ပန်းတိုင် (၃) - ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိခြင်း


သေစေနိုင်လောက်သော ရောဂါများကို တိုက်ဖျက်ရာတွင် ကွန်ုပ်တို့သည် အောင်မြင်မှုများ အများအပြား ရရှိပြီးဖြစ်ပါသည်။ လူ့သက်တမ်းများသည် သိသိသာသာ တိုးမြင့်လာပြီး မိခင်နှင့် ကလေးငယ် သေဆုံးမှုသည် ကျဆင်းလာကာ အိတ်ခ်ျအိုင်ဗွီနှင့် ငှက်ဖျားရောဂါတို့ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခဲ့ပါသည်။

ကောင်းမွန်သော ကျန်းမာရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ ၂၀၃၀ အစီအစဉ်သည် ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ ရှုပ်ထွေးမှုနှင့် ဆက်စပ်မှုကို ထင်ဟပ်ပြသပါသည်။ စီးပွားရေးနှင့် လူမှုရေးမညီမျှမှုများ တိုးပွားလာခြင်း၊ မြို့ပြ အလျင်အမြန်ဖွံ့ဖြိုးလာခြင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကိုခြိမ်းခြောက်မှုများ၊ အိပ်ခ်ျအိုင်ဗွီနှင့် အခြား ကူးစက်ရောဂါများ၏ ၀န်ထုပ်ဝန်ပိုးများနှင့် ကူးစက်ခြင်းမဟုတ်သော ရောဂါများ မြင့်မားလာခြင်းစသည့် တို့ကို ဖြေရှင်းရန် ရည်ရွယ်သည်။ အားလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေး ဖြစ်ခြင်းသည် SDG ပန်းတိုင် ၃ကို ပြည့်မီရန်၊ ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန်နှင့် မညီမျှမှုများကို လျှော့ချရန် အရေးပါသော အချက်ဖြစ်ပါသည်။ Antimicrobial resistance အပါအ၀င် SDGs တွင် အတိအလင်းမပါ၀င်သည့်ကမ္ဘာ့ကျန်းမာရေး ဦးစားပေးမှုများကိုလည်း လုပ်ဆောင်ရန်လိုအပ်သည်။

သို့သော်လည်း ကမ္ဘာကြီးသည် ကျန်းမာရေးနှင့် ပတ်သက်သော SDGs အောင်မြင်ရန်အတွက် လမ်းကြောင်းမှန်ပေါ် မှ သွေဖယ်နေပါသည်။ တိုးတက်မှုသည် နိုင်ငံအလိုက်ရော နိုင်ငံအတွင်းတွင်ပါ မညီမညာ ဖြစ်နေသည်။ လူ့သက်တမ်း အရှည်ဆုံးနှင့် အတိုဆုံးနိုင်ငံများအကြား ကွာဟချက်မှာ ၃၁ နှစ် ရှိနေပါသည်။ အချို့သောနိုင်ငံများသည် အထင်ကြီးလောက်သော အကျိုးအမြတ်များ ရရှိခဲ့ကြသော်လည်း၊ ပျမ်းမျှအားဖြင့် လူပေါင်းများစွာတို့မှာ နောက်တွင် ကျန်နေရစ်ခဲ့ပါသည်။ ကဏ္ဍပေါင်းစုံ၊ အခွင့်အရေးအခြေပြုနှင့်ကျား၊ မရေးရာ ဦးစားပေး နည်းလမ်းများသည် မညီမျှမှုကို ဖြေရှင်းရန်နှင့် အားလုံးအတွက်ကောင်းမွန်သော ကျန်းမာရေးကို တည်ဆောက်ရန် မရှိမဖြစ် လိုအပ်သည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

သန်း ၄၀၀

ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၄၀၀ သည် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုမရှိပဲ၊ ၄၀ ရာခိုင်နှုန်းမှာ လူမှုကာကွယ်စောင့်ရှောက်ခြင်း မရှိဘဲ နေထိုင်နေကြပါသည်။

၁.၆ ဘီလျံ

လူ ဦး ရေ ၁.၆ ဘီလီယံကျော်သည် ထိရှပျက်စီးလွယ်သော အခြေအနေများတွင် နေထိုင်ပြီး အခြေခံကျန်းမာရေး ၀န်ဆောင်မှု ပေးရန် နိုင်ငံများ၏ စွမ်းဆောင်ရည် အားနည်းနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

၁၅ သန်း

၂၀၁၇ ခုနှစ်အကုန်တွင် အိပ်ခ်ျအိုင်ဗွီပိုးဖြင့် နေထိုင်သည့် လူပေါင်း ၂၁.၇ သန်းသည် antiretroviral ကုထုံးကို ရရှိနေကြပါသည်။ သို့သော် လူပေါင်း ၁၅ သန်းကျော်သည် ကုသမှုကို ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

နှစ်စက္ကန့်

နှစ်စက္ကန့်တိုင်းတွင် အသက် ၃၀ မှ ၇၀ အရွယ် လူတစ်ဦးသည် ကူးစက်ခြင်း မဟုတ်သော ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါ၊ ဆီးချို ရောဂါနှင့် ကင်ဆာရောဂါတို့ကြောင့် သေဆုံးနေကြပါသည်။

၇ သန်း

နှစ်စဉ် လူဦးရေ ၇ သန်းခန့်သည် မသန့်ရှင်းသော လေထုတွင်ပါဝင်သော အမှုန်များကြောင့် သေဆုံးနေကြရပါသည်။

လူသုံးဦးတွင် တစ်ဦး

အမျိုးသမီးသုံးဦးလျင် တစ်ဦး ထက်ပိုသော သူတို့သည် ဘဝတစ်ချိန်ချိန်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ကြရပြီး ၄င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကို ကာလတာရှည် အကျိုးသက်ရောက်မှုဖြစ်စေပါသည်။

  • ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ မိခင်သေဆုံးမှုအချိုးကို လူ ၁၀၀,၀၀၀ လျှင် ၇၀ အောက်သို့ လျှော့ချရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် မွေးကင်းစကလေးငယ်များနှင့် ၅ နှစ်အောက် ကလေးငယ်များ သေဆုံးမှုကို အဆုံးသတ်နိုင်ပြီး နိုင်ငံအားလုံးသည် မွေးကင်းစကလေးငယ် သေဆုံးမှုကို အနည်းဆုံး ၁,၀၀၀ တွင် ၁၂ ဦးအထိနှင့် ၅ နှစ်အောက် ကလေးငယ်များ သေဆုံးမှု ၁,၀၀၀ လျှင် ၂၅ ဦး အထိလျှော့ချရန် ရည်မှန်းချက်ထားရန်၊

  • ၂၀၃၀ ခုနှစ်တွင် အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျားနှင့် လျစ်လျူရှုခံရသော အပူပိုင်းဒေသရောဂါများနှင့် အသည်းရောင်ရောဂါ၊ ရေမှတဆင့် ကူးစက်တတ်သော ရောဂါများနှင့် အခြားကူးစက်တတ်သောရောဂါများကို တိုက်ဖျက်ရန်။

  • ၂၀၃၀ ပြည့်နှစ်တွင် ကြိုတင်ကာကွယ်ရေးနှင့် ကုသမှုဖြင့် ကူးစက်ခြင်းမဟုတ်သော ရောဂါများကြောင့် သေဆုံးမှု၏ သုံးပုံတစ်ပုံကို လျှော့ချနိုင်ပြီး စိတ်ကျန်းမာရေးနှင့် သုခချမ်းသာကို မြှင့်တင်ပေးနိုင်ရန်၊
  • မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် အရက်သောက်သုံးခြင်း အပါအ၀င် ကာကွယ်ခြင်းနှင့် ကုသခြင်းကို ပိုမိုအားကောင်းစေခြင်း၊

  • ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်အသွားအလာမတော်တဆမှုကြောင့် ကမ္ဘာအနှံ့သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများကို ထက်ဝက်လျှော့ချရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် မိသားစုစီမံကိန်း၊ သတင်းအချက်အလက်နှင့် ပညာရေးအပါအဝင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုများနှင့် မျိုးဆက်ပွားကျန်းမာရေးကို အမျိုးသားမဟာဗျူဟာများနှင့် အစီအစဉ်များတွင် ပေါင်းစည်းခြင်း အပါအ၀င် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပါဝင်ရန်၊

  • ဘဏ္ဍာရေး အန္တရာယ်ကာကွယ်ရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများနှင့် အားလုံးအတွက် လုံခြုံစိတ်ချရသည့်၊ ထိရောက်ကာ အရည်အသွေး ပြည့်ဝကာ ငွေကြေးအရတတ်နိုင်သည့် ဆေးဝါးများ၊ ကာကွယ်ဆေးများရရှိရန်၊

  • ၂၀၃၀ ခုနှစ်တွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၊ လေ၊ ရေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် ညစ်ညမ်းမှုများကြောင့် သေဆုံးမှုနှင့် ရောဂါများကို သိသိသာသာလျှော့ချနိုင်ရန်၊

  • ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆေးလိပ်သောက်ခြင်းနှင့် ပတ်သက်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မူဘောင်ကွန်ဗင်းရှင်းကို သင့်လျော်သည့်အတိုင်း အကောင်အထည်ဖော်ရန်၊

  • ဖွံ့ဖြိုးဆဲနိုင်ငံများအား အဓိကသက်ရောက်စေသည့် ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးနှင့်ဆေးဝါးများအား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးရန်၊ TRIPS သဘောတူညီချက်နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဒိုဟာကြေငြာချက် နှင့်အညီ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန် ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့်စပ်လျဉ်း၍ အသိဥာဏ်ဆိုင်ရာပစ္စည်း မူပိုင်ခွင့်နှင့် ကုန်သွယ်မှု ရှုထောင့်များဆိုင်ရာ သဘောတူညီချက်ပါ ပြဌာန်းချက်များကို အပြည့်အဝအသုံးချရန်၊

  • ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများနှင့် ကျွန်းငယ်လေးများတွင် ကျန်းမာရေးရန်ပုံငွေနှင့် ကျန်းမာရေးလုပ်သားအင်အား စုဆောင်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း၊ သင်တန်းပေးခြင်းနှင့် ခန့်အပ်ခြင်းတို့ကို တိုးမြှင့်ရန်၊

  • နိုင်ငံတော်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို ကြိုတင်သတိပေးခြင်း၊ ဘေးအန္တရာယ် လျှော့ချခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် နိုင်ငံအားလုံး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းရည်ကိုမြှင့်တင်ရန်။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး