ပန်းတိုင် (၂) - ငတ်မွတ်ခေါင်းပါးမှု မရှိရေး


လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း အာဟာရချို့တဲ့သော လူဦးရေသည် စီးပွားရေးတိုးတက်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာခြင်းတို့ကြောင့် ထက်ဝက်နီးပါး ကျဆင်းခဲ့သည်။ အစာခေါင်းပါးခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများကို ခံစားခဲ့ရသော ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် ယခုအခါ ၎င်းတို့၏ အာဟာရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြပြီ ဖြစ်သည်။ အာရှ အလယ်ပိုင်းနှင့် အရှေ့ပိုင်း လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများသည် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးတွင် ကြီးမားသော တိုးတက်မှုများ ပြုလုပ်ခဲ့ကြသည်။

ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့သည် နိုင်ငံများစွာတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အတားအဆီးဖြစ်နေပါသည်။ ၂၀၁၇ ခုနှစ်၌ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ မိုးခေါင်ခြင်းနှင့် ဇီ၀မျိုးကွဲများ ဆုံးရှုံးခြင်း၏ တိုက်ရိုက်အကျိုးဆက်များကြောင့် လူပေါင်း ၈၂၁ သန်းသည် နာတာရှည် အာဟာရချို့တဲ့မှုကို ခံစားခဲ့ရပါသည်။ ငါးနှစ်အောက် ကလေးငယ်သန်း ၉၀ သည် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်ပင် ပိန်လှီလျက် ရှိနေပါသည်။ အာဖရိကတိုက်နှင့် တောင်အမေရိကတိုက်တို့တွင် အာဟာရချို့တဲ့ခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းတို့ မြင့်မားလာနေပါသည်။

SDGs ပန်းတိုင်များသည် ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှု အားလုံးကို ရပ်တန့်စေပြီး လူသားအားလုံး၊ အထူးသဖြင့် ကလေးသူငယ်များသည် တစ်နှစ်ပတ်လုံး လုံလောက်သော အာဟာရရှိသော အစားအစာများ ရရှိစေရန်ဖြစ်သည်။ ၎င်းတွင် ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ခြင်း၊ အသေးစား လယ်သမားများကို ထောက်ပံ့ခြင်းနှင့် မြေယာများကို ညီမျှစွာ ပိုင်ဆိုင်ခွင့် ရရှိစေခြင်း၊ နည်းပညာနှင့် ဈေးကွက်ကို လက်လှမ်းမီစေခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြေခံအဆောက်အအုံနှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၈၂၁ သန်း

၂၀၁၇ ခုနှစ်တွင် လူဦးရေ ၈၂၁ သန်းသည် အာဟာရ ချို့တဲ့မှုကို ခံစားခဲ့ရသည်။

၆၃%

၂၀၁၇ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ရသူများ၏ သုံးပုံနှစ်ပုံ (၆၃ ရာခိုင်နှုန်းသည်) အာရှတိုက်မှ ဖြစ်ပါသည်။

၂၂%

၂၀၁၇ ခုနှစ်တွင် အသက်ငါးနှစ်အရွယ်ကလေးငယ် ၁၅၁ သန်း (၂၂ ရာခိုင်နှုန်း) သည် ပိန်လှီနေကြပါသည်။

လူရှစ်ဦးတွင် တစ်ဦး

အရွယ်ရောက်ပြီးသူ ၈ ဦးတွင် ၁ ဦးသည် အဝလွန်နေပါသည်။

အမျိုးသမီး သုံးဦးတွင် တစ်ဦး

အရွယ်ရောက်ပြီးသူ အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် သံဓာတ်ချို့တဲ့နေပါသည်။

၂၆%

လုပ်သား စုစုပေါင်း၏ ၂၆% သည် လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြပါသည်။

  • ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ရန်နှင့် ကလေးငယ်များ အပါအဝင် ထိခိုက်လွယ်၍ ဆင်းရဲနွမ်းပါးသူများသည် စိတ်ချရ၍ အာဟာရပြည့်ဝသော အစားအစာများကို လုံလုံလောက်လောက်ရရှိစေရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် အာဟာရချို့တဲ့ခြင်း ပုံစံအားလုံးကို အဆုံးသတ်ရန်၊ ၂၀၂၅ ခုနှစ်တွင် အသက် ၅ နှစ်အောက် ကလေးငယ်များအတွက် သေးညှက်ခြင်းနှင့် ကြုံလှီခြင်းတို့မှ ကင်းဝေးရန် နိုင်ငံတကာ သဘောတူညီထားသည့် ရည်မှန်းချက်များကို ပြည့်မီရန်နှင့် ဆယ်ကျော်သက်မိန်းကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများ၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်စွမ်းအားနှင့် အသေးစား စားနပ်ရိက္ခာထုတ်လုပ်သူများ၊ အထူးသဖြင့်အမျိုးသမီးများ၊ ဌာနေတိုင်းရင်းသားများ၊ မိသားစုလယ်သမားများ၊ မွေးမြူရေးသမားများနှင့် ငါးဖမ်းသူများ၏ ဝင်ငွေများကို နှစ်ဆတိုးမြှင့်စေရန်နှင့် မြေယာပိုင်ဆိုင်ခွင့်ကို ညီညီမျှမျှရရှိခြင်း၊ အခြား ကုန်ထုတ်စွမ်းအား အရင်းအမြစ်များနှင့် သွင်းအားစုများ၊ ဗဟုသုတ၊ ဘဏ္ဍာရေး ၀န်ဆောင်မှု၊ စျေးကွက်နှင့် တန်ဖိုးမြှင့်တင်ခြင်းနှင့် လယ်ယာမဟုတ်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းတို့ ရရှိရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်များကို သေချာစေရန်နှင့် ကုန်ထုတ်စွမ်းအားနှင့် ထုတ်လုပ်မှုကို တိုးမြှင့်သည့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးအလေ့အထများကို အကောင်အထည်ဖော်ရန်၊ ဂေဟစနစ်များကို ထိန်းသိမ်းရန်ကူညီရန်၊ ရာသီဥတုပြောင်းလဲခြင်း၊ ပြင်းထန်သော ရာသီဥတု၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် မြေနှင့် မြေဆီလွှာ အရည်အသွေး တိုးတက်လာစေရန်၊

  • ၂၀၂၀ ပြည့်နှစ်တွင် အမျိုးသား၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များ၌ ကောင်းမွန်စွာ စီမံခန့်ခွဲထားသော မျိုးစေ့များနှင့် အပင်ဘဏ်များမှတစ်ဆင့်မျိုးစေ့များ၊ စိုက်ပျိုးထားသော အပင်များ၊ မွေးမြူထားသော တိရိစ္ဆာန်များနှင့် ၎င်းတို့နှင့် ဆက်စပ်သော သားရိုင်း မျိုးစိတ်များကို ထိန်းသိမ်းရန်၊ နိုင်ငံတကာ သဘောတူညီမှုအရ မျိုးရိုးဗီဇ အရင်းအမြစ်များနှင့် ဆက်စပ်သော ရိုးရာဗဟုသုတများကို အသုံးပြုခြင်းမှ ရရှိသော အကျိုးကျေးဇူးများကို မျှဝေရန်၊

  • ဖွံ့ဖြိုးဆဲနိုင်ငံများအထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် ကျေးလက်အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး သုတေသနနှင့် တိုးချဲ့ပညာပေးလုပ်ငန်းများ၊ စိုက်ပျိုးရေး ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ အပင်နှင့် မွေးမြူရေးဗီဇဘဏ်များတွင် ရင်းနှီးမြုပ်နှံမှုကို တိုးမြှင့်ရန်၊

  • ကမ္ဘာ့စိုက်ပျိုးရေးစျေးကွက်များ၌ ကုန်သွယ်ရေး ကန့်သတ်ချက်များနှင့် လမ်းလွဲမှုများကို ဒိုဟာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ၏ လုပ်ပိုင်ခွင့်နှင့်အညီ စိုက်ပျိုးရေး ပို့ကုန်ထောက်ပံ့မှု ပုံစံအားလုံးနှင့် တန်းတူညီမျှ အကျိုးသက်ရောက်မှုရှိသည့် ပို့ကုန်အစီအမံများအား အပြိုင်ဖယ်ရှားခြင်းအားဖြင့် ပြင်ဆင်ခြင်းနှင့်ကာကွယ်ခြင်း

  • စားနပ်ရိက္ခာ ဈေးနှုန်းမတည်ငြိမ်မှုကို ကန့်သတ်ရန်အတွက် အစားအစာသိုလှောင်ရုံများ အပါအ၀င် စျေးကွက် သတင်းအချက်အလက်များကို အချိန်မီ လက်လှမ်းမီစေရန် အစာအာဟာရ ကုန်ပစ္စည်းစျေးကွက်များနှင့် ၎င်းတို့၏ ထုတ်ကုန်များ ပုံမှန်လည်ပတ်မှု သေချာစေရန်ဆောင်ရွက်ချက်ရန်။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး