ပန်းတိုင် (၁၄)- ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

 

ကမ္ဘာကြီး၏ သမုဒ္ဒရာများသည်- ၎င်းတို့၏ အပူချိန်ထိန်းသိမ်းမှု၊ ဓာတုပစ္စည်များပါဝင်မှု၊ ရေစီးကြောင်းများနှင့ ်သက်ရှိများသည် - ကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ် ရှင်သန်နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသည့် ကမ္ဘာ့ဂေဟစနစ်၏ မောင်းနှင်အားဖြစ်သည်။ လူသားများအားလုံးအနေဖြင့်လည်း ထိုအရေးပါသောအရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲ ထိန်းသိမ်းမည်မှာ အရေးကြီးပြီး ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို မျှတအောင်ထိန်းသိမ်းရန် ဖြစ်သည်။

လူဦးရေပေါင်းသုံးဘီလျံခန့်သည် ၎င်းတို့၏ လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်းဒေသ ဇီဝမျိုးစုံမျိုးကွဲအပေါ် မှီခိုနေရလျက်ရှိသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ကမ္ဘာ့ငါးထုတ်လုပ်ငန်းများတွင် ၃၀ ရာခိုင်နှုန်းခန့် အလွန်အကျွံထုတ်ယူသုံးစွဲမှုများဖြစ်ပွားနေသည် ကိုတွေမြင်နေကြရပြီး ရေရှည်တည်တံ့စွာ ထုတ်လုပ်ပေးနိုင်မည့် ရလဒ်များအောက်သို့ ကျဆင်းနေပြီဖြစ်သည်။

သမုဒ္ဒရာများသည် လူသားများကြောင့်ဖြစ်ထွန်းလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ၃၀ ရာခိုင်နှုန်းခန့်ကိုလည်း စုပ်ယူလျက်ရှိပြီး စက်မှုတော်လှန်ရေးကာလမှစတင်၍ သမုဒ္ဒရာအတွင်း အက်စစ်ဓာတ်ပါဝင်နှုန်းမှာ ၂၆ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့မြင်နေရသည်။ ပင်လယ်ရေပြင်ညစ်ညမ်းမှုသည် မြေပြင်အခြေပြု ရင်းမြစ်များဆိုင်ရာများမှ သက်ရောက်သည့် လွှမ်းမိုးမှုကြီးမားသည့် အရေးပါမှုတစ်ရပ်ဖြစ်သည်။ ပင်လယ်ရေပြင်ညစ်ညမ်းမှု ပျမ်းမျှအားဖြင့် သမုဒ္ဒရာ၏ စတုရန်းကီလိုမီတာတိုင်းတွင် ပလပ်စတစ်လီတာပေါင်း ၁၃,၀၀၀ခန့်ကို တွေ့ရှိနေရခြင်းနှင့်အတူ အသိပေးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

SDG များသည် အဏ္ဏဝါနှင့် ကမ်းရိုးတန်းဒေသဂေဟစနစ်များကို ညစ်ညမ်းမှုမှ စဉ်ဆက်မပြတ် စီမံထိန်းသိမ်းရန် ရည်ရွယ်ယုံသာမက သမုဒ္ဒရာအတွင်း အက်စစ်ဓာတ်ပါဝင်မှုမြင့်မားခြင်း၏ အကျိုးဆက်များကိုလည်း ဖြေရှင်းသွားမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေများမှတစ်ဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုမြှင့်တင်ခြင်းနှင့် သုမဒ္ဒရာသယံဇာတများကို ရှေရှည်ထုတ်ယူသုံးစွဲခြင်းကို အားပေးခြင်းများသည် ကျွန်ုပ်တို့ သမုဒ္ဒရာများရင်ဆိုင်နေရသည့် စိန်ခေါ်မှုအချို့ကို လျော့ချနိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်သည်။

 

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၇၅%

ပင်လယ်သမုဒ္ဒရာသည် ကမ္ဘာ့မျက်နှာပြင်၏ သုံးပုံနှစ်ပုံကို ဖုံးလွှမ်းလျက်ရှိပြီး ကမ္ဘာ့ပေါ်တွင်နေထိုင်သည့် သက်ရှိသတ္တဝါ အတိုင်းအတာ၏ ၉၉ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။

၂၀၀,၀၀၀ ခုနှစ်

သမုဒ္ဒရာထဲတွင် ခွဲခြားသိရှိပြီး မျိုးကွဲပေါင်း ၂၀၀,၀၀၀ နီးပါး နေထိုင်လျက်ရှိဆိုသော်လည်း အမှန်တကယ်ကိန်းဂဏန်းအရ သန်းပေါင်းများစွာ တည်ရှိနေနိုင်သည်။

၄၀%

သမုဒ္ဒရာ၏ ၄၀ ရာခိုင်နှုန်းသည် ညစ်ညမ်းမှုဒဏ် ကြီးစွာသက်ရောက်မှုခံနေသကဲ့သို့ ငါးအရင်းအမြစ်များ လျော့ပါးလာခြင်း ကမ်းရိုးတန်းဒေသများတွင်‌နေထိုင်သည့် သက်ရှိမျိုးစိတ်များ လျော့နည်းလာခြင်းနှင့် အခြားသော လူသားများ၏ လုပ်ငန်းစဉ်များကို ထိခိုက်မှုများကြုံတွေနေရသည်။

၃၀%

ပင်လယ်သမုဒ္ဒရာသည် လူသားများ ထုတ်လွှင့်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ၃၀ ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှု အကျိုးဆက်များကို ထိန်းညှိပေးနေသည်။

၃ ဘီလျံ

လူပေါင်း ၃ ဘီလျံကျော်သည် ၎င်းတို့၏ လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်းဒေသဇီဝမျိုးစုံမျိုးကွဲများအပေါ် မှီတည်နေရသည်။

အမေရိကန်ဒေါ်လာ ၃ ထရီလျံ

ပင်လယ်ရေပြင်၊ ကမ်းရိုးတန်းသယံဇာတအရင်းအမြစ်များနှင့် လုပ်ငန်းများ၏ ဈေးကွက်တန်ဖိုးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလျံအထိ ရှိသည်ဟုခန့်မှန်းရသည်။ ယင်းမှာ ကမ္ဘာ့ GDP ၏ ၅ ရာခိုင်နှုန်းခန့်ဖြစ်သည်။

  • ၂၀၂၅ ခုနှစ်တွင် ရေထုညစ်ညမ်းမှု အမျိုးမျိုး အထူးသဖြင့် ပင်လယ်ရေပြင်တွင်း အပျက်အစီးများပါဝင်ခြင်း နှင့် အာဟာရဆိုင်ရာညစ်ညမ်းမှုများ အပါအဝင် ကုန်းမြေပေါ်တွင် လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းများမှ ဖြစ်ပေါ်လာသော ညစ်ညမ်းမှုများအား ကာကွယ်တားဆီးရေးနှင့် သိသာစွာလျှော့ချရေး

  • ၂၀၂၀ ခုနှစ်တွင် ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်းဂေဟစနစ်များ၏ ဒဏ်ခံနိုင်စွမ်းမြှင့်တင်မှုအပါအဝင် သိသာထင်ရှားသည့် ဆိုးကျိုးများကိုရှောင်ကြဉ်နိုင်ရန် အတွက် စဉ်ဆက်မပြတ် စီမံခန့်ခွဲခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်များကို ဆောင်ရွက်ရန်နှင့် သန့်ရှင်းပြီး အကျိုးဖြစ်ထွန်းမှုမြင်မားသော ပင်လယ်သမုဒ္ဒရာများအဖြစ် ရရှိနိုင်ရန်အတွက် ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်းဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်

  • အဆင့်အားလုံးတွင် အဆင့်မြှင့်တင်ထားသည့် သိပ္ပံနည်းကျပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်ပါဝင်မှု မြင့်မားခြင်း၏ အကျိုးဆက်များကို လျော့ချရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်

  • ၂၀၂၀ ခုနှစ်တွင် ငါးဖမ်းလုပ်ငန်းများကို နည်းစနစ်တကျ ထိရောက်စွာထိန်းညှိရန်၊ အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင် ငါးဖမ်းခြင်း၊ သတင်းပို့ခြင်းမရှိဘဲ ငါးဖမ်းခြင်း၊ နည်းစနစ်မကျ ငါးဖမ်းခြင်း၊ ပတ်ဝန်းကျင်ပျက်စီးစေသည့် ငါးဖမ်းအလေ့အထတို့ကို ထိရောက်စွာရပ်တန့်နိုင်ရန်နှင့် သိပ္ပံအခြေခံ စီမံခန့်ခွဲရေး စီမံကိန်းများကို အကောင်အထည်ဖော်ရန်၊ ဖြစ်နိုင်သည့် အတိုဆုံးအချိန်အတွင်း ငါးအရင်းအမြစ်များ ပြန်လည်ရှင်သန်လာ‌စေရန်အတွက် ငါးမျိုးစိတ်များ၏ ဇီဝအင်္ဂါရပ်များဖြင့်ခွဲခြားထားသည့်အတိုင်း အနိမ့်ဆုံးမှအဆင့်ဆင့် အမြင့်ဆုံးထိ စဉ်ဆက်မပြတ် ဆက်လက် ထုတ်လုပ်နိုင်ရန်

  • ၂၀၂၀ ခုနှစ်တွင် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ရရှိနိုင်သော အကောင်းဆုံး သိပ္ပံနည်းကျ သတင်းအချက်အလက်များအပေါ် အခြေခံလျက် ကမ်းရိုးတန်းနှင့် ရေထုနယ်မြေ အနည်းဆုံး ၁ဝရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်ရေ

  • ၂၀၂၀ ပြည့်နှစ် အရောက်တွင် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့်ပါးသည့်နိုင်ငံများအတွက် သင့်လျော်ထိရောက်သော အထူးအရေးပေးဆက်ဆံခြင်းသည် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ ရေလုပ်ငန်းဆိုင်ရာ ထောက်ပံ့မှု ညှိနှိုင်းဆွေးနွေးပွဲ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သင့်သည်ကို အသိအမှတ်ပြုလျက် မတန်တဆငါးဖမ်းခြင်းနှင့် အလွန်အကျွံ့ငါးဖမ်းခြင်းကို အထောက်အကူဖြစ်စေနိုင်သည့် ရေလုပ်ငန်းဆိုင်ရာ ထောက်ပံ့မှုပုံစံအချို့ကို တားဆီးရေး၊ တရားမဝင်၊ ထိန်းချုပ်မှုမရှိသော ငါးဖမ်းဆီးမှုကို အထောက်အကူဖြစ်စေသည့် ထောက်ပံ့ငွေကြေးများကို ဖျက်သိမ်းရေးနှင့် ဤကဲ့သို့သော ထောက်ပံ့ငွေကြေးအသစ်များ ပေးအပ်ခြင်းမှ ရှောင်ရှားရေး

  • ၂၀၂၀ ခုနှစ်တွင် ရေလုပ်ငန်း၊ ငါးမွေးမြူခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရေရှည် တည်တံ့သော စီမံခန့်ခွဲမှု လုပ်ဆောင်ခြင်း အပါအဝင် ပင်လယ်ရေပြင်သယံဇာတ အရင်းအမြစ်များကို စဉ်ဆက်မပြတ် အသုံးပြုနိုင်မှုမှ ပေါ်ထွက်လာသော စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံငယ်များ နှင့် ဖွံ့ဖြိုးမှုနိမ့်ပါးသည့်နိုင်ငံများသို့ ပိုမိုရရှိခံစားစေရေး

  • သမုဒ္ဒရာများ၏ ကျန်းမာကြံ့ခိုင်မှု တိုးတက်ကောင်းမွန်စေရန်နှင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ၏ အကျိုးကျေးဇူးကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံငယ်လေးများနှင့် ဖွံ့ဖြိုးမှုနိမ့်ပါးနိုင်ငံများ ပိုမိုခံစားရရှိစေရန်အလို့ငှာ ရေပြင်ဆိုင်ရာနည်းပညာများလွှဲပြောင်းမှုအပေါ် Intergovernmental Oceanographic Commission ၏ စံနှုန်းများနှင့် လမ်းညွှန်ချက်များကို ထည့်သွင်းစဉ်းစားလျက် သိပ္ပံနည်းကျ ဗဟုသုတများ မြှင့်တင်ရေး၊ သုတေသန စွမ်းရည်များ တိုးတက်ကောင်းမွန်စေရေးနှင့် အဏ္ဏဝါဆိုင်ရာနည်းပညာ လွှဲပြောင်းပေးရေး

  • အသေးစားလက်မှု တံငါသည်များအတွက် ပင်လယ်ရေပြင်သယံဇာတများနှင့် ဈေးကွက်များသို့ ဝင်ရောက်လုပ်ကိုင်လက်လှမ်းမီနိုင်ရန် အထောက်အပံ့ပေးခြင်း

  • The Future We Want ၏ စာပိုဒ် ၁၅၈ တွင် ဖော်ပြထားသည့်အတိုင်း သမုဒ္ဒရာများနှင့် ၎င်းတို့၏ အရင်းအမြစ်များကို ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးအတွက် ဥပဒေအခြေခံမူ ဘောင် ချမှတ်ပြဋ္ဌာန်းပေးသည့် UNCLOS တွင် ဖော်ပြထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာဥပဒေ များကို အကောင်အထည်ဖော်ခြင်းဖြင့် သမုဒ္ဒရာများနှင့် ယင်းတို့၏ သယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်မှုနှင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရေး
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး