ပန်းတိုင် (၁၀) - မညီမျှမှုများ လျော့နည်းသွားစေရေး

 

ဝင်ငွေမညီမျှမှုသည် အတက်ဘက်တွင်ရှိနေသည်။ ဆိုလိုသည်မှာ အချမ်းသာဆုံးသူ ၁၀ ရာခိုင်နှုန်းသည် ကမ္ဘာ့ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းအထိ ရရှိနေပြီး သို့ရာတွင် အနွမ်းပါးဆုံးသူ ၁၀ ရာခိုင်နှုန်းသည် ထိုဝင်ငွေ၏ ၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း ကြားသာ ရရှိနေသည်။ အကယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူဦးရေတိုးတက်မှု မညီမျှခြင်းကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက မညီမျှမှုသည် ၁၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်။

လွန်ခဲ့သော ဆယ်စုနှစ်များတွင် ဝင်ငွေမညီမျှမှုသည် နေရာတိုင်းနီးပါး၌ နှုန်းအမျိုးမျိုးဖြင့် မြင့်တက်ခဲ့သည်။ ဥရောပဒေသတွင် အနိမ်ဆုံးဖြစ်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင် အမြင့်ဆုံး ဖြစ်သည်။

ထိုကွာခြားချက်များ၏ ကျယ်ပြောမှုကို ဖြေရှင်းရန် ဝင်ငွေပိုမို နိမ့်ပါးသူများအား စွမ်းရည်မြှင့်တင်နိုင်သည့် လိင်၊ လူမျိုး သို့မဟုတ် မျိုးနွယ်စုများကို ချန်လှပ်ထားပြီး အားလုံးပါဝင်နိုင်သော စီးပွားရေးကို မြှင့်တင်နိုင်သည့် သဟဇာတဖြစ်သော မူဝါဒများ လိုအပ်သည်။

ဝင်ငွေမညီမျှမှုသည် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းများ လိုအပ်ပေသည်။ ငွေကြေးစျေးကွက်များနှင့် အဖွဲ့အစည်းများ၏ ထိန်းချုပ်ခြင်း နှင့် စော့င်ကြည့်ထိန်းသိမ်းခြင်းကို မြှင့်တင်ခြင်း၊ အလိုအပ်မှုအရှိဆုံး ဒေသများသို့ ဖွံ့ဖြိုးရေး အကူအညီ နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကို အားပေးဆောင်ရွက်စေခြင်းတို့ ပါဝင်သည်။ ဘေးကင်းလုံခြုံသော လူသား ပြောင်းရွှေ့နေထိုင်မှု လုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းသည် ကွာဟမှု ကျယ်ပြန့်ခြင်းကို ကူးပေါင်းနိုင်သည့် အဓိကသော့ချက်ပင် ဖြစ်သည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၂၂%

၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ဝင်ငွေ၏ ၂၂ ရာခိုင်နှုန်းသည် ဝင်ငွေအမြင့်ဆုံးသူ ၁ ရာခိုင်နှုန်းကြောင့် ရရှိနေပြီး နှိုင်းယှဉ်ကြည့်ပါက ဝင်ငွေအနိမ့်ဆုံးသူ ၅၀ ရာခိုင်နှုန်းသည် ထိုဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။

၁၆ %

၁၉၈၀ တွင် ဝင်ငွေအမြင့်ဆုံးသူ ၁ ရာခိုင်နှုန်းသည် ကမ္ဘာ့ဝင်ငွေ၏ ၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ဝင်ငွေအနိမ်ဆုံးသူ ၅၀ ရာခိုင်နှုန်းသည် ထိုဝင်ငွေ၏ ၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

၃၃ %

စီးပွားရေး မညီမျှမှုကို အရင်းအနှီးပိုင်ဆိုင်မှု မညီမျှခြင်းမှ အဓိက မောင်းနှင်လျက်ရှိသည်။ ၁၉၈၀ခုနှစ်ကတည်းကပင် ပုဂ္ဂလိက ကြွယ်ဝမှုကို အစိုးရ ကြွယ်ဝမှုသို့ အထူးပြောင်းရွှေ့ခြင်းများသည် နိုင်ငံတိုင်းနီးပါးတွင် ဖြစ်ပွားခဲ့သည်။ ဝင်ငွေအမြင့်ဆုံးသူ ၁ ရာခိုင်နှုန်းသည် ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝယ်မှု ခွဲဝေခြင်းတွင် ၂၀၁၆ ၌ ၃၃ ရာခိုင်နှုန်း ရှိခဲ့သည်။

၃၉ %

"bussiness as usual" အောက်တွင် ကမ္ဘာ့ကြွယ်ဝမှု၏ ထိပ်ဆုံးစာရင်း ၁ ရာခိုင်နှုန်းသည် ၂၀၅၀ အရောက်တွင် ကမ္ဘာ့ဝင်ငွေ၏ ၃၉ ရာခိုင်နှုန်းသို့ ရောက်ရှိလိမ့်မည်။

နှစ်ဆ

အမျိုးသမီးများသည် ယေဘုယျအားဖြင့် ငွေကြေးမရရှိသည့် အိမ်အလုပ်များတွင် အမျိုးသားများထက် အချိန်ကို နှစ်ဆခန့် သုံးစွဲနေရသည်။

၆၀ %

ငွေကြေးဝန်ဆောင်မှုရရှိသည့် နိုင်ငံများ၏ ၆၀ ရာခိုင်နှုန်းတွင်သာ အမျိုးသမီးသည် အမျိုးသားများနှင့် တန်းတူ ငွေကြေးဝန်ဆောင်မှုများကို ရရှိနိုင်ပြီး မြေယာပိုင်ဆိုင်ခွင့်ရရှိသည့် နိုင်ငံများ၏ ၄၂ ရာခိုင်နှုန်းတွင်သာ မြေယာပိုင်ဆိုင်ခွင့် ရကြသည်။

  • ၂၀၃၀ အရောက်တွင် လူဦးရေ ၄၀ ရာခိုင်နှုန်းသော ဝင်ငွေနိမ့်ပါးသူများ၏ ဝင်ငွေကို တစ်တိုင်းပြည်လုံး ပျမ်းမျှအဆင့်ထက် ပိုမိုမြင့်မားသည့်နှုန်း ရရှိပြီး ရေရှည်တည်တံ့အောင် တိုးမြှင့် ဆောင်ရွက်ရေး

  • ၂၀၃၀ အရောက်တွင် အသက်အရွယ်၊ ကျား မ၊ မသန်စွမ်းဖြစ်မှု၊ လူမျိုးစု၊ မူရင်းဒေသ၊ ဘာသာတရား သို့မဟုတ် စီးပွားရေး၊ သို့မဟုတ် အခြားသော အဆင့်အတန်းတို့ကို အလေးမထားဘဲ လူသားများအားလုံး၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နိုင်မှုကို အားဖြည့် မြှင့်တင် ဆောင်ရွက်ပေးရေး

  • ခွဲခြားမှုရှိသည့် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ဖျက်သိမ်းခြင်းနှင့် သင့်တော်သော ဥပဒေ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များ မြှင့်တင်ဆောင်ရွက်ခြင်းတို့ အပါအဝင် ညီမျှသည့် အခွင့်အရေး ရရှိရေးနှင့် မညီမျှသောရလဒ်များ လျှော့ချရေးတို့ကို ဆောင်ရွက်ရေး

  • မူဝါဒများ အထူးသဖြင့် ဘဏ္ဍာရေး၊ လုပ်ခလစာနှင့် လူမှုအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများ ချမှတ်ရေးနှင့် ပိုမိုကြီးမားသည့် တန်းတူညီမျှမှု တိုးတက်ရရှိရေး

  • အပြည်ပြည်ဆိုင်ရာ ငွေကြေးဈေးကွက်များနှင့် အဖွဲ့အစည်းများအပေါ် ထိန်းချုပ်မှုနှင့် စောင့်ကြည့် လေ့လာမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် အဆိုပါ မူဝါဒများ အကောင်အထည်ဖော်မှုကို ခိုင်မာ အားကောင်းအောင် လုပ်ဆောင်ရေး

  • ပိုမိုထိရောက်သော၊ ယုံကြည်စိတ်ချရသော၊ တာဝန်ယူမှု/တာဝန်ခံမှုရှိသော တရားဝင်ဖြစ်သော အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်အလို့ငှာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပိုမို ကိုယ်စားပြု ပါဝင်နိုင်စေရေးနှင့် ပြောရေးဆိုခွင့် ရှိရေး

  • စနစ်တကျ စီမံရေးဆွဲထားပြီး ကောင်းမွန်စွာ စီမံခန့်ခွဲဆောင်ရွက်သည့် ပြောင်းရွှေ့နေထိုင်မှုဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်ခြင်း အပါအဝင် စနစ်တကျဖြစ်သော၊ ဘေးကင်းလုံခြုံသော၊ ပုံမှန်ဖြစ်သော၊ တာဝန်ယူမှုရှိသော၊ လူသားတို့ ပြောင်းရွှေ့နေထိုင်မှု လုပ်ငန်းများကို အထောက်အကူပြုရေး

  • ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူစာချုပ်များနှင့်အညီ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် အထူးဖြစ်သော၊ သီးခြားဖြစ်သော ဆက်ဆံမှုဆိုင်ရာ အခြေခံမူကို အကောင်အထည်ဖော်ရေး

  • လိုအပ်မှုအရှိဆုံးသည့်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ ကျွန်းငယ်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ ကုန်းပိတ်နိုင်ငံများသို့ ၎င်းတို့၏ နိုင်ငံဆိုင်ရာ စီမံကိန်းများ၊ အစီအစဉ်များနှင့်အညီ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် တရားဝင် ဖွံ့ဖြိုးရေး အကူအညီများနှင့် ငွေကြေးဆိုင်ရာ စီးဆင်းမှုများကို အားပေးရေး

  • ၂၀၃၀ အရောက်တွင် ပြောင်းရွှေ့နေထိုင်သူများ၏ ငွေလွှဲပို့ခ ကုန်ကျစရိတ်ကို ၃ ရာခိုင်နှုန်းထက် နည်းသည်အထိ လျှော့ချနိုင်ရေးနှင့် ၅ ရာခိုင်နှုန်းထက် ပိုမိုကုန်ကျသည့် ငွေပို့ငွေလွှဲစနစ်မျာကို ပပျောက်စေရေး
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး