်။ နိုင်ငံတိုင်းတွင် SDG ပန်းတိုင်များသို့ ရောက်ရှိရန် လူ့အဖွဲ့အစည်းအားလုံးမှ တီထွင်ကြံဆမှု၊ ဗဟုသုတ၊ နည်းပညာနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ လိုအပ်ပါသည်။
UNDP ၏ အခန်းကဏ္ဍသည် အဘယ်နည်း။
ကုလသမဂ္ဂ၏ ဦးဆောင် ဖွံ့ဖြိုးရေး အေဂျင်စီတစ်ခုအနေဖြင့် UNDP သည် နိုင်ငံများနှင့် နယ်မြေများ ၁၇၀ ကျော်တွင် SDG ပန်းတိုင်များသို့ ရောက်ရှိရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကျွန်ုပ်တို့သည် SDG ပန်းတိုင်များကို ရောက်ရှိရန် ပေါင်းစည်းထားသော ဖြေရှင်းချက်များမှတဆင့် ပံ့ပိုးပေးပါသည်။ ရောဂါပျံ့နှံ့ခြင်းကို တားဆီးခြင်းမှ အစပြု၍ ပဋိပက္ခကို ကာကွယ်ခြင်းအထိ ယနေ့ခေတ်၏ ရှုပ်ထွေးသော စိန်ခေါ်မှုများကို တစ်ဦးတစ်ယောက်တည်း၏ အားဖြင့် ဖြေရှင်း၍မရပါ။ UNDP အနေဖြင့် လူသားတို့၏ နေ့စဉ် အမှန်တကယ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် စနစ်များ၊ အကြောင်းရင်းခံများနှင့် စိန်ခေါ်မှုများအကြား ဆက်နွယ်မှုများကို ဦးစားပေးဖြေရှင်းပေးပါသည်။
ရည်မှန်းချက် ပန်းတိုင်များသို့ ရောက်ရှိရန် ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ကို တန်ဖိုးရှိသော အတွေ့အကြုံများနှင့် ခိုင်လုံသော မူဝါဒ ကျွမ်းကျင်မှုများကို ပေးပြီး ၂၀၃၀ ခုနှစ်တွင် ပြည့်မီရန် ချမှတ်ထားသော ပန်းတိုင်များသို့ ရောက်ရှိရန် သေချာစေပါသည်။ သို့သော် ကျွန်ုပ်တို့ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍ မရပါ။
ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်အတွက် ကောင်းမွန်သော ကမ္ဘာကြီးကို ပေးအပ်ခဲ့ရန် SDG ပန်းတိုင်းများသို့ ရောက်ရှိရန်ကြိုးပမ်းရာတွင် အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍ၊ အရပ်အဖက် လူမှု အဖွဲ့အစည်းများနှင့် ပြည်သူများပါဝင်ရန် လိုအပ်ပါသည်။
SDG လိုဂိုနှင့် အသုံးပြုပုံနည်းလမ်းများ
SDG လိုဂို၊ Colour Wheel နှင့် SDG Icon များကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာဖြင့် ရယူရန်နှင့် အသုံးပြုပုံနည်းလမ်းများကို ဖတ်ရှုရန် ဤနေရာ ကို နှိပ်ပါ။