ပန်းတိုင် (၁၆)- ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေး

 

ကျွန်ုပ်တို့အနေဖြင့် တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့်  ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သော အုပ်ချုပ်ရေးပေါ်ပေါက်လားရေးတို့မပါရှိဘဲ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာရေးကို မမျှော်လင့်နိုင်ပေ။ သို့သော်လည်း ကျွန်ုပ်တို့ကမ္ဘာကြီးသည် ကြီးစွာ ကွဲလွဲနေဆဲဖြစ်သည်။ ဘာသာအများစုသည် အဆုံးမသတ် နိုင်သလောက်ဖြစ်နေသည့် ပဋိပက္ခနှင့် အကြမ်းဖက်မှုသံသရာတွင် နစ်မြုပ်နေစဉ် အချို့ဘာသာများသည် ငြိမ်းချမ်း‌ရေး၊ လုံခြုံရေးနှင့် ကုံလုံကြွယ်ဝမှုရှိရေး လိုလားလျက်ရှိသည်။ ထိုအရာများသည် ရှောင်လွဲ၍မရသည့် အရာမျိုးမဟုတ်ဘဲ ဖြေရှင်းရမည်အရာဖြစ်သည်။

လက်နက်ကိုင် အကြမ်းဖက်မှုနှင့် လုံခြုံမှုမရှိခြင်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ပြီး မျိုးဆက်များစွာကြာရှည်သည့် နစ်နာမှုအကျိုးဆက်များကို မကြာမကြာ ခံရလေ့ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို ဆိုးကျိုးသက်ရောက်မှုများ ရှိသည်။ ပဋိပက္ခဖြစ်ပွားရာ (သို့) တရားဥပဒေစိုးမိုးခြင်းမရှိသည့်နေရာများတွင် လိင်အကြမ်းဖက်မှု၊ မှုခင်း၊ ကိုယ်ကျိုးရှာခြင်းနှင့် ညှဉ်းပန်းမှုပြုခြင်းများသည် ဖြစ်ပွားပျံ့နှံ့ပြီး နိုင်ငံများအနေဖြင့် ထိုဒဏ်များကို အများဆုံးခံရသည့် ပြည်သူများကို အကာအကွယ်ပေးရန် နည်းလမ်းများဖြင့် လုပ်ဆောင်သွားရန်လိုအပ်သည်

SDGများသည် အကြမ်းဖက်မှုပုံစံမျိုးစုံကို သိသာသွာလျော့ချသွားရန် ရည်ရွယ်ပြီး ပဋိပက္ခနှင့် မလုံခြုံမှုများကို ရပ်တန့်ရန် အစိုးရအဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့်အတူတကွ လုပ်ကိုင်နိုင်ရန်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးများကို အားပေးမြှင့်တင်ခြင်းသည် ဤလုပ်ငန်းစဉ်များတွင် အရေးပါသကဲ့သို့ လူ့စည်းကမ်းချိုးဖောက်မှုများကိုလျှော့ချပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး၏ အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးတွင် ပူးပေါင်းပါဝင်မှုအားကောင်းလာရေးတို့ကိုမြှင့်တင်နိုင်ရန်ဖြစ်သည်။

 

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၆၈.၅ သန်း

၂၀၁၇ ခုနှစ်အဆုံး၌ နှိပ်စက်ညှဉ်းပန်းမှု၊ ပဋိပက္ခ၊ အကြမ်းဖက်မှု (သို့) လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ရလဒ်အနေဖြင့် ပြည်သူ ၆၈.၅ သန်းမှာ အတင်းအကြပ်နေရပ်စွန့်ခွာရခြင်းများ ကြုံတွေ့နေရသည်။

၁၀ သန်း

အနည်းဆုံး ပြည်သူ ၁၀ သန်းမှာ နိုင်ငံသားဖြစ်မှုနှင့် သက်ဆိုင်သည့် အခွင့်အရေးများကို ငြင်းပယ်ခံနေရပြီး နိုင်ငံမဲ့အနေအထားသို့ ရောက်ရှိနေသည်။

အမေရိကန်ဒေါ်လာ ၁.၂၆ ထရီလျံ

အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူခြင်းများ၊ ခိုးယူခြင်းနှင့် အခွန်တိမ်းရှောင်ခြင်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၂၆ သန်းအထိ ကုန်ကြနေသည်။

၄၉ ခုနှစ်

နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုမှ အကာအကွယ်ပေးနိုင်မည့် ဥပဒေများ ကင်းမဲ့နေသည်။

၄၆ ခုနှစ်

ယနေ့ခေတ်တွင် နိုင်ငံပေါင်း ၄၆ နိုင်ငံ၌ အမျိုးသမီးများသည် အနည်းဆုံး နိုင်ငံ့လွှတ်တော်အဖွဲ့ဝင်အဆင့်တစ်နေရာတွင် နေရာယူထားနိုင်မှုမှာ ၃၀ ရာခိုင်နှုန်းထက်ပိုမိုနေပြီဖြစ်သည်

၁ ဘီလျံ

လူဦးရေပေါင်း ၁ ဘီလျံခန့်သည် ၎င်းတို့အားမည်သူဖြစ်ကြောင်းအထောက်အထားမပြနိုင်သဖြင့် ဥပဒေကြောင်းအရ "ပျောက်ကွယ်"သူများဖြစ်နေသည်။ ထိုထဲတွင် မွေးပြီး စာရင်းသွင်းထားခြင်းမရှိခဲ့သည့် ၁၄ နှစ်အောက် ကလေးငယ်ပေါင်း ခန့်မှန်းခြေအားဖြင့် ၆၂၅ သန်းအထိ ပါဝင်နေသည်။

  • နေရာတိုင်းတွင် အကြမ်းဖက်မှုပုံစံအမျိုးမျိုးတို့နှင့် ဆက်စပ်ဖြစ်ပေါ်လာသော သေဆုံးမှုနှုန်းများအား သိသိသာသာလျှော့ချရေး

  • ကလေးသူငယ်များအား အလွဲသုံးစားမှု၊ ခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှုနှင့် အကြမ်းဖက်မှု ညှင်းပန်း နှိပ်စက်မှုများ အဆုံးသတ်ရေး

  • ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များတွင် တရားဥပဒေ စိုးမိုးမှု မြှင့်တင်ခြင်းနှင့် လူသားအားလုံးအတွက် တန်းတူညီမျှ တရားစီရင်မှုကို အာမခံချက်ပေးရေး

  • ၂၀၃၀ ခုနှစ်တွင် တရားမဝင် ငွေကြေးနှင့် လက်နက်ရောင်းဝယ်မှုများ သိသိသာသာ လျှော့ချရေး၊ ခိုးယူခံရသော ပစ္စည်းဥစ္စာများ ပြန်လည်ရရှိမှု အားကောင်းစေရေးနှင့် အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်ခြင်း ပုံစံအမျိုးမျိုးတို့အား တိုက်ဖျက်ရေး

  • လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးတို့အား စဉ်ဆက်မပြတ် လျော့ချရေး

  • အဆင့်အားလုံးတို့၌ ထိရောက်မှုရှိသော၊ တာဝန်ယူမှု/တာဝန်ခံမှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော အဖွဲ့အစည်းများ ပေါ်ပေါက်ရေး

  • အဆင့်အားလုံးတို့၌ တုံ့ပြန်ဖြေရှင်းပေးမှုရှိသော၊ အားလုံးအကျုံးဝင်မှုရှိသော၊ ပူပေါင်းပါဝင်မှုရှိ၍ ကိုယ်စားပြုမှု ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များ ပေါ်ထွန်းရေး

  • အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်စီမံခန့်ခွဲမှု အဖွဲ့အစည်းများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ကျယ်ပြန့် အားကောင်းလာစေရေး

  • ၂၀၃၀ ခုနှစ်တွင် မွေးစာရင်း မှတ်ပုံတင်ခြင်း အပါအဝင် လူသားများအားလုံးအတွက် တရားဥပဒေနှင့်အညီ သက်သေခံအထောက်အထားများ ထောက်ပံ့ဖြည့်ဆည်းပေးရေး

  • နိုင်ငံတော်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များနှင့်အညီ ပြည်သူများအနေဖြင့် သတင်းအချက်အလက်ရရှိမှုနှင့် အခြေခံလွတ်လပ်ခွင့်များ ကာကွယ်စောင့်ရှောက်ပေးမှုတို့ကို အာမခံချက်ပေးရေး

  • အကြမ်းဖက်မှုများ ကာကွယ်ရန်နှင့် အကြမ်းဖက်ရာဇဝတ်မှုများ တိုက်ဖျက်ရန်တို့အတွက် အဆင့် များအားလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စွမ်းရည်တည်ဆောက်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဆီလျော်မှုရှိသော နိုင်ငံတော် အဖွဲ့အစည်းများ ခိုင်မာအား ကောင်းအောင် တည်ဆောက်ရေး

  • စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲခြားဆက်ဆံမှုမရှိသော ဥပဒေများနှင့် မူဝါဒများ မြှင့်တင်အကောင်အထည်ဖော်ရေး
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး