ပန်းတိုင် (၉)- စက်မှုလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံအဆောက်အအုံ


အခြေခံအဆောက်အအုံနှင့် တီထွင်ဆန်းသစ်မှုတို့တွင် ရင်းနှီးမြုပ်နှံမှုသည် စီးပွားရေး ဖွံ့ဖြိုးမှု နှင့် နိုင်ငံတိုးတက်မှုတို့တွင် အရေးကြီးသော မောင်းနှင်အားများ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏တစ်ဝက်ကျော်သည် မြို့ကြီးများတွင်နေထိုင်ကြပြီး စက်မှုလုပ်ငန်းသစ်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ တို့၏ ဖွံ့ဖြိုးမှုကြောင့် ပို့ဆောင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ အစဉ်အရေးကြီးလျက်ရှိသည်။

နည်းပညာ တိုးတက်မှုသည် အလုပ်အကိုင်သစ်များ ထောက်ပံ့ခြင်းနှင့် စွမ်းအင် ခြွေတာရေးကဲ့သို့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကျန်ရှိနေသော ဖြေရှင်းနည်းများကို ရှာဖွေရာတွင် သော့ချက်အနေနှင့် ပါဝင်နေသည်။ စက်မှုလုပ်ငန်းများအား စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်းနှင့် သိပ္ပံနည်းကျ သုတေသနများနှင့် တီထွင်ဆန်းသစ်မှုတို့တွင် ရင်းနှီးမြုပ်နှံခြင်း တို့သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင် အရေးပါသည့် နည်းလမ်းအားလုံးပင် ဖြစ်သည်။

လူပေါင်း ၄သန်းကျော်သည် အင်တာနက် မရရှိသေးဘဲ ထိုသို့မရရှိသူ ရာခိုင်နှုန်း ၉၀ ခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။ ဤ ဒစ်ဂျစ်တယ်နည်းပညာ ကွာခြားချက်ကို ကူးပေါင်းခြင်းသည် အချက်အလက်နှင့် ဗဟုသုတ သာတူညီမျှသော လက်လှမ်းမှီမှု ဆောင်ရွက်ရန် သာမက တီထွင်ဆန်းစစ်မှု နှင့် စီးပွားရေးစွန့်ဦးဆောင်ရွက်မှုများ အားကောင်းစေရန်အတွက်လည်း အရေးကြီးသည်။   

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၂.၃ ဘီလျံ

ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၂.၃ ဘီလျံ သည် အခြေခံ မိလ္လာစနစ် လက်လှမ်းမှီနိုင်ခြင်း မရှိသေးပါ။

၄၀%

ဝင်ငွေနည်းပါးသော အာဖရိကနိုင်ငံများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ဖိအားများသည် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းအားကို ၄၀ ရာခိုင်နှုန်းဝန်းကျင် ဖြတ်တောက်လေ့ရှိသည်။

၂.၆ ဘီလျံ

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူပေါင်း ၂.၆ ဘီလျံ သည် လျှပ်စစ် ပုံမှန်ရရှိခြင်း မရှိပါ။

၉၀%

လူပေါင်း ၄သန်းကျော်သည် အင်တာနက် မရရှိသေးပါ။ ထို့ပြင် ရာခိုင်နှုန်း ၉၀ ခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။

၂.၃ သန်း

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍများတွင် လူပေါင်း ၂.၃သန်းကျော်ကို လက်ရှိတွင် အလုပ်အကိုင်ချထားပေးလျက်ရှိပြီး ထိုအရေအတွက်သည် ၂၀၃၀ တွင် သန်း၂၀သို့ ရောက်ရှိလိမ့်မည်။

၃၀%

ဝင်ငွေမြင့်မားသောနိုင်ငံများတွင် စိုက်ပျိုးရေးထွက်ကုန်များ၏ ၉၈ ရာခိုင်နှုန်းသည် စက်ရုံများဖြင့် စနစ်တကျထုတ်လုပ်ခြင်းဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၃၀ ရာခိုင်နှုန်းမျှသာ ထိုသို့ထုတ်လုပ်နိုင်သည်။

  • အားလုံးတတ်နိုင်ပြီး သာတူညီမျှရှိသော လက်လှမ်းမှီမှုရှိစေခြင်း ရည်မှန်းချက်နှင့်အတူ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူသားတို့ သာယာချမ်းမြေ့မှုကို ထောက်ပံ့ရန် ဒေသတွင်းနှင့် နယ်စပ်ဒေသ အခြေခံအဆောက်အအုံများ အပါအဝင် အရည်အသွေးပြည့်ဝသော၊ မှီတည်နိုင်သော၊ ရေရှည်တည်တံ့နိုင်သော၊ ဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာစေရန်၊

  • အားလုံးအကျုံးဝင်၍ ရေရှည်တည်တံနိုင်စေသော စက်မှုလုပ်ငန်းတည်ထောင်ခြင်းကို မြှင့်တင်ရန်၊ ၂၀၃၀ အရောက်တွင် နိုင်ငံ၏ အခြေအနေများနှင့်အညီ စက်မှုလုပ်ငန်း၏ အလုပ်အကိုင်ခွဲဝေမှု နှင့် ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး သိသိသာသာ မြင့်တက်လာစေရန် ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလုပ်အကိုင်ခွဲဝေမှု အနည်းဆုံး နှစ်ဆမျှ မြှင့်တင်ရန်၊

  • အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား စက်မှုလုပ်ငန်း နှင့် အခြား စီးပွားရေးလုပ်ငန်းများသည် တတ်နိုင်သော ချေးငွေစနစ်၊ တန်ဖိုးမြှင့်ကွင်းဆက်များနှင့် တန်ဖိုးမြှင့်ဈေးကွက်များတွင် ပါဝင်မှုတို့ အပါအဝင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများဆီသို့ လက်လှမ်းမှီမှု တိုးတက်လာစေရန်၊

  • အဆင့်မြင့်လာသည့် ထိရောက်သောအရင်းအမြစ်အသုံးချမှုနှင့် သန့်ရှင်း၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများနှင့် စက်မှုလုပ်ငန်းများကို ပိုမိုအသုံးပြုခြင်း၊ နိုင်ငံအားလုံးက ၎င်းတို့၏ သက်ဆိုင်ရာတတ်နိုင်စွမ်းများအရ လုပ်ဆောင်ခြင်းတို့နှင့်အတူ ၂၀၃၀ခုနှစ်တွင်  အခြေခံ အဆောက်အအုံ များကို အဆင့်မြှင့်ပြီး စက်မှုလုပ်ငန်းများကို ရေရှည်တည်တံမှုရှိစေရန် ပြန်လည်ပြုပြင်မည်၊

  • နိုင်ငံများအားလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများ မြှင့်တင်ရေး၊ စက်မှုကဏ္ဍများ၏ နည်းပညာဆိုင်ရာ စွမ်းရည်များ အဆင့်မြှင့်တင်ပေးရေး၊ ၂၀၃၀ အရောက်တွင် လူဦးရေ ၁ သန်းတိုင်းတွင် သုတေသနလုပ်ငန်း နှင့် ဖွံ့ဖြိုးရေးလုပ်သား အရေအတွက် အစဉ်မပြတ် တိုးတက်မှုရှိစေရန်၊ အစိုးရနှင့် ပုဂ္ဂလိက သုတေသနနှင့် ဖွံ့ဖြိုးရေးအသုံးစရိတ်များ တိုးမြှင့်စေရန် နှင့် တီထွင်ဖန်တီးခြင်းကို အားပေးရန်တို့ ပါဝင်သည်၊

  • အာဖရိကနိုင်ငံများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ ကုန်းပိတ်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ ကျွန်းငယ် နိုင်ငံများသို့ ငွေကြေး၊ နည်းပညာအကူအညီနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်တည်တံ့ပြီး ခုခံနိုင်စွမ်းရှိသော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး

  • စက်မှုလုပ်ငန်းမျိုးစုံ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထပ်ဆင့် တန်ဖိုးမြှင့်တင် ထုတ်လုပ်နိုင်ရေး စသည်တို့အတွက် အထောက်အကူ ဖြစ်စေနိုင်သည့် မူဝါဒရေးရာ ဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်တွင်းနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို ပံ့ပိုးကူညီမှုပေးရေး၊

  • ၂၀၂၀ အရောက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ လက်လှမ်းမီမှု သိသိသာသာ မြှင့်တင်ရေးနှင့် အင်တာနက် အသုံးပြုရာတွင် အားလုံး လက်လှမ်းမီ တတ်နိုင်သော အသုံးပြုမှုရရှိရေးကို အထောက်အကူဖြစ်စေရန် ကြိုးပမ်းအားထုတ်ရေး။
SDG 1SDG 2SDG 3SDG 4SDG 5SDG 6SDG 7SDG 8SDG 9SDG 10SDG 11SDG 12SDG 13SDG 14SDG 15SDG 16SDG 17

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး