ပန်းတိုင် (၆) - သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး


ရေရှားပါးမှုသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာနှုန်းကျော်အား ထိခိုက်စေပြီး စိုးရိမ်ဖွယ်ရာအချက်မှာ အပူချိန်များမြင့်တက်လာသည်နှင့်အမျှ ရေရှားပါးမှုနှုန်းမြင့်တက်မည်ဟု ခန့်မှန်းရခြင်းဖြစ်ပါသည်။  လူဦးရေ ၂.၁ ဘီလီယံသည် ၁၉၉၀ ခုနှစ်မှစ၍ ရေသန့်ရရှိမှု တိုးတက်လာသော်လည်း သောက်သုံးရေရရှိမှု လျော့ကျလာခြင်း ပြဿနာသည် တိုက်ကြီးများအား ထိခိုက်နေပါသည်။

နိုင်ငံအများစုသည် ရေရှားပါးမှုဒဏ်ကို ကြုံတွေ့ခံစားနေရပါသည်။ မိုးခေါင်ခြင်းနှင့် သဲကန္တာရများ တိုးများလာခြင်းသည် ဤအချက်ကိုပိုမိုဆိုးရွားစေပါသည်။ ၂၀၅၀ ကျလျှင် လူလေးဦးတွင် တစ်ဦးသည် ရေပြတ်လပ်မှုကို ကြုံတွေ့ရမည်ဟု ခန့်မှန်းရပါသည်။

၂၀၃၀တွင် လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး ဈေးအားဖြင့်လည်းသက်သာသော သောက်သုံးရေ ရရှိဖို့ဆိုလျှင် လုံလောက်သည့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ မိလ္လာစနစ်များ ထောက်ပံပေးခြင်း နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကိုအားပေးရန်လိုအပ်ပါသည်။ ရေနှင့်ဆိုင်သော ဂေဟစနစ်များကို ကာကွယ်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းသည် အလွန်အရေးကြီးပါသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုံခြုံပြီးစျေးနှုန်းချိုသာသော သောက်ရေကိုရရှိရန်ပြုလုပ်ရာတွင် အခြေခံဝန်ဆောင်မှုများ မရရှိသောလူပေါင်းသန်း ၈၀၀ ကျော်ထံ ရောက်ရှိစေခြင်းနှင့် လူပေါင်း ဘီလီယံနှစ်ထောင်ကျော်အတွက် ဝန်ဆောင်မှုများအား လက်လှမ်းမီရေးနှင့်ဘေးကင်းလုံခြုံရေးကို တိုးမြှင့်ခြင်းတို့ပါဝင်သည်။

၂၀၁၅ ခုနှစ်တွင် လူဦးရေ ၄.၅ ဘီလီယံသည် ဘေးအန္တရာယ်ကင်းရှင်းစွာ စီမံခန့်ခွဲနိုင်သည့် သန့်ရှင်းရေး ဝန်ဆောင်မှုများ (အညစ်အကြေးများ လုံလောက်စွာ စွန့်ပစ်ခြင်း)မရှိခဲ့သည့်အပြင် အခြား ၂.၃ ဘီလီယံသည် အခြေခံသန့်ရှင်းရေးစနစ်များပင် မရှိခဲ့ပါ။

 

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၅.၂ ဘီလီယံ

ကမ္ဘာ့လူဦးရေ၏ ၇၁ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၅.၂ ဘီလီယံသည် ၂၀၁၅ ခုနှစ်တွင် သောက်သုံးရေကို လုံခြုံစွာစီမံနိုင်ခဲ့သော်လည်း လူဦးရေ ၈၄၄ သန်းသည် အခြေခံသောက်သုံးရေပင်မရှိသေးပါ။

၂.၉ ဘီလီယံ

ကမ္ဘာ့လူဦးရေ၏ ၃၉ ရာခိုင်နှုန်း၊ လူဦးရေ ၂.၉ ဘီလီယံသည် ၂၀၁၅ ခုနှစ်တွင် သန့်ရှင်းသော သောက်သုံးရေစနစ်ကိုအသုံးပြုခဲ့ကြသော်လည်း လူဦးရေ၏ ၂.၃ ဘီလီယံသည် အခြေခံသန့်ရှင်းရေးစနစ်မရှိသေးပေ။ လူပေါင်း ၈၉၂ သန်းဟာ အညစ်အကြေးများအား အကာအကွယ်မဲ့သည့် ပတ်ဝန်းကျင်များတွင် စွန့်ပြစ်ခြင်းစနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။

၈၀ %

စွန့်ပစ်ရေ၏ ၈၀ ရာခိုင်နှုန်းသည် ရေလမ်းကြောင်းများသို့ လုံလောက်စွာ သန့်စင်ခြင်းများ မပြုလိုက်ရပဲ ရောက်ရှိသွားပါသည်။

၂ ဘီလီယံ

ရေကြောင့်ဖစ်သည့် စိတ်ဖိစီးမှုသည် လူပေါင်း ၂ ဘီလီယံအား ထိခိုက်နေကာ နောက်လာမည့်နှစ်များတွင် ဤလူဦးရေပမာဏသည် တိုးလာမည် ဟုခန့်မှန်းရပါသည်။

၈၀ %

နိုင်ငံပေါင်း ၈၀ ရာခိုင်နှုန်းသည် ရေအရင်းအမြစ်များကို စုပေါင်းစီမံခန့်ခွဲနိုင်ရန် စနစ်အတွက် အုတ်မြစ်ချခဲ့ကြပါသည်။

၇၀ %

တစ်ကမ္ဘာလုံး၏ သဘာဝစိမ့်မြေများ၏ ၇၀ ရာခိုင်နှုန်းအား လွန်ခဲ့သောရာစုနှစ်အတွင်း ဆုံးရှုံးခဲ့ရပါသည်။

  • ၂၀၃၀တွင် လူတိုင်းအတွက် လုံခြုံစိတ်ချပြီး စျေးနှုန်းချိုသာသော သောက်ရေကို တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ညီမျှစွာ ရယူသုံးစွဲနိုင်ရန်၊

  • ၂၀၃၀တွင် လူတိုင်းအတွက်လုံလောက်သော၊ သာတူညီမျှသောသန့်ရှင်းရေးကိုရရှိရန်နှင့် အကာအကွယ်မဲ့သည့် ပတ်ဝန်းကျင်များတွင် အညစ်အကြေးများ စွန့်ပြစ်ခြင်းစနစ်အား အဆုံးသတ်ရန်နှင့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် ခက်ခဲသောအခြေအနေများ ကြုံတွေ့နေရသူများအား အထူးဂရုပြုရန်၊

  • ၂၀၃၀တွင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ စွန့်ပစ်ပစ္စည်းများကိုဖယ်ရှားခြင်းနှင့် အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့်ပစ္စည်းများ ထုတ်လွှတ်ခြင်းကိုလျှော့ချခြင်း၊ ရေဆိုးရေညစ်အချိုးအစား ကို ထက်ဝက်လျှော့ချခြင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြန်လည်အသုံးပြုခြင်းနှင့် ဘေးကင်းလုံခြုံစွာပြန်လည်အသုံးပြုခြင်းအားဖြင့်ရေအရည်အသွေးကိုတိုးတက်စေရန်၊

  • ၂၀၃၀တွင် ရေအရင်းအမြစ်များ စုပေါင်းစီမံခန့်ခွဲနိုင်ရန် စနစ်အား အဆင့်အားလုံး၌ အကောင်ထည်ဖော်ရန်၊ လိုအပ်လျှင်ပင် နယ်စပ်ကျော်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊

  • ၂၀၂၀တွင် တောင်များ၊ သစ်တောများ၊ စိမ့်မြေများ၊ မြစ်များ၊ အောင်းလွှာများနှင့် ရေကန်များ အပါအဝင် ရေနှင့်သက်ဆိုင်သောဂေဟစနစ်များကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန်၊

  • ၂၀၃၀တွင် ရေရိတ်သိမ်းခြင်း၊ ဆားဖယ်ရှားခြင်း၊ ရေထိရောက်မှုနည်းပညာ၊ ရေဆိုးကုသမှု နည်းပညာနှင့် ပြန်လည်အသုံးပြုခြင်း အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ရေ၊အညစ်အကြေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့် အစီအစဉ်များတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် စွမ်းရည်မြှင့်တင်ရေး အထောက်အပံ့များတိုးချဲ့ရန်၊

  • ရေနှင့်သန့်ရှင်းရေးစီမံခန့်ခွဲမှု တိုးတက်အောင် ဒေသခံလူမှုအသိုင်းအဝိုင်း၏ ပါဝင်မှုအား ထောက်ပံ့ရန်နှင့် အားဖြည့်ရန်။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး