SDG logo

 

SDG ပန်းတိုင်များ၏ နောက်ခံအချက်အလက်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) ကို ၂၀၁၂ ခုနှစ်တွင် ရီယိုဒီဂျနေရိုရှိ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံတွင် မွေးဖွားခဲ့သည်။ ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် ရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင်၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရန်ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ဖြေရှင်းရန် ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို စတင်ခဲ့သည့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (MDGs) ကို SDG များက အစားထိုးလိုက်သည်။ MDGs များသည် ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး၊ သေစေနိုင်သော ရောဂါများကို ကာကွယ်ရန်နှင့် မူလတန်း ပညာရေးကို ကလေးများအားလုံး ရရှိစေရန် အစရှိသည့် ဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်းများကို ဆောင်ရွက်ပါသည်။

၁၅ နှစ်တာကာလအတွင်း MDGs များသည် အရေးကြီးသော ကဏ္ဍများဖြစ်သည့် ၀င်ငွေနည်းပါးမှုကို လျှော့ချခြင်း၊ ရေနှင့်သန့်ရှင်းရေးအတွက် လိုအပ်သော လက်လှမ်းမီမှု ဆောင်ရွက်ပေးခြင်း၊ ကလေးသေဆုံးမှု လျော့ချခြင်းနှင့် မိခင်ကျန်းမာရေးမြှင့်တင်ခြင်း များတွင် အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ MDGs များသည် အခမဲ့ မူလတန်းပညာရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုကို စတင်ခဲ့ကာ တိုင်းပြည်များအတွက် နောင်လာမည့် မျိုးဆက်များတွင် ရင်းနှီးမြှုပ်နှံရန်လည်း လှုံ့ဆော်ပေးသည်။ အသိသာဆုံးမှာ MDGs ပန်းတိုင်များသည် အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ်၊ ငှက်ဖျားရောဂါနှင့် တီဘီရောဂါကဲ့သို့သော အခြားကုသနိုင်သော ရောဂါများကို တိုက်ဖျက်ရန် များစွာကြိုးပမ်းခဲ့သည်။

 


ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၏ အဓိက အောင်မြင်မှုများ

  • လူဦးရေ ၁ ဘီလီယံကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှ ကယ်တင်ပေးနိုင်ခဲ့သည် (၁၉၉၀ ခုနှစ်တွင် စတင်သည်)
  • ကလေးငယ် သေဆုံးမှုကို ထက်ဝက်အထိ လျှော့ချနိုင်ခဲ့သည် (၁၉၉၀ ခုနှစ်တွင် စတင်သည်)
  • ကျောင်းထွက်လိုက်ရသည့် ကလေးငယ် အရေအတွက်သည် ထက်ဝက်အထိ ကျဆင်းခဲ့သည် (၁၉၉၀ ခုနှစ်တွင် စတင်သည်)
  • အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှုကို ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းစေခဲ့သည် (၂၀၀၀ ခုနှစ်တွင် စတင်သည်)

MDGs များ၏ အမွေများနှင့် အောင်မြင်မှုများသည် ကျွန်ုပ်တို့အား ရည်မှန်းချက် အသစ်များကို စတင်လုပ်ဆောင်ရန်အတွက် တန်ဖိုးရှိသော သင်ခန်းစာများနှင့် အတွေ့အကြုံများကို ပေးပါသည်။ သို့သော်လည်း တစ်ကမ္ဘာလုံးရှိ သန်းနှင့်ချီသော လူသားများအတွက် လုပ်ဆောင်ဖွယ် အလုပ်များ အများအပြား ကျန်ရှိနေပါသေးသည်။ ကျွန်ုပ်တို့သည် ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ရေး၊ ကျားမတန်းတူညီမျှမှု အပြည့်အ ၀ ရရှိရေး၊ ကျန်းမာရေး ၀န်ဆောင်မှုများ တိုးတက်ရေးနှင့် ကလေးငယ်များကို မူလတန်း ပညာရေးထက် ကျော်လွန်၍ တက်ရောက်နိုင်စေရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ SDGs များသည် ကမ္ဘာကြီးကို ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော လမ်းကြောင်းသို့ ပြောင်းလဲရန် အရေးတကြီး တောင်းဆိုမှုတစ်ခု ဖြစ်သည်။

SDGs များသည် ကျွန်ုပ်တို့ စတင်ခဲ့သည့် အရာကို ပြီးမြောက်အောင် ဆောင်ရွက်ရန်နှင့် ယနေ့ခေတ် ကမ္ဘာတွင် ရင်ဆိုင်နေရသော ပိုမိုဖိအားပေးစိန်ခေါ်မှုများကို ဖြေရှင်းရန် ရဲရင့်သော ကတိကဝတ်တစ်ခု ဖြစ်သည်။ ရည်မှန်းချက် (၁၇) ခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။ ဆိုလိုသည်မှာ ပန်းတိုင်တစ်ခု၏ အောင်မြင်မှုသည် အခြားတစ်ခုအတွက် အကျိုးသက်ရောက်မှုရှိသည်။ ရာသီဥတုပြောင်းလဲမှု၏ ခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ ပျက်စီးလွယ်သော သဘာဝသယံဇာတများကို မည်သို့စီမံခန့်ခွဲမည်ကို သက်ရောက်မှုရှိနိုင်သည်၊ ကျားမတန်းတူညီမျှမှု သို့မဟုတ် ပိုမိုကောင်းမွန်သော ကျန်းမာရေးကို ရရှိစေခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို ဖယ်ရှားပေးသည်၊ ငြိမ်းချမ်းရေးနှင့် အားလုံးပါ၀င်သော လူ့အဖွဲ့အစည်းများကို မြှင့်တင်ခြင်းသည် မညီမျှမှုကိုလျှော့ချပြီး စီးပွားရေးတိုးတက်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။အတိုချုပ်ဆိုရလျှင် ယင်းပန်းတိုင်များသည် ကျွန်ုပ်တို့ အနာဂတ် မျိုးဆက်များ၏ ဘဝများကို တိုးတက်အောင်စေရန် အကြီးမားဆုံးအခွင့်အရေးဖြစ်သည်။

SDGs ပန်းတိုင်များသည် သမိုင်းဝင် သဘောတူညီချက်တစ်ခုဖြစ်သော ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုသည့် COP21 ပဲရစ် ရာသီဥတုညီလာခံနှင့် တိုက်ဆိုင်မှုရှိပါသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံတွင် ရေးထိုးခဲ့သော သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် Sendai မူဘောင်နှင့်အတူ ဤသဘောတူညီချက်များသည် ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချရန်၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များ၏ အန္တရာယ်များကို စီမံခန့်ခွဲရန်၊ ဘေးအန္တရာယ် ကြုံတွေ့ပြီးသည့်အခါ ကောင်းမွန်စွာ ပြန်လည်ထူထောင် ပေးရန် အစရှိသော ပန်းတိုင်များကို ရောက်ရှိရန် ချမှတ်ထားပါသည်။

SDGs များသည် ကျွန်ုပ်တို့ အားလုံးအတွက် အကျိုးသက်ရောက်စေသည့် ပြဿနာများကို လွှမ်းခြုံဖြေရှင်းပေးခြင်းကြောင့် ထူးခြားပါသည်။ SDGs များသည် ဆင်းရဲနွမ်းပါးမှုကို အပြီးအပိုင်အဆုံးသတ်ရန် ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည်။ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရန် သေချာစေသည်။ ပို၍ အရေးကြီးသည်မှာ SDGs များသည် လူသားအားလုံးအတွက် ပိုမိုရေရှည်တည်တံ့၊ ပိုမိုလုံခြုံသော၊ ပိုမိုသာယာဝပြောသော ကမ္ဘာကြီးကို တည်ဆောက်ရန် ကျွန်ုပ်တို့အားလုံးကို ပါ၀င်စေသည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး