ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး ပူးပေါင်းဆောင်ရွက်မှုများ ၂၀၁၉ နှစ်ပတ်လည်အစီရင်ခံစာ - UNDP မြန်မာ
မည်သူတစ်ဉီးတစ်ယောက်ကိုမျှချန်မထားခဲ့ရေးဟူသည့်မူဝါဒနှင့်အညီ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် သည် လူသားချင်းစာနာသောအကူအညီပေးရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် ခြင်း၊ နိုင်ငံအစိုးရများနှင့်အတူလက်တွဲကာဖယ်ကျဉ်ခံထားရသူများ၊ လူမှုအသိုင်းအဝိုင်းများကို အကူ အညီပေးခြင်းသာမက ဒေသခံလူမှုအဖွဲ့အစည်းများ၏ဘေးအန္တရာယ်များကိုရေရှည်ကာလအတွက် ကြံ့ကြံ့ခံရင်ဆိုင်နိင်စွမ်းရည်များကိုမြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ပေးနေပါသည်။
ကျွန်ုပ်တို့၏ ဆောင်ရွက်မှုများ
UNDP သည် နိုင်ငံနှင့်နယ်မြေဒေသပေါင်း ၁၇၀ တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဖြစ်မြောက် ရန် ၊ တန်းတူညီမျှမှုမရှိခြင်းနှင့် ဘေးဖယ်ခံရခြင်းများအား လျော့ချရန် ကူညီဆောင်ရွက်ပေး လျက် ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ တည်တံ့စေရေးအတွက် မူဝါဒများ ၊ ခေါင်းဆောင်မှု ပညာ ၊ မိတ်ဖက်ပြုနိုင်စွမ်း ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများကို လေ့ကျင့်ပေးရန်နှင့် ကြံ့ကြံ့ခံနိုင်စွမ်း ပျိုးထောင်ရန်အတွက် နိုင်ငံများအား အကူအညီပေးပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာလောကတခုလုံးအတွက်ပါ အရေးကြီးသော ကာလ ဖြစ်ပါ သည်။ ဤအချိန်ကာလကို နိုင်ငံ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအစီအစဉ် နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အား ရှေ့တဆင့်တက်လှမ်းနိုင်မည့် အခွင့်အလမ်းကြီးတရပ်အဖြစ် UNDP က ရှုမြင်ပါသည်။
မြန်မာနိုင်ငံ၌ UNDP က အဓိကလုပ်ငန်းနယ်ပယ် ၂ ရပ်တွင် လုပ်ဆောင်ပါသည် -
- ငြိမ်းချမ်းရေး နှင့် အုပ်ချုပ်ရေး အမျိုးသားရင်ကြားစေ့ရေး နှင့် ထိရောက်သော ဒီမိုကရေစီနည်းလမ်းကျသည့် နိုင်ငံတရပ်ထူထောင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့စေခြင်း
- ကမ္ဘာမြေ နှင့် သာယာဝပြောခြင်း အားလုံးတန်းတူအကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင်စွမ်း ရှိ၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း အား မြင့်တင်ခြင်း
ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်မှုတိုင်းတွင် လူ့အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ခြင်း ၊ အမျိုးသမီးများ ၊ လူနည်းစုများ ၊ နွမ်းပါးချို့တဲ့၍ ထိခိုက်နစ်နာ အလွယ်ဆုံးသူများထံ လုပ်ပိုင်ခွင့် အပ်နှံခြင်းများကို တိုက်တွန်းအားပေးပါသည်။
ဆောင်ရွက်နိုင်သည်များ
ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ
ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ
မြန်မာနိုင်ငံရှိ UNDP အတွက် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားပါသလား? ကျွန်ုပ်တို့ထံရှိ အလုပ်အကိုင် အခွင့်အလမ်းများအား ဖတ်ရှုစုံစမ်းပါ။
ကျွန်ုပ်တို့ထံ ပြောပြပါ
ကျွန်ုပ်တို့ထံ ပြောပြပါ
မြန်မာနိုင်ငံတွင်းရှိ ဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်းသည့် ကာလပေါ် ဆွေးနွေး ပြောဆိုချက်များ နှင့် သုတေသနအားလုံးကို သိရှိနိုင်ရန် Facebook နှင့် Twitter မှ တဆင့် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
မြန်မာနိုင်ငံအကြောင်း
၅၁.၄ သန်း
လူဦးရေ
၇၀ ရာခိုင်နှုန်း
ကျေးလက်ဒေသနေ လူဦးရေ
၉၂.၃ ရာခိုင်နှုန်း
အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်း
၄.၆ ရာခိုင်နှုန်း
လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ်