ပန်းတိုင် (၄) - အရည်အသွေး ပြည့်ဝသော ပညာရေး ရရှိရေး


၂၀၀၀ ပြည့်နှစ်မှစပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူလတန်းပညာရေး၏ ရည်မှန်းချက်အောင်မြင်ရန် ကြီးမားသော တိုးတက်မှုများရှိခဲ့သည်။ ဖွံ့ဖြိုးဆဲဒေသများတွင် ကျောင်းအပ်နှံမှုနှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၉၁ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာအနှံ့ရှိ ကျောင်းထွက်နှုန်း ထက်ဝက်နီးပါး ကျဆင်းသွားသည်။ စာတတ်မြောက်မှုနှုန်း သိသိသာသာမြင့်တက်လာပြီး မိန်းကလေးများသည် ကျောင်းတွင် ယခင်ကထက် ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။ ဤသည်မှာ ထူးခြားသော အောင်မြင်မှုဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲအချို့ဒေသများတွင် ဆင်းရဲနွမ်းပါးမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အခြား အရေးပေါ် အခြေအနေများကြောင့် တိုးတက်မှုမှာ ခက်ခဲလျက်ရှိသည်။ အနောက်အာရှနှင့် မြောက်အာဖရိကတို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ကျောင်းတက်ခွင့်မရသော ကလေးသူငယ်များ တိုးပွားလာနေသည်။ ယင်းသည် အလွန် စိုးရိမ်စရာ ကောင်းပါသည်။ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကသည် ဖွံ့ဖြိုးဆဲဒေသအားလုံးတွင် မူလတန်းကျောင်းအပ်နှံမှုတွင် အကြီးမားဆုံး တိုးတက်မှုဖြစ်ခဲ့ပြီး ၁၉၉၀ တွင် ၅၂ ရာခိုင်နှုန်းမှ ၂၀၁၂ ခုနှစ်တွင် ၇၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ သို့သော်လည်း ဆက်လက်ဆောင်ရွက်ဖွယ်ရာများ အများအပြား ရှိနေပါသေးသည်။ အဆင်းရဲဆုံးအိမ်ထောင်စုများမှ ကလေးများသည် အချမ်းသာဆုံး အိမ်ထောင်စုများထက် ကျောင်းဆက်လက် မတက်ရောက်ရသော ကလေး အရေအတွက် လေးဆပိုများသည်။ ကျေးလက်နှင့် မြို့ပြဒေသများအကြား ကွာဟချက်မှာလည်း မြင့်မားနေဆဲဖြစ်သည်။

အားလုံးပါဝင်ခွင့်ရှိပြီး အရည်အသွေးရှိသော ပညာရေးကိုရရှိစေခြင်းဖြင့် ပညာရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားအရှိဆုံးနှင့် သက်သေပြနိုင်သော ကိရိယာတစ်ခုဖြစ်သည်ဟူသော ယုံကြည်ချက်ကို ထပ်လောင်းအတည်ပြုပါသည်။ ဤရည်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် မိန်းကလေးများနှင့် ယောက်ျားလေးများအားလုံးသည် မူလတန်းနှင့် အလယ်တန်းကျောင်းများကို အခမဲ့ပြီးမြောက်အောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ ၎င်းသည်  သက်မွေးဝမ်းကျောင်းသင်တန်းများအား တန်းတူလက်လှမ်းမီစေရန်၊ ကျား၊ မနှင့် ဆင်းရဲချမ်းသာ ကွာဟချက်များကို ဖယ်ရှားပေးရန်နှင့် အရည်အသွေးရှိသော အဆင့်မြင့်ပညာရေးကို လက်လှမ်းမီနိုင်စေရန် ရည်ရွယ်သည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၉၁ %

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မူလတန်းပညာရေးတွင် အပ်နှံသူများ ၉၁ ရာခိုင်နှုန်းအတထိ ရှိလာပြီဖြစ်သည်။

၅၇ သန်း

ယနေ့အချိန်အထိ မူလတန်းနေအရွယ် ကလေးငယ် ၅၇ သန်းသည် ကျောင်းပြင်ပတွင် ရှိနေပါသည်။ ယင်းမှ တစ်ဝက်ကျော်ခန့်မှာ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကမှ ဖြစ်သည်။

လေးဦးတွင် တစ်ဦး

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိန်းကလေး လေးဦးတွင် တစ်ဦးသည် ကျောင်းတက်ခွင့်မရကြပါ။

၅၀%

ကျောင်းထွက်လိုက်ရသော မူလတန်းနေအရွယ် ကလေးငယ်များ၏ ထက်ဝက်ခန့်သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ဖြစ်သည်။

၁၀၃ သန်း

ကမ္ဘာပေါ်ရှိ လူငယ် ၁၀၃ သန်းသည် အခြေခံ စာတတ်မြောက်မှု မရှိကြပါ၊ ယင်း၏ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ပါသည်။

၁၀ ဦးတွင် ၆ ဦး

ကလေးငယ်နှင့် ဆယ်ကျော်သက် ၁၀ ဦးတွင် ၆ ဦးသည် အခြေခံဖြစ်သော စာဖတ်နိုင်စွမ်းနှင့် သင်္ချာတွက်နိုင်စွမ်းမရှိပါ။

  • ၂၀၃၀ ပြည့်နှစ်တွင် မိန်းကလေးများနှင့် ယောက်ျားလေးများ အားလုံးသည် သာတူညီမျှရှိပြီး အရည်အသွေးပြည့်ဝသော မူလတန်းနှင့် အလယ်တန်းပညာရေးကို အခမဲ့ကာ ပန်းတိုင် (၄) တွင် ဖော်ပြထားသည့် ထိရောက်သော သင်ကြားရေး ရလဒ်များ ရရှိရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် မိန်းကလေးများနှင့် ယောက်ျားလေးများအားလုံးသည် မူလတန်း ပညာရေးအတွက် အဆင်သင့်ဖြစ်စေရန် အရည်အသွေးပြည့် အစောပိုင်း ကလေးဘဝ ဖွံ့ဖြိုးတိုးတက်မှု၊ စောင့်ရှောက်မှုနှင့် မူလတန်းကြို ပညာရေးကို ရရှိစေရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် အမျိုးသမီးများနှင့် အမျိုးသားများ အားလုံးအတွက် တက္ကသိုလ်အပါအဝင် တတ်နိုင်သော၊ အရည်အသွေးရှိသော နည်းပညာ၊ အသက်မွေး၀မ်းကျောင်းနှင့် ကောလိပ်များသို့ တန်းတူညီမျှ တက်ရောက်ခွင့် ရှိရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်၊ လျောက်ပတ်သောအလုပ်များနှင့် စီးပွားရေး စွမ်းဆောင်မှုအတွက် နည်းပညာနှင့် သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုများ အပါအ၀င် သက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသော လူငယ်များနှင့် လူကြီးများကို သိသိသာသာ တိုးမြှင့်စေရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် ပညာရေး၌ ကျား၊ မမညီမျှမှုကို ဖယ်ရှားပြီး မသန်စွမ်းသူများ၊ ဌာနေတိုင်းရင်းသားများနှင့် ထိခိုက်လွယ်သော အခြေအနေများရှိ ကလေးများ အပါအ၀င် ထိခိုက်လွယ်သူများအတွက် ပညာရေးနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများ အားလုံးတန်းတူညီမျှရရှိနိုင်မှုကို သေချာစေရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် လူငယ်များနှင့် အရွယ်ရောက်ပြီးသောလူကြီးများ အမျိုးသားနှင့် အမျိုးသမီးအားလုံးသည် စာတတ်မြောက်မှုနှင့် အတွက်အချက်ပြုလုပ်နိုင်ရန် သေချာစေရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် သင်ယူသူအားလုံးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုကို မြှင်တင့်ရန် ပညာရေး၊ ရေရှည်တည်တံ့သော နေထိုင်မှု၊ လူ့အခွင့်အရေး၊ ကျား၊ မတန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေး၊ ယဉ်ကျေးမှုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုများနှင့် ယဉ်ကျေးမှု၏ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ၀င်မှုတို့ကိုတန်ဖိုးထားခြင်းတို့မှ အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန်၊

  • ကလေးသူငယ်၊ မသန်စွမ်းမှုနှင့်ကျား၊ မ ရေးရာဦးစားပေးသော ပညာရေးဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ရန်နှင့် လူတိုင်းအတွက် လုံခြုံသော၊ အကြမ်းမဖက်၊ အားလုံးပါ၀င်ပြီး ထိရောက်သော သင်ကြားမှု ပတ်၀န်းကျင်များကို ပေးစွမ်းရန်၊

  • ၂၀၂၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ အသေးစား ကျွန်းဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာဖရိကနိုင်ငံများအတွက် ပညာသင်ဆုများကို ကမ္ဘာအနှံ့တွင် ကျယ်ပြန့်စွာ ချဲ့ထွင်ရန်၊ သက်မွေးဝမ်းကျောင်းသင်တန်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သိပ္ပံနည်းကျ အစီအစဉ်များဆိုင်ရာ ပညာရပ်များကို သင်ကြားပေးနိုင်ရန်၊

  • ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ကျွန်းငယ်ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဆရာများသင်တန်းအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အရည်အချင်းပြည့်ဝသောဆရာများ၏ ထောက်ပံ့မှု သိသိသာသာတိုးမြှင့်ရန်။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး