ပန်းတိုင် (၅) - ကျား၊မ တန်းတူညီမျှမှုရှိရေး


အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံး အဆုံးသတ်ခြင်းသည် အခြေခံလူ့အခွင့်အရေး တစ်ခုတင် မကပါ၊ ဤကဲ့သို့ပြုလုပ်ခြင်းသည် ရေရှည်တည်တံ့သော အနာဂတ်အတွက် လွန်စွာအရေးကြီးပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဏများတွင် အထောက်အကူပြုကြောင်းသက်သေပြခဲ့ပါသည်။

UNDP သည် ကျား၊မ ရေးရာ တန်းတူညီမျှရေးအား ၎င်း၏လုပ်စဉ်များ၌ အဓိကထား လုပ်ဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀) ကြာကာလအတွင်း ထူးခြားသောတိုးတက်မှုများအား တွေ့မြင်ခဲ့ရပါသည်။ လွန်ခဲ့သည့် (၁၅) နှစ်တုန်းကဖြင့် နှိုင်းယှဉ်လျှင် ကျောင်းများ၌ မိန်းကလေးဦးရေ ပိုမိုများပြားလာကာ ဒေသအများစု၏ မူလတန်းပညာရေး၌ ကျား၊မ တန်းတူညီမျှမှု ရရှိခဲ့ပြီ ဖြစ်ပါသည်။

အလုပ်သမားဈေးကွက်တွင် အမျိုးသမီးဦးရေ များလာသော်လည်း အချို့ ဒေသများတွင် အမျိုးသမီးများအား အမျိုးသားများနှင့် တန်းတူသည့် အလုပ်အကိုင်များအား စနစ်တကျ ငြင်းပယ်ခံရနေရသည့် မမျှတမှုများ ဆက်လက်တည် ရှိနေပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများနှင့် အမြတ်ထုတ်ခံရခြင်းများ၊ လုပ်ခလစာ မရရှိသော အိမ်ထောင် ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်များကို ခွဲဝေရာတွင် မညီမျှမှုများ နှင့် အစိုးရရုံးများတွင် ခွဲခြားဆက်ဆံခံရခြင်းများသည် ရင်ဆိုင်ကျော်ဖြတ်ရန် ခက်ခဲသည့် ပြဿနာများအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ရာသီဥတု အပြောင်းအလဲများနှင့် သဘာဝဘေးအန္တရာယ်များ သည်လည်း ပြည်တွင်းစစ်များနှင့် အိမ်ယာအရွှေ့အပြောင်းများသကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် မမျှတသည့် အကျိုးသက်ရောက်မှုများ ဆက်လက်တည်ရှိနေပါသည်။

အမျိုးသမီးများအား မြေယာနှင့်ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ နှင့် နည်းပညာနှင့်အင်တာနက်တို့အား တန်းတူအခွင့်အရေးပေးရန် အရေးကြီးပါသည်။ ယနေ့ခေတ်တွင် အစိုးရရုံးများ၌ ယခင်ကထက် အမျိုးသမီးများ ပိုမိုများပြားလာသော်လည်း အမျိုးသမီး ခေါင်းဆောင်များအား ပိုမိုအားပေးခြင်းဖြင့် ကျား၊မ တန်းတူညီမျှမှု ရရှိရေးတွင် ကြီးမားစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၇၇ ဆင့်

တူညီသည့် အလုပ်တွင်လုပ်ကိုင်နေကြသော်လည်း အမျိုးသားများ ၁ ဒေါ်လာရတိုင်းတွင် အမျိုးသမီးများမှာ ၇၇ ဆင့်သာရရှိပါသည်။

၃ ယောက်တွင် ၁ ယောက်

အမျိုးသမီး ၃၅ ရာခိုင်နှုန်းသည် ကာယနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ကြုံတွေ့ခဲ့ရပါသည်။

၁၃%

အမျိုးသမီးများသည် လယ်ယာမြေပိုင်ဆိုင်သူများ၏ ၁၃ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုပါသည်။

သန်း ၇၅၀

ယနေ့ အသက်ရှင်နေသော အမျိုးသမီးနှင့်မိန်းကလေးသန်း ၇၅၀ နီးပါးတို့သည် ၁၈ နှစ် မပြည့်ခင် လက်ထပ်ခဲ့ကြပါသည်။

၂၄%

၂၀၁၈ ခုနှစ်နိုဝင်ဘာလတွင် အမျိုးသားပါလီမန်အမတ်များ၏ ၂၄ ရာခိုင်နှုန်းသာ အမျိုးသမီးများ ဖြစ်ကြပြီး ၁၉၉၅ ခုနှစ်ရှိ ၁၁.၃ ရာခိုင်နှုန်း မှ အနည်းငယ် တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။

24%

Only 24 percent of national parliamentarians were women as of November 2018, a small increase from 11.3 percent in 1995.

  • နေရာတိုင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများအား ခွဲခြားဆက်ဆံခြင်းပုံစံ အားလုံးအား အဆုံးသတ်စေရန်၊

  • လူကုန်ကူးခြင်း၊ လိင်နှင့်အခြားခေါင်းပုံဖြတ်ခြင်းများအပါအဝင် အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဏများရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများအား လုံးဝပပျောက်စေရန်၊

  • ကလေးအား လက်ထပ်ထိမ်းမြားခြင်း၊ အသက်မပြည့်ခင် လက်ထပ်ထိမ်းမြားခြင်း  နှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်းများ နှင့် အမျိုးသမီးလိင်အင်္ဂါ ဖြတ်တောက်ခြင်း စသည့် အန္တရာယ်ရှိသော အလေ့အကျင့်များအားလုံးအား ဖယ်ရှားစေရန်၊

  • အစိုးရအလုပ်အကိုင်များ၊ အခြေခံအဆောက်အအုံများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး မူဝါဒများ ဖန်တီးပေးခြင်းမှတစ်ဆင့် လုပ်ခလစာ မရရှိသော အိမ်ထောင် ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်များအား အသိအမှတ်ပြုကာ တန်ဖိုးထားစေရန်၊

  • နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာ ဆုံးဖြတ်ချက်ချခြင်းများတွင် အဆင့်အားလုံး၌ အမျိုးသမီးများ အနေဖြင့် အပြည့်အဝ ထိရောက်စွာပါဝင်စေရန် နှင့် တန်းတူညီမျှသော ခေါင်းဆောင်မှု အခွင့်အရေးများအား ရရှိစေရန်၊

  • လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံ၏ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်၊ Beijing Platform for Action နှင့် ၎င်းညီလာခံများ၏ ဆွေနွေးသုံးသပ်ချက် ရလဒ် စာရွက်စာတမ်းများအရ သဘောတူညီခဲ့သည့် လိင်နှင့်မျိုးဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးနှင့် မျိုးပွားမှုဆိုင်ရာအခွင့်အရေးများအား အလွယ်တကူ ရရှိစေရန်၊

  • အမျိုးသားဥပဒေများနှင့်အညီ အမျိုးသမီးများအား စီးပွားရေးအရင်းအမြစ်များကို တန်းတူအခွင့်အရေးပေးရန်သာမက မြေယာနှင့်အခြားပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ဘဏ္ဏာရေး ဝန်ဆောင်မှု၊ အမွေနှင့်သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်နှင့်ထိန်းချုပ်ခွင့် ရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်စေရန်၊

  • အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရာတွင် အကျိုးရှိစေမည့် နည်းပညာများ၊ အထူးသဖြင့် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာများအား ပိုမိုထိရောက်စွာအသုံးချစေရန်

  • ကျား၊မ တန်းတူညီမျှမှုမြှင့်တင်ရေးနှင့် အဆင့်အားလုံးရှိ အမျိုးသမီးများနှင့် မိန်းကလေးများအား စွမ်းရည်မြှင့်တင်ရေးအတွက် ခိုင်မာသောမူဝါဒများနှင့် ပြဌာန်းနိုင်သော ဥပဒေများအား ချမှတ်ခြင်းအားဖြင့် ပိုမိုခိုင်မာသောမူဝါဒများအား ချမှတ်ကာ လိုက်နာကျင့်သုံးစေရန်။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး