ပန်းတိုင် (၇) - လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသောစွမ်းအင် ရရှိရေး


၂၀၀၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူဦးရေသည် ၇၈ မှ ၈၇ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီး လျှပ်စစ်မီးမရှိသူအရေအတွက်သည်လည်း တစ်ဘီလီယံအောက်သို့ကျဆင်းခဲ့ပါသည်။

လူဦးရေတိုးပွားလာသည်နှင့်အမျှ စျေးပေါသော စွမ်းအင်လိုအပ်ချက်သည်လည်း တိုးမြင့်လာပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအပေါ်  မှီခိုသောစီးပွားရေးသည် ကျွန်ုပ်တို့၏ ရာသီဥတုအား အကြီးအကျယ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေပါသည်။

၂၀၃၀ တွင် ရည်မှန်းချက် (၇) အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် နေရောင်ခြည်စွမ်းအင်၊ လေနှင့် ဘူမိစွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံကာ စွမ်းအင်ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်းဖြင့် လူအားလုံးအတွက် စွမ်းအင်ကိုရရှိနိုင်ရန် လိုအပ်ပါသည် ။

နိုင်ငံအားလုံးတွင် သန့်ရှင်းပြီး ပိုမိုထိရောက်သောစွမ်းအင်အား ပေးနိုင်ရန် အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် နည်းပညာအဆင့်မြှင့်ခြင်းတို့ ပြုလုပ်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရုံသာမက ပတ်ဝန်းကျင် ကိုလည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၇ယောက်တွင် ၁ယောက်

ကမ္ဘာပေါ်ရှိလူ ၇ယောက်တွင် ၁ယောက်သည် လျှပ်စစ်မီးမရရှိပဲနေနေရပြီး ထိုလူအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။

၆၀ %

စွမ်းအင်ထုတ်လုပ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုများအား အဓိကဖြစ်စေပြီး၊ ဖန်လုံအိမ်ဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းခန့်ကိုထုတ်လုပ်ပါသည်။

၁၄ %

ပိုမိုထိရောက်သောစွမ်းအင်စံနှုန်းများသည် အဆောက်အဦးများနှင့်စက်မှုလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၁၄ ရာခိုင်နှုန်းအထိလျှော့ချနိုင်ပါသည်။

၃ ဘီလီယံ

ကမ္ဘာ့လူ ဦး ရေ၏ ၄၀ ရာခိုင်နှုန်းကျော် - ၃၀ ဘီလီယံ - သည် ချက်ပြုတ်ရန်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းစေပြီး ကျန်းမာရေးနှင့်မညီညွတ်သောလောင်စာများကိုမှီခိုကြပါသည်။

၂၀ %

၂၀၁၅ တွင် စွမ်းအင်၏ ၂၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှတစ်ဆင့် ထုတ်လုပ်ပါသည်။

၁၀.၃ သန်း

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဏသည် ၂၀၁၇ ခုနှစ်တွင် စံချိန်တင်လူဦးရေ ၁၀.၃ သန်း အလုပ်ခန့်ခဲ့ပါသည်။

  • ၂၀၃၀ တွင် ဈေးချိုသာ ပြီးယုံကြည်စိတ်ချရလောက်သော ခေတ်သစ် စွမ်းအင် ဝန်ဆောင်မှုများအား တစ်ကမ္ဘာလုံးအနေဖြင့် ရရှိစေရန်၊

  • ၂၀၃၀ တွင် သိသိသာသာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အရောအနှောအတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဝေစုအားတိုးမြှင့်နိုင်ရန်၊

  • ၂၀၃၀ တွင် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထိရောက်မှု တိုးတက်မှုနှုန်းကို နှစ်ဆတိုးမြှင့်နိုင်ရန်၊

  • ၂၀၃၀ တွင် သန့်ရှင်းသောစွမ်းအင်သုတေသနနှင့်နည်းပညာကို ပိုမိုလွယ်ကူချောမွေ့စေရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်ထိရောက်မှုနှင့် အဆင့်မြင့်ပြီးသန့်စင်သော ကျောက်ဖြစ်ရုပ်ကြွင်း

    လောင်စာ နည်းပညာများ အပါအဝင် စွမ်းအင်အခြေခံ အဆောက်အအုံများနှင့် သန့်ရှင်းသောစွမ်းအင်နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်၊

  • ၂၀၃၀ တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ ကျွန်းငယ် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးအတွက် ခေတ်မီပြီး ရေရှည်တည်တံ့သော စွမ်းအင်ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သည့် အခြေခံ အဆောက်အဦးများချဲ့ထွင်ခြင်းနှင့် နည်းပညာအဆင့်မြှင့်ခြင်း များအား ၎င်းတို့၏ သက်ဆိုင်ရာ အထောက်အပံ အစီအစဉ်များနှင့် အညီ ပြုလုပ်နိုင်ရန်။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး