ပန်းတိုင် (၁၅)- မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး


လူသားများသည် အဟာရဓာတ်များနှင့် လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်သမုဒ္ဒရာအပေါ်မှီတည်နေရသကဲ့သို ကမ္ဘာမြေပြင်အပေါ်လည်း မှီတည်နေရသည်။ အပင်များသည် လူသားများ၏အစားအသောက်၏ ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး ကျွန်ုပ်တို့အနေဖြင့် စိုက်ပျိုး‌ရေးကိုလည်း အရေးပါသည့် စီးပွားရေး အရင်းအမြစ်တစ်ရပ်အဖြစ် မှီတည်နေရသည်။ သစ်တောများသည် ကမ္ဘာမြေပြင်၏ ၃၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားလျက်ရှိပြီး မျိုးစိတ် သန်းပေါင်းများစွာအတွက် အသက်ရှင်နေထိုင်ရပ်တည်ရေးနှင့် သန့်ရှင်းသောလေ၊ ရေရရှိရေးအတွက် အရေးပါသည့် အရင်းအမြစ်များအဖြစ် ထောက်ပံ့ပေးသကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများကို တိုက်ဖျက်ရန်အတွက် အရေးပါသည့် အရာများဖြစ်သည်။

နှစ်စဉ် ကုန်းမြေတစ်စစယိုယွင်းလာမှုမှာ ဟက်တာပေါင်း ၃.၆ ဘီလျံ အထိရှိပြီး တစ်စတစ်စ သဲကန္တာရဖြစ်လာမှုသို့ ဦးတည်နေလျက်ရှိစဉ် သစ်တောဟက်တာ ၁၃ သန်းကို ဆုံးရှုံးရလျက်ရှိပြီး နွမ်းပါးသည့် လူ့အသိုင်းအဝိုင်းများကို ပိုမိုထိခိုက်လျက်ရှိသည်။

ကုန်းမြေ၏ ၁၅ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်‌ပြီဖြစ်သော်လည်း ဇီဝမျိုးစုံမျိုးကွဲများမှာ ထိခိုက်နေဆဲဖြစ်သည်။ တိရိစ္ဆာန်နှင့်အပင်မျိုးစိတ်ပေါင်း ၇၀,၀၀၀ နီးပါးသည် တရားမဝင်ကုန်သွယ်ခံရလျက်ရှိသည်။ တောရိုင်းတိရိစ္ဆာန် မှောင်ခိုကူးခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများ တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးလာရုံသာမက လုံခြုံမှုမရှိခြင်းကို ဖန်တီးခြင်း၊ ပဋိပက္ခ မီးထိုးပေးခြင်းနှင့် အဂတိလိုက်စားမှုကို အားပေးခြင်းများကိုဖြစ်ပေါ်စေသည်။

ကျွန်ုပ်တို့၏ ဘုံအမွေအနှစ်တွင် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် ရေဖူလုံရေး၊ ရာသီဥတုဖောက်ပြန်မှုများ လျော့ချရေးနှင် လိုက်လျောညီထွေဖြစ်ရေး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ကို အထောက်အပံပေးနေသည့် သဘာဝသက်ရှိများကျက်စားရာ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဆုံးရှုံးလာမှုတို့ကို လျော့ချနိုင်ရန် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၁.၆ ဘီလျံ

လူပေါင်း ၁.၆ ဘီလျံခန့်သည် ၎င်းတို့၏ လူမှုဘဝရပ်တည်ရေးအတွက် သစ်တောများအပေါ်မှီတည်နေရသည်။

၈၀%

သစ်တောများသည် ကုန်းနေတိရိစ္ဆာန်များ၊ အပင်များနှင့် ပိုးမွှားမျိုးစိတ်အားလုံး၏ ၈၀% ကျော်အတွက် မှီတင်းနေထိုင်ရာဖြစ်သည်။

၂.၆ ဘီလျံ

လူပေါင်း ၂.၆ ဘီလျံသည် အသက်မွေးမှုအတွက် စိုက်ပျိုးရေးအပေါ် မှီခိုနေရသည်။

၃၃%

သဘာဝအခြေပြု ရာသီဥတုဖောက်ပြန်မှုဖြေရှင်းချက်များသည် ၂၀၃၀ ခုနှစ်အမီ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချခြင်းများတွင် သုံးပုံတစ်ပုံခန့် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဒေါ်လာ ၁၂၅ ထရီလျံ

လူသားများ ဘဝရှင်သန်နေထိုင်ရေးနှင့် ကျန်းမာစွာနေနိုင်ရေးအတွက် ဂေဟစနစ်များ၏ တန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂၅ ထရီလျံ ရှိသည်။

၆၀-၈၀%

တောင်တန်းဒေသများသည် ကမ္ဘာရေချိုစနစ်၏ ၆၀ မှ ၈၀ ရာခိုင်နှုန်း အထိ ထောက်ပံ့ပေးလျက်ရှိသည်။

  • ၂၀၂၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သော တာဝန် ဝတ္တရားများနှင့်အညီ ကုန်းမြေနှင့်ကုန်းတွင်းပိုင်း ရေချို ဂေဟစနစ်များနှင့် ယင်းတို့၏ ဝန်ဆောင်မှုများ အထူးသဖြင့် သစ်တောများ၊ စိမ့်မြေများ၊ တောင်တန်းများ နှင့် ကုန်းမြေများကို ထိန်းသိမ်းရေး၊ ပြန်လည်တည်ဆောက်ရေး နှင့် ရေရှည်အသုံးပြုနိုင်အောင် စီမံဆောင်ရွက်ရေး

  • ၂၀၂၀ ခုနှစ်တွင် သစ်တောအမျိုးမျိုးတို့အား ရေရှည်တည်တံ့အောင်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မှု မြှင့်တင်ဆောင်ရွက်ရေး၊ သစ်တောပြုန်းတီးမှု ရပ်တံ့ရေး၊ လျော့နည်းသွားသောသစ်တောများ ပြန်လည်စိမ်းလန်းလာရေးနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် သစ်တောများ ပြန်လည်စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ရေး

  • ၂၀၃၀ ခုနှစ်တွင် ကန္တာရတစ်စစဖြစ်ထွန်းလာမှု တိုက်ဖျက်ရေး၊ ကန္တာရဖြစ်ထွန်းလာမှု၊ မိုးခေါင်မှု နှင့် ရေကြီးမှုများကြောင့် ထိခိုက်ခံစားရသည့် ကုန်မြေအပါအဝင် ယိုယွင်းလာသည့် မြေထုနှင့် မြေဆီလွှာ ပြန်လည်ထိန်းသိမ်းရေး နှင့် ကုန်းမြေယိုယွင်းပျက်ဆီးခြင်းမရှိသည့် ကမ္ဘာမြေပြန်လည်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေး

  • ၂၀၃၀ ခုနှစ်တွင်တောင်တန်းများ၏ဂေဟစနစ်များအနေဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အကျိုးကျေးဇူးများကို ပေးအပ်နိုင်သည့် ယင်းတို့၏ စွမ်းရည်ကို မြှင့်တင်ပေးရန်အလို့ငှာ အဆိုပါတောင်တန်းဂေဟစနစ်များနှင့် ယင်းတို့၏ဇီဝမျိုးကွဲများကို ထိန်းသိမ်းရှောက်ရေး

  • သဘာ၀ မှီတင်းနေထိုင်ရာဒေသများ ယိုယွင်းပျက်စီးလာခြင်းအား လျှော့ချရန် အရေးတကြီး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု ရပ်တံ့ရေးနှင့် ၂၀၂၀ ခုနှစ်တွင် မျိုးတုံးမှုအန္တရာယ် ကျရောက်နေသော မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရေး

  • မျိုးဗီဇအရင်းအမြစ်များအသုံးပြုခြင်းမှပေါ်ထွက်လာသော အကျိုးကျေးဇူးများကို မျှတမှုရှိစွာ ခွဲဝေအသုံးပြုမှုကို မြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံတကာမှ သဘောတူထားသည့်အတိုင်း အဆိုပါအရင်းအမြစ်များကို သင့်လျော်သည့် ရရှိအသုံးပြုနိုင်မှုကို မြှင့်တင်ဆောင်ရွက်ရေး

  • ကာကွယ်စောင့်ရှောက်ထားသည့် အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကို ခိုးယူခြင်းနှင့် တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းတို့ ပပျောက်စေရေးအတွက် အရေးတကြီးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး နှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက်ကုန်များ ရောင်းဝယ်မှု ဖြေရှင်းဆောင်ရွက်ရေး

  • ၂၀၂၀ ခုနှစ်တွင် ကုန်းမြေနှင့်ရေထုဂေဟစနစ်များတွင် အခြားဒေသများမှမျိုးစိတ်များ ဝင်ရောက်နှောက်ယှက်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများကို တားဆီးရေး နှင့် လျှော့ချရေး နှင့် ဦးစားပေးမျိုးစိတ်များ ထိန်းချုပ်ရေး သို့မဟုတ် ဖျက်သိမ်းရေး

  • ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့် စီမံကိန်းများ ရေးဆွဲခြင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာများ အတွင်းသို့ ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများ၏ တန်ဖိုးများကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်ရေး

  • ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်များကို ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် အသုံးပြုရေးတို့အတွက် ရင်းမြစ်အားလုံးမှ ရရှိနိုင်သော ငွေကြေးဆိုင်ရာ အရင်းအမြစ်များကို စုစည်းရေးနှင့် မြှင့်တင်ရေး

  • ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုကို ငွေကြေးထောက်ပံ့ရန် ၊ ရင်းမြစ်အားလုံးနှင့် အဆင့် အားလုံးတို့မှ ရရှိနိုင်သော အရေးပါသည့် အရင်းအမြစ်များကို စုစည်းရေးနှင့် သစ်တောများထိန်း သိမ်းရေးနှင့် ပြန်လည်စိုက်ပျိုးရေးတို့ အပါအဝင် စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရန် ဖွံ့ဖြိုးဆဲ နိုင်ငံများအား လုံလောက်သည့် မက်လုံးများ ပေးအပ်ဆောင်ရွက်ရေး။

  • ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အလမ်းများကို ရယူဆောင်ရွက်နိုင်စေရန် ဒေသန္တရလူမှုအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်ပေးခြင်းအပါအဝင် ကာကွယ်စောင့် ရှောက်မှုပေးထားသည့် မျိုးစိတ်များ ခိုးယူခြင်း၊ တရားမဝင်ကုန်သွယ်မှုပြုခြင်းတို့ကို တိုက်ဖျက်ရန် ကြိုးပမ်း အားထုတ်မှုများအတွက် ကမ္ဘာတစ်ဝန်းမှ ပံ့ပိုးမှုများ တိုးမြှင့်ရေး
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး